Saturday, October 15, 2016

Yangon Media Group

အငှားယာဥ်ပေါ်တွင် ကလေးငယ်အား ထားခဲ့သဖြင့် စောင့်ရှောက်ထားရှိကာ စုံစမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ဖြစ်စဥ်မှာ အောက်တိုဘာ ၁၃ ရက်နေ့ ၁၉ နာရီ မိနစ် ၄ဝ အချိန်ခန့်က ကမာရွတ်မြို့နယ်၊ လှည်းတန်း၊ စိန်ဂေဟာရှေ့တွင် ဦးတိုးညွန့်၏ အငှားယာဥ်ကို ကလေးငယ်တစ်ဦးအား ပွေ့ချီထားသော အသက်(၂ဝ)နှစ် ခန့်ရှိ အမျိုးသမီးတစ်ဦးမှ စမ်းချောင်းမြို့နယ်ရှိ အဖွားဖြစ်သူနေအိမ်သို့ သွားလိုကြောင်းပြောကာ အသွားအပြန်ငှားရမ်းသဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောမြောက်ရပ်ကွက်၊ ငှက်ပျော ေတာ လမ်းသွယ်အတွင်းသို့ ရောက်ရှိသောအခါ ယာဥ်ကိုရပ်ခိုင်းခဲ့ကြောင်း၊ ၎င်းအမျိုးသမီးမှ အဖွားဖြစ်သူအား သွားရောက်ခေါ်ဆောင်မည်ဟုဆိုကာ ကလေးငယ်အား ယာဥ်၏ နောက်ခန်းထိုင်ခုံပေါ်တွင်ထားခဲ့ပြီး လမ်း သွယ်တစ်ခုအတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း၊ ဦးတိုးညွန့်မှ အဆိုပါအမျိုးသမီးအား ၁ နာရီခန့်ကြာသည်အထိ စောင့်ဆိုင်းနေခဲ့သော်လည်း ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် လိုက်လံရှာဖွေရာ တွေ့ရှိခြင်း မရှိကြောင်း၊ ပတ်ဝန်းကျင်အား စုံစမ်းမေးမြန်း သော်လည်း အဆိုပါအမျိုးသမီးအား တစ်ဦးတစ်ယောက်မှ သိရှိခြင်းမရှိသည့်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် စမ်းချောင်းမြို့မရဲစခန်းသို့ ဆက်သွယ်အကြောင်းကြား ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါသတင်းအရ စမ်းချောင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များမှ သွားရောက်ခဲ့ရာ ကလေးငယ်မှာ ယောကျ်ားလေး ဖြစ်ပြီး (၁ဝ)ရက်သားခန့်အရွယ်သာရှိသဖြင့် ဒဂုံမြို့နယ်ရှိ ကလေးဆေးရုံ ကြီးသို့ ပို့အပ်ကာစောင့်ရှောက်ထားရှိပြီး ၎င်းကလေးငယ်၏ မိဘဆွေမျိုးသားချင်းများအား စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Source : https://goo.gl/b408Px
via IFTTT

No comments:

Post a Comment