Friday, June 30, 2017

Eleven Broadcasting

KBZ Bank Cup 2017 မြန်မာ ယူ-၂၂ နှင့် ဟောင်ကောင် ယူ-၂၂ ဇွန်လ (၃၀)ရက်နေ့ ညနေ ၆း၀၀ နာရီတွင် ယှဉ်ပြိုင်ကစားမည့် ဟောင်ကောင် ယူ-၂၂အသင်း နှင့် မြန်မာ ယူ-၂၂ အသင်းတို့၏ ပွဲစဉ်ကို Eleven Sports မှ တာဝန်ခံအယ်ဒီတာ ဦးဇင်မင်းမောင်၊ အယ်ဒီတာချုပ် ဦးမြတ်ထွဋ်ဝင်း နှင့် ရတနာပုံအသင်း ဂိုးနည်းပြ ဦးစိုင်းမောင်မောင်ဦး တို့က သုံးသပ် တင်ပြထားပါသည်။
Source : http://ift.tt/2t7ZW5z
via IFTTT


တိုင်းစစ်ဌာနချုပ်မှ တပ်ကြပ်ကြီးတစ်ဦးကို သတင်းသမားတွေ အမှုဖွင့်တိုင်ကြား ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူဟု ဆိုသူကို သတင်းသမားတွေက အမှုဖွင့်ခဲ့ပါတယ်။ သတင်းသမားတွေ သတင်းရယူနေစဉ်မှာ ဓာတ်ပုံ ဗီဒီယို မှတ်တမ်းတွေကို စောင့်ကြည့် မှတ်တမ်းယူနေတာနဲ့ ပတ်သက်ပြီး နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေအရ အရေးယူပေးဖို့ ဇွန်လ ၃၀ ရက်နေ့က ဗဟန်းတရားရုံးမှာ မြန်မာသတင်းသမား ကာကွယ်ရေး ကော်မတီက အမှုဖွင်ခဲ့တာပါ။ ရန်ကုန်တိုင်း စစ်ဌာနချုပ်က တပ်ကြပ် စိုးမြင့်အောင်၊ ကိုယ်ပိုင်နံပါတ် – ၈၅၂၂၉၄ ကို အမှုဖွင့် တိုင်ကြားခဲ့တာ ဖြစ်ကြောင်း မြန်မာသတင်းသမား ကာကွယ်ရေးကော်မတီက ပြောပါတယ်။
Source : http://ift.tt/2s8Xyu7
via IFTTT

Eleven Broadcasting

ကျောင်းကားအဖြစ်အသုံးပြုရန် YRTA ဝယ်ယူထားသည့် School Bus အစီး ၂၀၀ ရောက်ရှိ(ရုပ်သံ) ကျောင်းကားအဖြစ်အသုံးပြုဖို့အတွက် YRTA ကဝယ်ယူထားတဲ့ School Bus အစီး ၂၀၀ ရန်ကုန်မြို့ ကိုရောက်ရှိလာပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ကသိရပါတယ်။
Source : http://ift.tt/2sXANw4
via IFTTT

The Voice

ရန်ကုန်တိုင်း အပါအဝင် တိုင်းနှင့် ပြည်နယ် ခုနစ်ခုမှ နယ်/လုံဝန်ကြီးများ ပြောင်းရွှေ့မည် ရန်ကုန်၊ ဇွန် ၂၉ ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းနှင့်ပြည်နယ် ခုနစ်ခုရှိ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးခုနစ်ဦးကို အပြောင်းအရွှေ့ ပြုလုပ်ရန် ဇွန်လနောက်ဆုံးပတ်က အကြောင်းကြားစာ ပေးပို့ထားပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီး နယ်/လုံ ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်း၏ နေရာတွင် တပ်မတော် တပ်ထိန်းတပ်ဖွဲ့မှ ဗိုလ်မှူးကြီးတစ်ဦးကို အစားထိုး တာဝန် ပေးအပ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။ “ရန်ကုန်တိုင်း နယ်/လုံဝန်ကြီးလည်း အပြောင်းအရွှေ့မှာ ပါပါတယ်။ ကာကွယ်ရေး ဦးစီးချုပ်ရုံးက အကြောင်းကြားစာ ပို့ပေးထားပြီ သိရတယ်”ဟု ၎င်းက ဆိုသည်။ လက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် နယ်/လုံ အပြောင်းအရွှေ့စာရင်းအရ ရန်ကုန်၊ ကရင်၊ ရခိုင် အပါအဝင် အခြား ပြည်နယ်နှင့် တိုင်းလေးခုမှ နယ်လုံဝန်ကြီးများ ပါဝင်နေပြီး အပြောင်းအရွှေ့ကို ယခုရက်ပိုင်းအတွင်း ဆောင်ရွက်ရန်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ အဆိုပါ အပြောင်းအရွှေ့နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်း၏ လက်ကိုင်ဖုန်းကို ညနေ ၄ နာရီခန့်မှ ၄ နာရီ ၄၆ မိနစ်အထိ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။ ရန်ကုန်တိုင်းတွင် အစိုးရသစ်လက်ထက်၌ အစိုးရသက်တမ်း ငါးနှစ် မပြည့်မီ ဒုတိယမြောက်အဖြစ် နယ်/လုံ ဝန်ကြီး ဗိုလ်မှူးကြီးတစ်ဦးကို အစားထိုးရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက စီစဉ်ခြင်းဖြစ်ပြီး ဒီမိုကရေစီစနစ်သို့ စတင်ကူးပြောင်းခဲ့သော ၂၀၁၀ ခုနှစ်တွင် ရန်ကုန်တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးတင်ဝင်းကို စတင် ခန့်အပ်ခဲ့သည်။
Source : https://goo.gl/Z1pafD
via IFTTT

