Friday, October 14, 2016


ခေါက်သိမ်းနိုင်သော Passport ဒရုန်းကို ၅၄၉ ဒေါ်လာဖြင့် ရောင်းချမည် ယခုအခါ Passport ဟုခေါ်သည့် ဒရုန်းတစ်မျိုးကို အားလပ်ရက် ရာသီမတိုင်မီ တင်ပို့ရောင်းချမည်ဟု ပြောကြားခဲ့သည်။ Passport ဒရုန်းသည် ခေါက်သိမ်းထားသည့် အခါတွင် ကတ်ထူဖုံးစာအုပ်တစ်အုပ် အရွယ်ခန့်သာ ရှိသည်။ အသုံးပြုလိုသည့်အခါတွင် ဒရုန်းကိုဖြန့်ပြီး 13-megapixel ဓာတ်ပုံများနှင့် 4K-resolution ဗီဒိယိုများ ရိုက်ကူးနိုင်သည်။ Passport သည် မျက်နှာနှင့် ခန္ဓာကိုယ်ကို ခြေရာခံကာ ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးပေးမည် ဖြစ်သည်။ ပန်ကာများနှင့် မော်တာများကို ပေါ့ပါးပြီး တောင့်တင်းခိုင်မာသော ကာဘွန်ဖိုက်ဘာဘောင်တွင် ထည့်သွင်းထားသောကြောင့် ဘေးကင်းစေမည် ဖြစ်သည်။ ထို့အပြင် ၎င်းကို လေတွင်မျောနေသော tripod တစ်ခုအနေဖြင့်လည်း အသုံးပြုနိုင်သည်။ တန်ဖိုးက ၅၄၉ ဒေါ်လာဖြစ်သည်။ Ref: CNET
Source : http://ift.tt/2ea5RUk
via IFTTT

No comments:

Post a Comment