Saturday, October 8, 2016


တိုက်ပွဲများ ချက်ခြင်း ရပ်ဆိုင်းရန် EU တောင်းဆို ရန်ကုန်၊ အောက်တိုဘာ ၇ မြန်မာနိုင်ငံရှိ ပြည်နယ် အချို့တွင် ဖြစ်ပွားနေသော စစ်ရေး လှုပ်ရှားမှုနှင့် လက်နက်ကိုင် တိုက်ပွဲများ ချက်ခြင်း ရပ်ဆိုင်းရန်နှင့် အပြုသဘော ဆောင်သည့် ဆွေးနွေးပွဲများ ပြန်စရန် ဥရောပသမဂ္ဂ (EU)က ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်သည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် ထိုးရာတွင် အသိ သက်သေအဖြစ် ပါဝင် လက်မှတ်ထိုးခဲ့သူ EU အနေနှင့် လက်နက်ကိုင် တိုက်ပွဲများ ပိုမို ပြင်းထန်လာသည့် သတင်းများအပေါ် အလွန် စိတ်ပူကြောင်း အောက်တိုဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ “NCA ၏ တရားဝင် သက်သေ တစ်ဦးဖြစ်သော ဥရောပ သမဂ္ဂမှ ပစ်ခတ် တိုက်ခိုက်မှုများကို ချက်ခြင်း ရပ်ဆိုင်းရန်နှင့် အပြုသဘော ဆောင်သော ဆွေးနွေးမှုသို့ ပြန်သွားရန် တောင်းဆိုလိုက်ပါသည်”ဟု ကြေညာချက်တွင် ရေးသားထားသည်။ စက်တင်ဘာ လလယ်ခန့်ကစ၍ ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကချင်လက်နက်ကိုင် အဖွဲ့ (KIA) တို့အကြား တိုက်ပွဲများ ပြန်လည် ပြင်းထန်နေပြီး ရှမ်းပြည်နယ်တွင်လည်း NCA လက်မှတ် ထိုးထားသည့် ရှမ်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (RCSS) နှင့် တပ်မတော်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။ တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် နှစ်ဘက် အရာရှိ စစ်သည်များ၏ အကျအဆုံး သတင်းအချို့ ဆက်တိုက် ထွက်ခဲ့သလို ရှမ်းပြည်နယ် မုန်းကိုးဒေသတွင် ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ကလေးငယ် တစ်ဦးလည်း လက်နက်ကြီး ကျည်ဆံ ထိမှန် သေဆုံးခဲ့သည်။ အောက်တိုဘာလ ၇ ရက်နေ့ နံနက်ပိုင်းကလည်း ဗိုလ်ကြီးအဆင့်ရှိ တပ်မတော်အရာရှိ တစ်ဦး ကချင်ရှေ့တန်းတွင် ကျဆုံးခဲ့ကြောင်း တပ်မတော် အသိုင်းအဝိုင်းက ပြောဆိုသည်။ အဆိုပါ အရာရှိသည် လက်ထပ်ထားသည်မှာပင် ငါးလခန့်သာ ရှိသေးကြောင်း တပ်မတော် အသိုင်းအဝိုင်းက ဆိုသည်။ ဥရောပသမဂ္ဂ (EU) သည် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အဓိက ရန်ပုံငွေ ထောက်ပံ့နေသော အဖွဲ့ ဖြစ်သည်။
Source : https://goo.gl/D8QS7D
via IFTTT

No comments:

Post a Comment