The Voice

မကွေးတွင် သက်တမ်းရင့် သစ်ပင်ကြီးများ ခုတ်လှဲမည်ကို ကန့်ကွက် မကွေး၊ ဇွန်၂၉ မကွေး- တောင်တွင်းကြီး ကားလမ်းပေါ်ရှိ ခုတ်လှဲမည့် သက်တမ်းရင့် သစ်ပင်ကြီးများကို အဖြူရောင်ကြက်ခြေခတ် အမှတ်အသား ပြုလုပ်ထား၍ သစ်ပင်ကြီးများ ခုတ်မည်ကို ကန့်ကွက်ကြောင်း ဒေသခံများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ပြောကြားသည်။ “ဒီအပင်တွေက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အရမ်းကို အရေးကြီးတဲ့ ကဏ္ဍမှာရှိတယ်။ အခုကိစ္စကတော လမ်းဧရိယာ ဖြစ်နေတော့ လမ်းနဲ့မလွတ်ကင်းတာဆိုရင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်ဟာ အဓိက ကျပါတယ်။ သစ်ပင်တွေ ခုတ်တယ်ဆိုတာ ကျွန်တော်တို့အသည်းကို ဓားနဲ့ထိုး လိုက်သလို ခံစားရပါတယ်” မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်သိမ်းခိုင်က ဆိုသည်။ မကွေးမြို့အတွင်း တောင်တွင်းကြီး လမ်းဘေးရှိ သစ်ပင်များတွင် အဖြူရောင် ကြက်ခြေခတ်များ ရေးဆွဲထားခြင်းမှာ လမ်းနှင့် မလွတ်သည့်အပင်များကိုရွေးချယ် အမှတ်အသား ပြုထားခြင်းဖြစ်ပြီး လာရောက် စစ်ဆေးမည့် တာဝန်ရှိသူများ မြင်သာစေရန် ပြုလုပ်ထားခြင်းသာဖြစ်ကြောင်း၊ ခုတ်လှဲခြင်းပြု မပြုကိုမူ သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း အဆိုပါလမ်းပိုင်းကို BOT စနစ်ဖြင့် တာဝန်ယူ ဆောင်ရွက်နေသည့် မက်စ်မြန်မာ ကုမ္ပဏီမှ မကွေးခရိုင်အဆင့် တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။ အဆိုပါ သစ်ပင်ကြီးများသည် နှစ်သက်တမ်း ၁၀ဝ ကျော်ပြီဖြစ်ပြီး ယင်းကဲ့သို့ ကြက်ခြေခတ် အမှတ်အသားများကို ရေးဆွဲသည့်နေ့မှစတင်ကာ သစ်ပင်ကြီးများကို ခုတ်လှဲရန် သတ်မှတ်ထားသည်ဟု ယူဆကြကြောင်း၊ မကွေးမြို့ခံ အများအပြား၏ ကန့်ကွက် ဝေဖန်ခြင်းကိုခံနေရပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ခွင့်ပြုချက်အရသာ ဆောင်ရွက်မည်ဖြစ်ကြာင်း ၎င်းက အတည်ပြု ပြောဆိုသည်။ ယင်းလမ်းပိုင်းရှိ လမ်းနှင့် မလွတ်ကင်းသည့် သစ်ပင်များကို တာဝန်ရှိသူများက ဇွန်လ ၂၈ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး လမ်းအတွက် သစ်ပင်ကြီးများ ခုတ်လှဲခဲ့မည်ဆိုပါက အပင်အစားထိုး ပြန်လည် စိုက်ပျိုးသင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ လမ်းမကြီးတိုးချဲ့ရန် လျာထားသည့် လမ်းတစ်လျှောက်တွင် သက်တမ်းရင့် သစ်ပင်ကြီးများဖြစ်သည့် ညောင်ပင်၊ တမာ၊ ကုက္ကိုနှင့် ယင်းမာပင်များအပြင် လမ်းဘေး ဓာတ်တိုင်များနှင့် လမ်းဘေး ပလက်ဖောင်းများကိုပါ ဖျက်သိမ်းရမည့် အခြေအနေသို့ရောက်ကြောင်း၊ အဆိုပါပြဿနာအတွက် ပြုပြင်ပြောင်းလဲရေးသမားအချို့က ထောက်ခံလျက်ရှိပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းသူများက ကန့်ကွက်နေကြသည့်အတွက် အငြင်းပွားဖွယ် အနေအထားပင်ဖြစ်ကြောင်း မကွေးမြို့ခံအချို့က ပြောဆိုသည်။ မက်စ်မြန်မာ ကုမ္ပဏီအနေနှင့် ရန်ကုန် - ပြည်- မကွေး ကားလမ်းပိုင်းတွင် မှော်ဘီမှ မကွေးတက္ကသိုလ် လမ်းဆုံအထိ BOT စနစ်ဖြင့် လုပ်ကိုင်ခွင့် ရရှိထားပြီး ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ လမ်းအဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်နေစဉ် ယင်းလမ်းပိုင်းအတွင်းရှိ ယခုတောင်တွင်းလမ်းရှိ သစ်ပင်ကြီး ၈၇ ပင်ကို လမ်းနှင့်မလွတ်သည့်အတွက် မည်သို့ ဆောင်ရွက်ရမည်ကို ဇွန်လ ၉ ရက်နေ့က သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ တင်ပြတောင်းခံထားခဲ့ကြောင်း အဆိုပါ ကုမ္ပဏီထံမှ စုံစမ်း သိရှိရသည်။ အဆိုပါ လမ်းပိုင်းမှာ မကွေးလေတပ် တောင်ဘက်အပေါက်မှ မကွေး တက္ကသိုလ်ရှေ့အထိ နှစ်မိုင်ခန့် ရှည်လျားပြီး ယခင် လမ်းအကျယ် ၃၃ ပေမှ ၄၄ ပေအထိ တိုးချဲ့မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ တာဝန်ခံက ပြောကြားသည်။ အလားတူ ယခင်နှစ်ကလည်း မကွေး- ရေနံချောင်း- ဂွေးချိုလမ်းပိုင်း အဆင့်မြှင့်တင်ရေးအတွက် လမ်းနယ်မြေတိုးချဲ့ရန် လမ်းဘေးဝဲယာရှိ သက်တမ်းရင့်အပင်များ ဖြစ်သည့် ညောင်မုတ်ဆိတ်၊ ထနောင်း စသည့် အပင်ပေါင်း ၅၀၃ ပင်ကိုလည်း ခုတ်လှဲရန် စီစဉ်ခဲ့ရာတွင် ဒေသခံများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွ လှုပ်ရှားသူများ၏ ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းခဲ့သည်။
Source : https://goo.gl/ELJp3k
via IFTTT

