TCC နှင့် ပူးပေါင်းသည့် ယာဉ်မောင်းများအား အိမ်ပိုင်ရရှိစေရန် ဆောင်ရွက်ပေးမည်ဟုဆို Taxi Call Center နှင့် လာရောက်ပူးပေါင်းသော အငှား ယာဉ်မောင်းများ အိမ်ပိုင်ဆိုင်မှုမ ရှိပါက လစာမှအရစ်ကျပြန်လည် ပေးဆောင်စေသည့် စနစ်ဖြင့် ကိုယ်ပိုင်တိုက်ခန်း ပိုင်ဆိုင်နိုင်ရန် ပံ့ပိုးကူညီမည် ဖြစ်ကြောင်း Taxi Call Center(TCC) အငှားယာဉ် ဝန်ဆောင်မှု ကုမ္ပဏီမှ သတင်းရရှိသည်။ TCC ကုမ္ပဏီနှင့် လာရောက် ပူးပေါင်းမည့် တက္ကစီယာဉ်မောင်းများကို အင်တာဗျူး၍ စာချုပ်တစ် ခုချုပ်ဆိုမည်ဖြစ်ပြီး ကုမ္ပဏီတွင် သုံးနှစ်မောင်းနှင်ပါက တစ်လလျှင် ယာဉ်မောင်းများ၏ လစာထဲမှ ကျပ် ငါးသောင်းမှ ခုနစ်သောင်း ကြားစုပေးမည်ဖြစ်ကြောင်း TCC ကုမ္ပဏီမှ တာဝန်ရှိသူဦးဝဿန်ထွန်းက ပြောသည်။ ‘‘ယာဉ်မောင်းအနေဖြင့် သုံးနှစ်ပြီးရင် သိန်းနှစ်ဆယ် ဝန်းကျင် လောက်ရမယ်။ သူတို့ဘက်က တိုက်ခန်းလိုချင်ရင် ကျွန်တော်တို့ ဘက်က အာမခံငွေစိုက်ပေးမယ်’’ ဟု ၎င်းကပြောသည်။ ယာဉ်မောင်းများကိုလက်ရှိ အချိန်တွင် ပုံမှန်အတိုင်းမောင်း နှင်ခွင့်ပြုထားပြီး အသင်းဝင်ဖြစ်လာပါက ကုမ္ပဏီ၏ လုပ်ဆောင်မည့် အချက်များကို ချပြမည်ဟုဆိုသည်။ အသင်းဝင်ရောက်ပြီး ရက် ၃၀မှ ၄၅ ရက်အတွင်း၌ ပြင်ပတွင် စိတ်ကြိုက်မောင်းနှင်နိုင်ပြီးနောက်ပိုင်းတွင် TCC ကုမ္ပဏီက စည်းကမ်းချက်များ ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ‘‘၄၅ရက် နောင်ပိုင်းမှာတော့ ကျွန်တော်တို့ အော်ဒါပေးမှကား ထွက်ရမယ်။ အော်ဒါမပေးရင် မ ထွက်ရဘူး။ ကျွန်တော်တို့ဘက်က တကယ်လို့ အော်ဒါမပေးနိုင်ရင် တစ်လမှာ ရှစ်သိန်းခြောက်သောင်းပတ်ဝန်းကျင်ရအောင် ရှာပေးမယ်။ မရရင် ကျွန်တော်တို့ဘက်က စိုက်ထည့်ပေးမယ်’’ဟု ဦးဝဿန်ထွန်းကဆိုသည်။ ကုမ္ပဏီက စိုက်ပေးမည့် ကျပ်ရှစ်သိန်းခြောက်သောင်းမှာ စက်သုံးဆီ၊ အုံနာကြေး၊ ယာဉ် မောင်းစရိတ်အားလုံးပါဝင်မည် ဖြစ်ပြီး ယာဉ်မောင်းရမည့်အချိန်နှင့် နားရက်များများကို TCC ကုမ္ပဏီက သတ်မှတ်ပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။ TCC ကုမ္ပဏီမှလုပ်ဆောင် မည့် အထက်ပါ အချက်များကို တိုင်းဒေသကြီး အစိုးရထံ တင် ပြထားပြီး ပြန်ကြားမှု တစ်စုံတစ် ရာမရရှိသေးကြောင်းသိရသည်။ TCC အငှားယာဉ်ဝန်ဆောင်မှုကို ၂၀၁၅ စက်တင်ဘာ ၁၉ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး တက္ကစီအစီးရေ ၄၀ကျော်ဖြင့် ဝန် ဆောင်မှုပေးလျက်ရှိကြောင်း သ တင်းရရှိသည်။
Source : http://ift.tt/2dqd2Cm
via IFTTT
No comments:
Post a Comment