Monday, October 10, 2016

Yangon Media Group

မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့်ကိစ္စရပ်များကြောင့်ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင်အခြေခံပညာကျော်းစာမေးပွဲများကိုရပ် ဆိုင်းကျောင်းအားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီဟုဆို +++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ ရန်ကုန်၊ အောက်တိုဘာ ၁ဝ မောင် တောမြို့နယ်တွင် အောက်တိုဘာ ၉ ရက် နံနက်ပိုင်းကဖြစ်ပွားခဲ့ သောကိစ္စရပ်များကြောင့် ဘူးသီး တောင်နှင့်မောင်တောမြို့နယ်တို့ရှိ ကျောင်းများတွင်ဖြေဆိုမည့် ပထမ နှစ်ဝက်ဆုံးစာမေးပွဲများကိုရပ်ဆိုင်း ပြီး ကျောင်းများအားလုံးကိုပါလုံခြုံ ရေးအရ ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီဖြစ်ကြောင်း သိရ သည်။ မောင်တောမြို့နယ်တွင် အောက် တိုဘာ ၉ ရက် နံနက်ပိုင်းက အကြမ်း ဖက်စီးနင်းတိုက်ခိုက်သူများက မောင် တောရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာ နချုပ်အပါအဝင် စခန်းသုံးခုကို ဝင် ရောက်တိုက်ခိုက်ခဲ့သည့်အတွက် မောင်တောမြို့နယ်တွင် တာဝန် ရှိသူများက လုံခြုံရေးတင်းကျပ်မှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ယင်းကဲ့သို့အခြေအနေများကြောင့် မောင်တောမြို့နယ်နှင့်ဘူးသီးတောင် မြို့နယ်ရှိ အခြေခံပညာကျောင်းများ ရှိ ဆရာ၊ဆရာမများနှင့်ကျောင်း သား၊ ကျောင်းသူများ၏လုံခြုံရေး စိုးရိမ်ရသဖြင့် အောက်တိုဘာ ၁ဝ ရက်တွင်ဖြေဆိုမည့်ပထမနှစ်ဝက် စာမေးပွဲများကိုပါ ရပ်ဆိုင်းပြီး ကျောင်းများကို ရက်အကန့်အသတ် မရှိပိတ်ထားလိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိ ရသည်။ ""ကျောင်းတွေကိုလည်းပိတ် ပါတယ်။ မနက်ဖြန် (အောက်တိုဘာ ၁ဝ ရက်)ဖြေမယ့်စာမေးပွဲကိုပါရပ် ပြီးပိတ်ဖို့ ညွှန်ကြားလိုက်ပါပြီ။ ဘူး သီးတောင်နဲ့မောင်တောမြို့နှစ်မြို့ မှာရှိတဲ့ ဆရာ၊ ဆရာမတွေကိုလည်း ပြည်နယ်ရုံးကနေ ၉ ရက် မွန်းလွဲ ၂ နာရီမှာ ကားနဲ့သွားခေါ်ပါတယ်။ ကျောင်းတွေ ဘယ်တော့ပြန်ဖွင့် မယ်ဆိုတာတော့ပြောလို့မရသေး ပါဘူး။ ဖြစ်သွားတဲ့ကျီးကန်းပြင်မှာ ဆရာရှစ်ဦးနဲ့ ဆရာမခြောက်ဦးရှိ တယ်""ဟု ရခိုင်ပြည်နယ်ပညာရေး မှူးရုံးမှလက်ထောက်ညွှန်ကြား ရေးမှူးဦးစိန်ထွန်းလှက အောက် တိုဘာ ၉ ရက်က ပြောသည်။ အခြေခံပညာအတန်းများ၏ ပထမနှစ်ဝက်ဆုံးစာမေးပွဲများကို အောက်တိုဘာ ၁ဝ ရက်တွင် တစ် နိုင်ငံလုံးတစ်ပြိုင်နက်တည်းကျင်းပ ရန် စီစဥ်ထားပြီး ရခိုင်ပြည်နယ် မောင်တောတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် စာမေးပွဲရပ်ဆိုင်း ကာကျောင်းများပါ အကန့်အသတ် မရှိပိတ်ထားမည်ဖြစ်သည့်အတွက် ယင်းမြို့နယ်ရှိ အခြေခံပညာကျောင်း များ၏စာမေးပွဲများကို လုံခြုံရေးအ ခြေအနေကောင်းမွန်သည့်အချိန် တွင် ပြန်လည်ဖွင့်လှစ်ပြီး စာမေး ပွဲများပြန်လည်ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။ ""ဆရာမတို့ကျောင်းမှာက ၈ ရက်နေ့က စာမေးပွဲစစစ်တယ်။ စာ မေးပွဲကို တစ်ရက်ပဲစစ်လိုက်ရတယ်။စာမေးပွဲစစ်ဖို့ရပ်လိုက်တော့ မောင် တောမြို့ပေါ်မှာပဲနေနေရတယ်။တာဝန်ကျတဲ့ရွာက ကျောင်းကို တော့ သွားစရာမလိုတော့ဘူး။ လာ ခေါ်မယ်ဆိုတာတော့မသိရသေးဘူး။ အခုကဘူးသီးတောင်-မောင်တောလမ်းကိုလည်းပိတ်ထားတယ်""ဟု မောင်တောမြို့နယ် ဥဒေါင်းကျေး ရွာမူလွန်ကျောင်းမှ ဆရာမတစ်ဦး ကပြောသည်။ မောင်တောမြို့နယ်တွင်ဖြစ် ပွားခဲ့သည့်အခြေအနေများကြောင့် လက်ရှိအချိန်တွင်တပ်မတော်နှင့် ရဲတပ်ဖွဲ့များက ဘူးသီးတောင်၊ မောင် တောကားလမ်းတစ်လျှောက်တွင် လုံခြုံရေးရယူဆောင်ရွက်နေကြောင်း သိရသည်။ ATK #Democracytoday
Source : http://ift.tt/2dCYrGy
via IFTTT

No comments:

Post a Comment