Thursday, June 29, 2017

Eleven Broadcasting

ဟောင်ကောင်ကို တရုတ်သမ္မတရှီကျင်ပင်း သမိုင်းဝင်အလည်အပတ်ခရီးရောက်ရှိလာစဉ် ဒီမိုကရေစီတက်ကြွ လှုပ်ရှားသူများ ဖမ်းဆီးခံထားရ (ရုပ်သံ) ဗြိတိသျှက ဟောင်ကောင်ကို တရုတ်ထံပြန်လည်လွှဲပြောင်းပေးခဲ့တဲ့ အနှစ် ၂၀ ပြည့် နှစ်ပတ်လည် အခမ်းအနားကိုတက်ရောက်ဖို့ တရုတ်သမ္မတရှီကျင်ပင်းဟာ ဇွန်လ ၂၉ ရက်နေ့မှာ ဟောင်ကောင်ကို ဆိုက် ရောက်လာခဲ့ပါတယ်။
Source : http://ift.tt/2toJxfE
via IFTTT

The Irrawaddy - Burmese Edition

အမေရိကန်က ထိုင်းစစ်တပ်သို့ ဘလက်ဟော့ခ် ရဟတ်ယဉ်များ ရောင်းချမည် အမေရိကန်က ထိုင်းစစ်တပ်အပေါ်ချမှတ် ထားသည့် လေယာဉ်များ မရောင်းချရန် ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်လိုက်ပြီး၊ ဘလက်ဟော့ခ် ရဟတ်ယာဉ် ၄စင်း ရောင်းချပေးဖို့ သဘောတူလိုက် ကြောင်း Bangkok Post သတင်းကဆိုသည်။ ထိုင်းစစ်တပ်၏ ၂၀၁၄ ခုနှစ် အာဏာသိမ်းမှု အပြီး အမေရိကန်၏ ချမှတ်ခဲ့သည့် စစ်လက်နက်ပစ္စည်း မရောင်းချရန် ဆုံးဖြတ်ချက်ကို ယခုအခါ ပြန်လည်ပြင်ဆင်လိုက်ပြီးနောက် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန၏ ပြည်ပစစ်ဘက် ရောင်းချမှု အစီအစဉ်အရ ပြုလုပ်မည် ဖြစ်ကြောင်း ထိုင်းကြည်းတပ်ဦး စီးချုပ် ချလန်ချိုင် ဆစ်သီဆတ်က စစ်ဌာနချုပ်တွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။ လက်ရှိတွင် ထိုင်းစစ်တပ် ဘက်စုံသုံး ဘလက်ဟော့ခ် တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁၂ ရှိပြီး၊ ယခုဝယ် ယူမည့် ၄စီးနှင့် ပေါင်းပါက ၁၆စီး အထိ ရှိလာမည်ဖြစ်ရာ ထိုင်းစစ်တပ် ဆန္ဒရှိနေသည့် ရဟတ်ယာဉ် အုပ်စုတစုစာ ပြည့်စုံသွားမည်ဖြစ်သည်။ ဘလက်ဟော့ခ် ရဟတ်ယာဉ် တစီး၏ တန်ဖိုးမှာ ထိုင်းဘတ် သန်း ၇၅၀ ဖြစ်သည်ဟု သိရသည်။ မကြာမီ အမေရိကန်သို့ သွားရောက်မည့် ထိုင်းဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာ၏ အမေရိကန်ခရီးစဉ် မတိုင်မီ လိုအပ်သည့် အမေရိကန်လုပ် စစ်လက်နက်ပစ္စည်း ဝယ်ယူရေးအတွက် စာရင်းကောက်ရန် ထိုင်းစစ်တပ်ကို ညွှန်ကြားထားခဲ့ကြောင်း သတင်းထွက်ခဲ့ပြီးနောက် ထိုင်းနိုင်ငံအနေဖြင့် အမေရိကန် လုပ် လက်နက်များ ဝယ်ယူနိုင်တယ်လို့ ခန့်မှန်းပြောဆိုမှုတွေ ထွက်ခဲ့သည်။ သို့သော် ထိုင်းဝန်ကြီးချုပ်၏ အမေရိကန်ခရီးစဉ်သည် လက်နက်ရောင်းဝယ်ရေး အစီအစဉ် မပါ ကြောင်း ဒုဝန်ကြီးချုပ် ကာကွယ်ရေးဝန်ကြီး ပရာဝစ် ဝေါင်ဆူဝမ်က ငြင်းခဲ့သည်။ ထိုင်းစစ်တပ်သည် ယခုအခါ တရုတ်လုပ်လက်နက်များကို ဝယ်ယူရန် ပြုလုပ်နေရာ ရေငုပ်သင်္ဘော ၃စီးနှင့် VN -1 သံချပ်ကာကားများ ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့သည်။
Source : https://goo.gl/nYrS7x
via IFTTT

