Friday, October 14, 2016

တပြည်လုံးပူဆွေးဝမ်းနည်းနေချိန် နန်းတက်ရန်အဆင်မသင့်သေးဟု ထိုင်းအိမ်ရှေ့မင်းသားပြော - DVB

တပြည်လုံး ပူဆွေးဝမ်းနည်းနေချိန် နန်းတက်ရန် အဆင်မသင့်သေးဟု ထိုင်းအိမ်ရှေ့မင်းသားပြော နန်းတွင်းအစဉ်အလာအရ ဘုရင်ကြီး နတ်ရွာစံသွားရင် သားတော်အိမ်ရှေ့မင်းက ထီးနန်း အရိုက်အရာ ဆက်ခံရမှာဖြစ်ပေမယ့် တတိုင်းပြည်လုံး ဝမ်းနည်းပူဆွေးနေချိန်ဖြစ်လို့ အိမ်ရှေ့ မင်းသားက အဆင်မသင့်ကြောင်း မှာထားတယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။ သားတော် မဟာဝချီရာလောင်ကွန်း ဆယမ်မကိုဋ်ကုမာရ်ကို အိမ်ရှေ့မင်းအရာခန့်ကြောင်း ဘုရင်ကြီးက လွန်ခဲ့တဲ့ ၁၉၇၂ ဒီဇင်ဘာလ ၂၈ ရက်ကတည်းက အမိန့်တော် ရှိပြီးတဲ့ အတိုင်း ဒဿ မမြောက် ချက်ကရီမင်းဆက်အဖြစ် အရိုက်အရာ ဆက်ခံရေးအတွက် ထိုင်းဝန်ကြီးချုပ်က အိမ်ရှေ့မင်းသားထံ မနေ့ ညက အခစားဝင် မေးမြန်းခဲ့တာပါ။ အိမ်ရှေ့မင်းသားက လောလောဆယ် ခမည်းတော် ကံကုန်ပြီး မိသားစုရော တတိုင်းပြည်လုံး ပူဆွေး ဝမ်းနည်းချိန်မှာ ပြည်သူတွေနဲ့ ထပ်တူ ပူဆွေးနေတဲ့အတွက် သူ့အနေနဲ့ ထီးနန်းတက်ရန် အဆင်မသင့်သေးကြောင်း၊ စိတ်ဖြည်ဆည်နိုင်သည်ထိ ဆိုင်းငံ့ထားမယ့် အကြောင်း ဖြေကြားခဲ့ တယ်လို့ ထိုင်းဝန်ချုပ်က သတင်းထောက်တွေကို ပြောပါတယ်။ အိမ်ရှေ့မင်းသားဟာ လက်ရှိ သက်တော် ၆၄ နှစ်ရှိပြီဖြစ်ပြီး ထိုင်းဘုရင့်ကိုယ်ရံတော်တပ်မှာ တပ်မှူးကြီးအဖြစ်တာဝန်ထမ်းဆောင်လျှက်ရှိပါတယ်။ တရားဝင် စုလျားရစ်ပတ်ခဲ့သော ကြင်ယာတော် ၃ ပါးရှိပြီး တရားဝင် သားတော်သမီးတော် ၇ ဦး ရှိပါတယ်။
Source : http://ift.tt/2doHxei
via IFTTT

No comments:

Post a Comment