Sunday, October 9, 2016

ယူကေနိုင်ငံ၏ အကြီးဆုံး ဖရုံသီးမှတ်တမ်းစံချိန်ကို ချိုးခဲ့တဲ့လယ်သမား - DVB

ဖရုံသီးအစေ့တစေ့ကို ၁၂၅၀ ပေါင် နဲ့ဝယ်ပြီး စိုက်ပျိုးခဲ့တဲ့ ဖယုံသီးဟာ ယူကေနိုင်ငံရဲ့ အကြီးဆုံး အလေးဆုံးဖယုံသီးအဖြစ် မှတ်တမ်းအသစ်အနေနဲ့ စံချိန်ချိုးခဲ့တယ်လို့ သိရပါတယ်။ ဒီဖရုံသီးကို စိုက်ပျိုးခဲ့တဲ့ မက်သရူးအိုလစ်ဗာက ဆောက်သ်ဟမ်ပ်တန်မှာ ကျင်းပတဲ့ နိုင်ငံလုံးဆိုင်ရာအကြီးမားဆုံး ဖရုံသီးပွဲတော်မှာ သူ့ရဲ့ ဖရုံသီးဟာ အလေးချိန် ၉၅ စတုံး (၆၀၅ ကီလိုဂရမ်) အလေးချိန်ရှိတဲ့အတွက် သူအရမ်းကိုပျော်တယ်လို့ ပြောပါတယ်။ ခုတော့သူဟာ ယူကေနိုင်ငံရဲ့ အကြီးဆုံးဖယုံသီး စိုက်ပျိုးနိုင်သူအဖြစ် စံချိန်အသစ်ချိုး ထားတာပါ။ Essex လို့ခေါ်တဲ့ ကျေးလက်ကလာတဲ့ ဒီဥယျာဉ်စိုက်ပျိုးသူဟာ လက်ရှိကမ္ဘာ့အကြီးဆုံး ဖရုံသီး စိုက်ပျိုးသူအဖြစ် စံချိန်ချိုးထားသူရဲ့ ဖရုံသီးအစေ့ကို ဝယ်ပြီး ဒီ ဖရုံသီးဖြစ်အောင် စိုက်ပျိုးခဲ့တာပါ။ မစ်စတာအိုလစ်ဗာက “ကျနော်အရမ်းပျော်တယ် ဒါပေမယ့်လည်း ဒီစံချိန်မျိုးရအောင် ကျနော် နောက်ထပ်စိုက်ပျိုးနိုင်မယ်ဆိုတာတော့ မသေချာဘူးပေါ့နော်” ပြောပါတယ်။ ဒီ ဖရုံစေ့ရဲ့မူရင်းကတော့ ၂၀၁၄ ခုနှစ်တုန်းက ဆွိဇ်ဇာလန်နိုင်ငံမှာ ဘန်နီမီရာဆိုသူက စိုက်ပျိုးခဲ့တာဖြစ်ပြီး ဒီလူဟာခုချိန်ထိလည်း ကမ္ဘာ့အကြီးဆုံး ဖရုံသီး အလေးချိန် ၁၆၆ စတုံး (၁၀၅၄ ကီလိုဂရမ်)ကို စိုက်ပျိုးသူအဖြစ် စံချိန်ချိုးထားသူဖြစ်ပါတယ်။ မစ်စတာအိုလစ်ဗာက သူဝယ်ခဲ့တဲ့ ဖရုံသီးအစေ့ကို ဧပြီလလယ်ကစိုက်ခဲ့ပြီး အသီးကြီးမဖြစ်လာခင် အညှောင့်ထွက်လာဖို့ ၆ ရက်ကြာခဲ့တယ်လို့ ဆိုပါတယ်။ ရွိုင်ရယ်ဗစ်ထရီပန်းခြံမှာ နှစ်စဉ်ကျင်းပတဲ့ပွဲတော်မှာ ဖရုံသီးကို အလေးချိန်ဖို့ ပစ္စည်းတင်တဲ့စက်ကြီးနဲ့ မလာရတယ်လို့လည်း သိရပါတယ်။
Source : http://ift.tt/2dWdnww
via IFTTT

No comments:

Post a Comment