The Irrawaddy - Burmese Edition

အမေရိကန်က မြန်မာကို လူကုန်ကူးမှု အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေး မြန်မာနိုင်ငံကို အဆိုးရွားဆုံး လူကုန်ကူးမှုမှတ်တမ်းဝင် နိုင်ငံများစာရင်းမှ ပယ်ဖျက်ပြီး အမေရိကန်က သတ်မှတ် ထားသည့် အနိမ့်ဆုံးစံနှုန်းများ ပြည့်မီအောင်ကြိုးစားနေသည့် စောင့်ကြည့်ရမည့်နိုင်ငံများစာရင်း၌ အင်္ဂါနေ့က ထည့်သွင်းလိုက်သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံကို နှစ်စဉ် လူကုန်ကူးမှု အစီရင်ခံစာ အမည်ပျက်စာရင်း မှဖယ်ရှားလိုက်ပြီး လူကုန်ကူးမှုနှင့် အတင်းအကျပ် လုပ်အားပေးစေခိုင်းမှု ပပျောက်ရေးအတွက် သိသိသာသာ အားထုတ်သော စောင့်ကြည့်ရမည့် နိုင်ငံများစာရင်း အဆင့် ၂ တွင်ထည့်သွင်းလိုက်သည်။ မြန်မာနိုင်ငံသည် စောင့်ကြည့်ရမည့် နိုင်ငံများ စာရင်းတွင် လာအိုနှင့်ထိုင်းနိုင်ငံတို့နှင့်အတူပါဝင်လာပြီး အမေရိကန်အရာရှိများအနေဖြင့် မြန်မာနိုင်ငံသို့သွားရောက်ကာ လူကုန်ကူးမှုပပျောက်ရေးလုပ်ငန်းများကို ကိုယ်တိုင်လေ့လာရန်လည်း တိုက်တွန်းလိုက်သည်။ ကမ္ဘောဒီးယားနှင့်ဗီယက်နမ်တို့သည်လည်းအဆင့် ၂ တွင်သာဆက်လက်ရှိနေသဖြင့် ၎င်းတို့သည်လည်း အနိမ့်ဆုံးအမေရိကန်စံနှုန်းမီရန် သိသိသာသာအားထုတ်သောနိုင်ငံများဖြစ်သလို၊ မလေးရှားနိုင်ငံသည်လည်း အဆင့် ၂ သို့ ရောက်ရှိလာသည်။ သို့သော်တရုတ်နိုင်ငံမှာမူ အဆင့် ၃ သို့လျှော့ ချခံရပြီး အမေရိကန်အကူအညီများ ပိတ်ဆို့ခံရနိုင်သောအဆင့် သို့ရောက်သွားသော်လည်း အမေရိကန်အစိုးရသည် ထိုအရေးယူမှုကို မကြာခဏ ဆိုင်းငံ့လေ့ရှိသည်။ လွန်ခဲ့သော ၃ နှစ်တာကာလအတွင်း တရုတ်နိုင်ငံသည် အဆင့် ၂ တွင်ပါခဲ့ပြီး နောက်ဆုံးအကြိမ် အနိမ့်ဆုံး အဆင့် ၃ အဖြစ် သတ်မှတ်ခံရသည်မှာ ၂၀၁၃ ခုနှစ်ကဖြစ်သည်။ ကလေးစစ်သားစုဆောင်း အသုံးပြုမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ တိုးတက်မှုများကို အထက်ပါ အစီရင်ခံစာ တွင်ဖေါ်ပြထားသော်လည်း ၊ ကလေးစစ်သားစုဆောင်းသည့် စစ်အရာရှိများကို အရေးယူရန် လုံလောက်စွာ လုပ်ကိုင်ခြင်းမရှိဟုလည်း ထောက်ပြထားသည်။ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့တွင် အင်အားတိုးချဲ့ခြင်း၊ ၂၀၀၅ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေ ပြဌာန်းပြီးချိန်မှစ၍ အစိုးရအရာရှိများကို ပထမဆုံး ဥပဒေအရအရေးယူခြင်းတို့ကိုလည်း အစီရင်ခံစာက အသိအမှတ်ပြုထားသည်။ ကချင်ပြည်နှင့် ရှမ်းပြည်နယ်မှ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာရသူ ၁သိန်း ၃ထောင်နှင့် ရခိုင်ပြည်နယ် မှနေရပ် စွန့်ခွာရသူ ၁သိန်း ၂သောင်း အပါအဝင် လူမျိုးစုများရှိရာ ဒေသများမှ ပြည်သူများသည် လူကုန်ကူးမှု အန္တရာယ် အရှိဆုံးသူများဖြစ်သည်ဟု အစီရင်ခံစာကဖေါ်ပြသည်။ “ရခိုင်ပြည်နယ်မှ မွတ်ဆလင်များသည် အစိုးရအာဏာပိုင်များက အတင်းအကျပ်လုပ်အားစေခိုင်းခြင်းအပါအဝင် လုပ်အားလူကုန်ကူးခြင်း ကိုအထူးသဖြင့်ခံရနိုင်သည်” ဟုအစီရင်ခံစာကဆိုသည်။ စစ်တပ်၏ဖြိုခွဲမှုကြောင့် ရခိုင်ပြည်နယ်မှ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးရသော လူ ၇သောင်း ခန့်သည်လည်း လူကုန်ကူးမှုအန္တရာယ်နှင့် အထူးရင်ဆိုင်နေရကြောင်းမှတ်ချက်ချသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာနှင့်အီရတ်တို့ကို ကလေးစစ်သား အသုံးပြုသောနိုင်ငံများ စာရင်းမှလည်း ပယ်ဖျက်ပေးခဲ့သည်။
Source : https://goo.gl/9wmJYT
via IFTTT

