Sunday, October 9, 2016

ယခု အောက်တိုဘာလ အတွင်းဝယ် ထူးခြားသော လုပ်ရပ်အချို့ကို မြောက်ကိုရီးယား ပြုလုပ်ဖွယ်ရှိ | Popular

ယခု အောက်တိုဘာလ အတွင်းဝယ် ထူးခြားသော လုပ်ရပ်အချို့ကို မြောက်ကိုရီးယား ပြုလုပ်ဖွယ်ရှိ (နယူးယောက်၊ အောက်တိုဘာ ၄) ယခု အောက်တိုဘာ လ အတွင်းဝယ် ထူးခြား သော လုပ်ရပ်အချို့ကို မြောက်ကိုရီးယား ပြုလုပ် လိမ့်မည်ဖြစ်ကြောင်း နိုင်ငံတကာ လေ့လာ သူတို့ က ဆိုကြသည်။ လွန်ခဲ့သော နှစ်ပေါင်းခြောက်ဆယ် အတွင်းဝယ် အမေရိကန် တို့၏ ရွေးကောက်ပွဲ ကာလဝန်းကျင် အချိန်များတွင် မြောက်ကိုရီးယားတို့က ခြိမ်း ခြောက်မှု ဆန်သော လုပ်ရပ် တို့ကို ပြုလုပ်ခဲ့သည် ချည်းဖြစ်ပြီး၊ ယခု လတ်တ လောနှစ်ပိုင်း များတွင် ပိုမို သိသာလာကြောင်း နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး ဌာနကဆိုသည်။ ဥပမာအားဖြင့် ဘားရက် အိုဘားမား သမ္မတ အဖြစ် ရွေးကောက်ခံရပြီး မကြာမီတွင်ပင် မြောက်ကိုရီးယား တို့သည် နျူကလီးယား စမ်းသပ်ဖောက် ခွဲမှု များနှင့် ဒုံးပျံစမ်းသပ် ပစ်လွှတ်မှု များကို ပြုလုပ်ခဲ့ကြသည်။ ”အဲသလို ပြုလုပ်တာတွေဟာ တက်လာမယ့် သမ္မတ အသစ်ကို ခြိမ်း ခြောက်ဖို့ ကြိုးစားတာပါပဲ”ဟု နိုင်ငံတကာ အရေး လေ့လာသူနှင့် ဆောင်း ပါးရှင် တစ်ဦးဖြစ်သူ ဗစ်တာချာ ကဆိုသည်။ ”ဖြစ်နိုင်တာ ကတော့ (၆)ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုပြုလုပ် မှာဖြစ်ပြီး၊ သူတို့ရဲ့ နျူဒုံးပျံကို ကမ္ဘာပတ် လမ်းကြောင်းထဲကို ပစ်လွှတ်လိမ့် မှာဖြစ်တယ်” ဟုလည်း သူက ဆက်ပြောပါသေးသည်။ သို့ရာတွင် သူ့ဖခင် ကွယ်လွန်သဖြင့် ကင်ဂျုံအန်က ၂ဝ၁၁ခုနှစ် ဝယ် အာဏာ လွှဲပြောင်းယူလိုက်ပြီး နောက်ပိုင်းတွင် မူ မြောက်ကိုရီးယား ၏ ရန်စမှုများသည် စစ်ရေးလေ့ကျင့်မှု များအဖြစ် ပြောင်းလဲ လာသည်ဟု အချို့သော သုတေသီများက ဆိုကြသည်။
Source : http://ift.tt/2dCvT2t
via IFTTT

No comments:

Post a Comment