တရုတ်စီးပွားရေး ကျဆင်းမှုက မြန်မာပို့ကုန်များ အပေါ် ရိုက်ခတ်မှုရှိလာမည်ဟု ကမ္ဘာ့ဘဏ်ပညာရှင် ခန့်မှန်း တရုတ်နိုင်ငံ၏ စီးပွား ရေးကျဆင်းမှုကြောင့် မြန်မာနိုင်ငံ ပို့ကုန်များအပေါ် စျေးနှုန်းလျှော့ ချ ဝယ်ယူမှုများကြုံတွေ့နိုင်ဖွယ်ရှိ ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ နိုင်ငံ အကြီးတန်းစီးပွားရေးပညာ ရှင် Mr.Habib Rab က ပြောကြား သည်။ တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုသည် ၂၀၁၆ တွင် ၆ ဒသမ ၇ ရာခိုင်နှုန်း၊ ၂၀၁၇ တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ အသီး သီးကျဆင်းမည်ဟု အရှေ့အာရှ နှင့် ပစိဖိတ်ဒေသ နောက်ဆုံးရ စီး ပွားရေးအခြေအနေများ အစီရင်ခံ စာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံ၏ စီးပွားရေး ကဏ္ဍတွင် လက်ရှိအချိန်ထိတရုတ်နိုင်ငံနှင့် အဓိကလုပ်ကိုင်နေရပြီး မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် တရုတ်နိုင်ငံသည် ပမာဏ အများဆုံးရှိနေပြီး ကုန်သွယ်ရေး၌လည်း တရုတ်နိုင်ငံကို အဓိကထား မှီခိုနေရသည်။ မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍ တွင် ၃၀ ရာခိုင်နှုန်းကျော် ပါဝင်သော သဘာဝဓာတ်ငွေ့အား တရုတ် တစ်နိုင်ငံတည်းသို့သာအဓိက ရောင်းချနေသည်။ မြန်မာနိုင်ငံတွင် တရုတ်စီး ပွားရေးလုပ်ငန်းရှင်များ၏ ရင်းနှီး မြှုပ်နှံမှုသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၂၈ ရာခိုင်နှုန်း ကျော်ရှိပြီး ပြည်ပ ရင်းနှီးမြှုပ်နှံမှု တွင် အများဆုံးဖြစ်သည်။ လုပ် ငန်းပေါင်း ၁၄၁ ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံကျော်ရှိနေသည်။ ‘‘တရုတ်စီးပွားရေး ကျပေ မယ့် ဒီမှာလုပ်ထားတဲ့ ရင်းနှီးမြှုပ် နှံမှုတွေကို ထုတ်သွားမယ့်အခြေ အနေမရှိပါဘူး။ ကုန်သွယ်ရေးမှာ ပဲ မြန်မာပို့ကုန်တွေကို စျေးတိုးမ ပေးမယ့် အခြေအနေမျိုးပဲရှိလိမ့် မယ်’’ ဟု Mr.Habib Rab က ယင်းအစီရင်ခံစာမိတ်ဆက်ပွဲတွင် ပြောသည်။ တရုတ်နိုင်ငံသည် လိုအပ် ချက်ရှိသည့် ကုန်ပစ္စည်းများကို စျေးတိုးပေး ဝယ်ယူလေ့ရှိသော် လည်း လိုအပ်ချက်နည်းသည့်ကုန်ပစ္စည်းများကို မူလစျေးနှုန်းထက် လျှော့ချဝယ်ယူလေ့ရှိကြောင်း မူဆယ်မြို့မှ ကုန်သည်အချို့ကပြောကြားသည်။ လက်ရှိတရုတ်နိုင်ငံတွင် လို အပ်ချက်မရှိသဖြင့် ဆန်၊ ပြောင်း ဖူးစေ့တို့ကို စျေးနှုန်းလျှော့ချပြီး ဝယ်ယူနေရာ မြန်မာနိုင်ငံမှ ကုန် သည်များက လက်ရှိတွင် ၎င်းတို့ ပေးသည့် စျေးနှုန်းဖြင့် ရောင်းချ နိုင်ခြင်းမရှိကြောင်း သိရသည်။ မြန်မာ − တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုသည် ၂၀၁၄−၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ် လာ ၁၀ ဘီလီယံခန့်ရှိသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ ဆန်၊ ပြောင်းဖူးစေ့၊သကြား၊ ပဲမျိုးစုံတို့ အပါအဝင် လယ်ယာ ထွက်ကုန်များ၊ ရေထွက်ကုန်မျိုး စုံ၊ သဘာဝဓာတ်ငွေ့၊ ကျောက် စိမ်းနှင့် ကျောက်မျက်ရတနာမျိုး စုံ၊ သတ္တုတွင်းထွက်ပစ္စည်းများ စ သည့် ကုန်ကြမ်းပစ္စည်းမျိုးစုံ၏ အ ဓိကစျေးကွက်ဖြစ်သည်။
Source : http://ift.tt/2dR9Umv
via IFTTT
No comments:
Post a Comment