Eleven Media Group

ထိုင်းနိုင်ငံတွင် အလုပ်ရှင် အလုပ်သမားဆိုင်ရာ ဥပဒေ ပြောင်းလဲပြီးနောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ဆက်တိုက် ဖမ်းဆီးခံနေရ ထိုင်းနိုင်ငံတွင် အလုပ်ရှင်၊ အလုပ်သမားဆိုင်ရာဥပဒေ ပြောင်းလဲပြီးနောက် မြန်မာရွှေ့ပြောင်း လုပ်သားများ ဆက်တိုက် ဖမ်းဆီးခံနေရကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်း လုပ်သားများအရေး လုပ်ကိုင်သူများက ပြောကြားသည်။ အလုပ်ရှင်၊ အလုပ်သမားဆိုင်ရာ ဥပ​ဒေအား ပြင်ဆင်သတ်မှတ်ချက်​ကြောင့် တရားမဝင်၊ အ​ထောက်အထားမဲ့၊ အ​ထောက်အထား မစုံလင်သူ နိုင်ငံခြားသား အလုပ်သမားများအား ထိုင်းအစိုးရက ဖမ်းဆီးခြင်းဖြစ်ပြီး​ ဇူလိုင်လအတွင်း ဖမ်းဆီးမှု မြင့်တက်လာနိုင်ကြောင်း သိရသည်။ ​ “ဇွန်လ ၂၀ ရက်​နေ့ BE ၂၅၆၀ အလုပ်ရှင်၊​ အလုပ်သမားဆိုင်ရာဥပ​ဒေ ​ပြောင်းလဲ ကြေညာတဲ့​နောက် ဇွန် ၂၂ ရက်​ကစပြီး မြန်မာ​ရွှေ့ပြောင်း လုပ်သား ၁၀၀၀ ​ကျော်၊ လာအို၊ ဗီယက်နမ်၊ က​မ္ဘောဒီးယားစတဲ့ အလုပ်သမားတွေ ၄၀၀ ​ကျော် ဖမ်းဆီးခံခဲ့ရပြီး လာမည့် ဇူလိုင်လအတွင်းမှာ ဖမ်းဆီးမှုတွေ ကြီးကြီးမားမား ဆက်တိုက် ပြုလုပ်လာမှာ ဖြစ်တဲ့အတွက် ​နေရပ်ပြန် မြန်မာ​ရွှေ့ပြောင်း အလုပ်သမား​တွေကို ​ကောင်းမွန်တဲ့ လက်ခံကြိုဆိုမှုမျိုး မြန်မာနိုင်ငံဘက်က ပြင်ဆင်ဖို့ လိုအပ်ပါတယ်” ဟု မြန်မာပြည်သားများအ​ရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက​ ပြောကြားသည်။ ထိုင်းနိုင်ငံတွင် ဇွန် ၂၀ ရက်က အသစ်ထွက်ရှိခဲ့သည့် အလုပ်သမား နည်းဥပဒေသစ်အရ အထောက်အထားမဲ့ အလုပ်သမားများကို ခိုင်းစေသည့် အလုပ်ရှင် အပါဝင် အလုပ်သမားများကို ဖမ်းဆီးရမိပါက ဒဏ်ငွေအဖြစ် ထိုင်းဘတ်ငွေ လေးသိန်းမှ ရှစ်သိန်းအထိ ချမှတ်နိုင်ခြင်း၊ အလုပ်လုပ်ခွင့်မရှိဘဲ အလုပ်လုပ်ခြင်း (သို့) နိုင်ငံခြားသား အလုပ်သမားများကို တားမြစ်ထားသည့် အလုပ်များကို လုပ်ကိုင်သည့် အလုပ်သမားအား ထောင်ဒဏ်ငါးနှစ်ထက် မပိုသည့် ပြစ်ဒဏ် သို့မဟုတ် ဘတ်ငွေနှစ်ထောင်မှ တစ်သိန်းထိရှိသည့် ဒဏ်ကြေးငွေကို ချမှတ်ခွင့်ရှိပြီး ပြစ်ဒဏ်နှစ်မျိုးလုံးကို ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှလည်း ထိုင်းနိုင်ငံ အတွင်းရှိ မြန်မာရွှေ့ပြောင်း လုပ်သားများ သိစေရန်အတွက် ထုတ်ပြန်ထားသည့် အသိပေးချက်တွင် အထောက်အထား ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသား အားလုံးသည် မိမိလက်ရှိ လုပ်ကိုင်နေသော လုပ်ငန်းရှင်နှင့် အလုပ်လုပ်ခွင့်ပါမစ် ပြုလုပ်ထားရန်၊ အလုပ်ရှင်နှင့် မိမိကိုင်ဆောင်ထားသည့် အလုပ်လုပ်ခွင့်ပါမစ်ရှိ အလုပ်ရှင် မတူညီပါက သက်ဆိုင်ရာ အလုပ်သမားရုံးသို့ သွားရောက် ပြောင်းလဲထားရန်နှင့် အထောက်အထား လုံးဝမရှိသည့် မြန်မာနိုင်ငံသားများ အနေဖြင့် မြန်မာနိုင်ငံသို့ပြန်ရန် တိုက်တွန်းထားသည်။ လက်ရှိအခြေအနေများအရ ထိုင်းနိုင်ငံရှိ အလုပ်ရုံ၊ စက်ရုံများရှိ မြန်မာအပါအဝင် အခြားနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများကို ထိုင်းအာဏာပိုင်များက လုပ်ငန်းခွင်အတွင်း ဝင်ရောက်စစ်ဆေးကာ ဖမ်းဆီးလျက်ရှိကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအရာရှိ ဦးမိုးအောင်ခိုင်က “လက်ရှိအခြေအနေက သိပ်မဆိုးသေးပါဘူး။ ဩဂုတ်လကျမှ သူတို့စမှာပါ။ အထောက်အထား ဘာမှမရှိရင် ပြန်ရမယ်လို့ ကျွန်တော်တို့ ပြောထားတယ်။ အထောက်အထားက ဘာမှမရှိဘူးလေ။ တရားမဝင်လာတာကိုး။ ဘာမှလုပ်ပေးလို့မရဘူး။ အထောက်အထား မရှိရင် ပြန်ဖို့ပြောထားပြီးပြီ။ အထောက်အထား လွဲနေရင် ပြန်တည့်ဖို့ ကျွန်တော်တို့ ပြောထားပြီးပြီ။ အလုပ်လုပ်ခွင့်ပါမစ် လွဲနေရင် ပြန်တည့်ဖို့ ကျွန်တော်တို့ ပြောထားပြီးပါပြီ။ အခုက အနည်းအကျဉ်း စပြီးလုပ်နေတာပေါ့” ဟု ပြောကြားသည်။ မြန်မာအစိုးရ အနေဖြင့် ထိုင်းအစိုးရထံ​ ရွှေ့ပြောင်းလုပ်သားများနှင့် ပတ်သက်ပြီး လိုအပ်ချက်များကိုလည်း​ တွေ့ဆုံဆွေးနွေးရန် လိုအပ်ကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်နေသူများက ​ဆိုသည်။ “အလုပ်သမား​တွေအ​နေနဲ့ အလုပ်ရှင်သူ​ဌေး လွဲ​နေတာ၊ အလုပ်​နေရာ လွဲ​နေတာ သိန်းနဲ့ချီရှိ​နေတဲ့ အလုပ်သမား​တွေကို ပြန်လည်တည့်မတ်ဖို့၊ အကန့်အသတ် သတ်မှတ်ချက် တစ်ခု​ပေးဖို့ ၊​ဖြေ​လျှော့​ပေးဖို့ မြန်မာအစိုးရ အ​နေနဲ့ ထိုင်းအစိုးရထံကို ​မေတ္တာရပ်ခံ ပန်ကြား​ပေးဖို့ ​တောင်းဆိုချင်တယ်။ ပြီးတော့ အထောက်အထားမဲ့ အလုပ်သမား​တွေ နေရပ်ပြန်နိုင်ဖို့ နှစ်လ၊ သုံးလ အချိန်တစ်ခု သတ်မှတ်​ပေးဖို့ မြန်မာအစိုးရဘက်က ပန်ကြား​ပေးဖို့ကိုလည်း ​တောင်းဆိုချင်ပါတယ်” ဟု ဦးမိုးကြိုးက ​ပြောကြားသည်။ Writer: ဉာဏ်ဝင်းရှိန်၊ ရွှေသိန်း (မြဝတီ)
Source : http://ift.tt/2u0lWiV
via IFTTT

The Voice

ယခုပညာသင်နှစ်တွင် ဆေးတက္ကသိုလ် ကျောင်းသား ကျောင်းသူဦးရေ ၁၅၀ဝ လက်ခံမည် ရန်ကုန်၊ ဇွန် ၂၈ ယခုတက္ကသိုလ် ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ်များ၌ ကျောင်းသား၊ ကျောင်းသူဦးရေ ၁၅၀ဝ ခန့် ခေါ်ယူရန် လျာထားထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရှိရသည်။ ဆေးတက္ကသိုလ် ပထမနှစ်သင်တန်းအတွက် ဆေးတက္ကသိုလ် (၁)၊ ဆေးတက္ကသိုလ် (၂)၊ ဆေးတက္ကသိုလ် (မန္တလေး)၊ ဆေး တက္ကသိုလ် (မကွေး) နှင့် ဆေးတက္ကသိုလ် (တောင်ကြီး) တို့တွင် ကျောင်းသားကျောင်းသူ အရေအတွက် အချိုးညီ ခေါ်ယူမှာဖြစ်ကြောင်း ရန်ကုန်၊ ဆေးတက္ကသိုလ် (၁)မှ ပါမောက္ခချုပ် ပါမောက္ခ ဇော်ဝေစိုးက ပြောကြားသည်။ “ပုံမှန်ခေါ်တာကတော့ ၁၅၀ဝ ပေါ့။ ကျွန်တော်တို့ အခုတွေ့နေရတာက ဒီဝင်ခွင့်တွေ အားလုံး ဖြတ်ပြီးတဲ့နောက်မှာ အကြောင်း အမျိုးမျိုးကြောင့် နောက်ကျတာတို့၊ လျှောက်လွှာ နောက်ကျမှုတွေတို့ကြောင့် ထပ်ပြီးတော့ ကျောင်းသား ၅၀၊ ၁၀ဝ ဟာ နောက်ထပ် ဝင်လာတာမျိုးလည်း ရှိတယ်။ အကြမ်းဖျင်းအားဖြင့် ဒီနှစ်လည်း ၁၅၀ဝ လောက် လက်ခံဖို့ လုပ်ထားပါတယ်”ဟု ၎င်းက ဆိုသည်။ လက်ရှိတွင် ဆေးတက္ကသိုလ်များ၏ ဝင်ခွင့်စနစ်များကို တက္ကသိုလ်ဝင် စာမေးပွဲရမှတ်တွေအပေါ် အခြေခံပြီး ကျောင်းဝင်ခွင့်ပြုသည့်စနစ်ကို ပြောင်းလဲရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း၊ ပညာရေးမူအရ ကျင့်သုံးမှုမပြုမီ တစ်နှစ်ကြိုတင် အသိပေးမည်ဖြစ်ကြောင်း ဒေါက်တာ ဇော်ဝေစိုးက ထပ်မံ ပြောကြားသည်။ ဆေးတက္ကသိုလ်ဝင်ခွင့်စနစ်နှင့် ပတ်သက်ပြီး နိုင်ငံတကာအဆင့် ဆေးပညာ သင်ကြားရေးအဖြစ် အသက်သွင်းရန် အရည်အသွေး သတ်မှတ်ချက်များ လိုအပ်နေပြီး ယင်းသတ်မှတ်ချက်များနှင့် ညီမျှရန်အတွက် ကျောင်းသား ရွေးချယ်ရာတွင် တက္ကသိုလ်စာမေးပွဲ ရမှတ်တစ်ခုတည်းဖြင့် ရွေးချယ်၍မရကြောင်း၊ နိုင်ငံတကာ ရွေးချယ်ရေးမူဖြင့် ညီရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။ အဆိုပါ ဆေးတက္ကသိုလ်ဝင်ခွင့် စနစ် ပြောင်းလဲရေးအတွက် ဆွေးနွေးလျက်ရှိရာ ပြောင်းလဲမည့်စနစ်သစ်ကို တက္ကသိုလ်ဝင်တန်း စာမေးပွဲ အမှတ်စာရင်း ၈၀ ရာခိုင်နှုန်းနှင့် ကျန်ရှိသည့် ၂၀ ရာခိုင်နှုန်းကို ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံကာ မေးမြန်းမည့်ပုံစံအဖြစ် လတ်တလော ဆွေးနွေးထားကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။ ဆေးတက္ကသိုလ် ဝင်ခွင့်ရရန်အတွက် အမှတ် ကန့်သတ်မှုကို သတ်မှတ်ခြင်းမပြုဘဲ လျှောက်ထားသည့် ကျောင်းသား ကျောင်းသူများထဲမှ အမှတ် အများဆုံး ကျောင်းသား၊ ကျောင်းသူဦးရေ ၁၅၀ဝ ကို ရွေးချယ်ပြီး ခေါ်ယူခြင်းဖြစ်သည်။ ယခင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ဆေးတက္ကသိုလ် ဝင်ခွင့်ရမှတ်အဖြစ် ကျောင်းသားများကို ၄၉၀ ခန့်နှင့် ကျောင်းသူများကို ၅၀ဝ ကျော်ဖြင့် ဝင်ခွင့်ရခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ဦးရေ ၅၀ ရာခိုင်နှုန်းစီ လက်ခံခဲ့ခြင်းဖြစ်သည်။
Source : https://goo.gl/nmFtWD
via IFTTT

Eleven Broadcasting

ဥရောပချန်ပီယံ ပေါ်တူဂီကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရယူပြီး ဗိုလ်လုပွဲတက်ရောက်ခဲ့သည့်ချိီလီ (ရုပ်သံ) ရုရှားနိုင်ငံကအိမ်ရှင်အဖြစ်ကျင်းပနေတဲ့ ကွန်ဖက်ဒရေးရှင်းဖလားဆီးမီးဖိုင်နယ်အဆင့် ပေါ်တူဂီအသင်းနဲ့ ချီလီအသင်းတို့ရဲ့ ဇွန်လ၂၉ ရက်နေ့ မနက်အစောပိုင်းမှာယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ တောင်အမေရိက ချန်ပီယံချီလီအသင်းက ဥရောပချန်ပီယံ ပေါ်တူဂီအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီးဗိုလ်လုပွဲကိုတက်ရောက်သွားခဲ့တယ်လို့ သိရပါတယ်။
Source : http://ift.tt/2s3NIta
via IFTTT

Wednesday, June 28, 2017

The Voice

အခြေခံ လူတန်းစားများ မထိခိုက်စေမည့် လျှပ်စစ်ဓာတ်အားခ ကောက်မည်ဟုဆို ရန်ကုန်၊ ဇွန် ၂၇ လျှပ်စစ်ဓာတ်အားခ နှုန်းထားများ ပြောင်းလဲ ကောက်ခံရန် စီစဉ်လျက်ရှိရာတွင် အခြေခံလူတန်းစားများ မထိခိုက်စေသော နှုန်းထားများကို သတ်မှတ်ထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က ပြောကြားသည်။ “ပြောင်းလဲကောက်ခံမယ့် နှုန်းထားတွေကို ဘက်ပေါင်းစုံကနေ စဉ်းစားထားတာ ဖြစ်တယ်။ အဓိကက အခြေခံ လူတန်းစားတွေကို မထိခိုက်အောင်ပါ။ မူလနှုန်းထားထက် လျော့ရင်လည်း လျော့မယ်။ နည်းနည်း ပိုရင်လည်းပိုမယ်။ အရင်တိုင်းလည်း ရှိနိုင်တယ်”ဟု ၎င်းက ဆိုသည်။ လျှပ်စစ်ဓာတ်အားခများ ပြောင်းလဲ သတ်မှတ်ရန် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးများနှင့် အစည်းအဝေးများ လုပ်လျက်ရှိပြီး တတိယအကြိမ် ဆွေးနွေးရန် ကျန်ရှိနေသေးကြောင်း၊ အတည်ပြုပြီးပါက လွှတ်တော် ကိုယ်စားလှယ်များနှင့် မီဒီယာများကို ချပြရန် စီစဉ်ထားကြောင်း ဦးစိုးမြင့်က ဆက်လက် ပြောဆိုသည်။ “ပြောင်းလဲကောက်ခံမယ့် နှုန်းထားက မသိရသေးဘူး။ လက်ရှိ လျှပ်စစ်ဓာတ်အားခ ကောက်တဲ့နှုန်းထားတွေက အစိုးရ အရှုံးခံပြီးတော့ ကောက်နေတာဖြစ်ပေမယ့် ပြောင်းလဲလာမယ့်နှုန်းထားက အခြေခံလူထုရဲ့ ပုံမှန် လျှပ်စစ်သုံးစွဲမှုကို မထိခိုက်နိုင်ပါဘူး”ဟု ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ ဓာတ်အားဖြန့်ဖြူးရေးဌာန အထွေထွေ မန်နေဂျာ ဦးသန့်စင်က ဆိုသည်။ လျှပ်စစ်ဓာတ်အား တစ်ယူနစ်လျှင် ပျမ်းမျှ ၉၃ ကျပ်နှုန်းဖြင့် ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိပြီး အခြေခံလူထုကို အိမ်သုံးမီတာများ၌ တစ်ယူနစ်လျှင် ပျမ်းမျှ ၃၅ ကျပ်၊ ၄၀ ကျပ်နှင့် ၅၀ ကျပ်နှုန်းဖြင့် လက်ရှိတွင် ကောက်ခံလျက်ရှိကြောင်းနှင့် ဓာတ်အား သုံးစွဲမှုများသည့် ယူနစ်ကန့်သတ်ချက်များကိုသာ ပြောင်းလဲ သတ်မှတ်ရန် စီစဉ် နေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏ ၅၀ ရာခိုင်နှုန်းကျော်ကို သုံးစွဲနေသော ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ် အားသုံးစွဲမှုတွင် တစ်ယူနစ်လျှင် ၃၅ ကျပ်နှုန်းဖြင့် ရောင်းချရသည့် ယူနစ်ပမာဏမှာ အဓိက အများဆုံး ဖြစ်နေပြီး သုံးစွဲမှု၏ ၂၆ ရာခိုင်နှုန်း ရှိကြောင်းနှင့် ယူနစ် ၂၀ဝ နှင့် အထက်လျှင် တစ်ယူနစ် ၅၀ ကျပ်နှုန်းဖြင့် ကောက်ခံပြီး ယင်းသည် သုံးစွဲမှု၏ ၂၂ ရာခိုင်နှုန်းရှိကာ ဒုတိယ အများဆုံးဖြစ်ကြောင်း အဆိုပါ ကော်ပိုရေးရှင်း၏ ထုတ်ပြန်ထားသည့် အချက်အလက်များမှ သိရသည်။ အခြေခံ လူတန်းစားများ အနေနှင့် လျှပ်စစ်မီးဖို အသုံးပြုခြင်း၊ ပန်ကာနှင့် တီဗီကဲ့သို့ ဖျော်ဖြေရေး စက်ပစ္စည်းများကို ပုံမှန်အတိုင်း အသုံးပြုပါက ယူနစ်ပျမ်းမျှ ၁၀ဝ နှင့်၂၀ဝ ကြားကိုသာ အသုံးပြုနိုင်ကြောင်း လျှပ်စစ်အင်ဂျင်နီယာတစ်ဦးက ပြောကြားသည်။ အိမ်သုံးမီတာများကို ပြောင်းလဲ ကောက်ခံရာတွင် ယူနစ် ၁၀ဝ အထိ လက်ရှိနှုန်းထား ၃၅ ကျပ်အတိုင်းထားပြီး၊ ၁၀ဝ ယူနစ်အထက်မှ ၂၀ဝ ယူနစ်အထိ ၄၀ ကျပ်အစား ၅၀ ကျပ်၊ ၂၀ဝ ယူနစ်အထက် မှ ၃၀ဝ ယူနစ်အထိ ၅၀ ကျပ်အစား ၇၅ ကျပ်သို့လည်းကောင်း၊ ၃၀ဝ ယူနစ် အထက်မှ ၄၀ဝ ယူနစ်အကြား ၅၀ ကျပ်မှ ၁၀ဝ ကျပ်အထိလည်းကောင်း၊ ၄၀ဝ ယူနစ် အထက်မှ ၅၀ဝ ယူနစ်အထိကို ၁၅၀ ကျပ်အထိ အသီးသီး တိုးမြှင့်သင့်ကြောင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ဇွန်လ ၂၄ ရက်တွင် အစိုးရသို့ အကြံပြုထားသည်။
Source : https://goo.gl/JofQN8
via IFTTT

The Mandalay News Journal

ပြည်သူနှင့် အစိုးရအဖွဲ့ ဆက်သွယ်မှု လွယ်ကူ​စေရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ eGovernment စနစ် တစ်ဝက်နီးပါးခန့် ပြီးစီး​နေပြီ www.emandalay.gov.mm သည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အစိုးရ ရုံးဌာနများအားလုံးနှင့် ပတ်သတ်သော အဓိက အချက်များ၊ ပြည်သူကို ပေးနေသော ဝန်ဆောင်မှုများတွင် လိုအပ်သော အချက်များ၊ ခေါ်ယူနေသော တင်ဒါများ၊ ဌာနများမှ ဝန်ထမ်းခေါ်ယူမှုများ စသည်တို့ကို တစ်စုတစ်စည်းထဲ ဖြစ်အောင် စုစည်းဖော်ဆောင်ထားသည်။ အစိုးရဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လွယ်ကူမြန်ဆန်စေရန်အတွက် သတင်းအချက်အလက်များကို ကြိုတင် ကြည့်ရှုနိုင်သော အစိုးရ ရုံးဌာနများနှင့် ပြည်သူလူထုကို ဆက်သွယ်ပေးမည့် eGovernment စနစ်၏ ပထမဆုံး ခြေလှမ်း web portal တစ်ခုဖြစ်သည်။ ယခုလက်ရှိတွင် ပြည်သူနှင့် အစိုးရအဖွဲ့ ဆက်သွယ်မှု လွယ်ကူ​စေရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ eGovernment စနစ်သည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဦးစီးဌာန ၇၀ ကျော်၏ အချက်အလက်များ ထည့်သွင်းပြီး ဖြစ်သည့်အတွက် တစ်ဝက်နီးပါးခန့် ပြီးစီးပြီဖြစ်​ကြောင်း သိရသည်။ Facebook Page http://ift.tt/2ufubXJ http://ift.tt/2thQtum #TheMandalayNewsJournal
Source : http://ift.tt/2thQtum
via IFTTT

Tuesday, June 27, 2017

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ - Unofficial

၂၇.၆.၂၀၁၇ ရက်နေ့၊ ၁၀:၃၀ အချိန်ခန့်တွင် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၊ ပါဒလိပတ် ကူးတို့ဆိပ်မှ ရသေ့တောင်ဘက်ကမ်းသို့ ခရီးသည် ၂၁ဦးတင်ဆောင်မောင်းနှင်လာသော ကူးတို့စက်လှေသည် ကမ်းမှ ကိုက် ၁၅၀ခန့်အကွာတွင် နစ်မြုပ်မှုဖြစ်ပွားသဖြင့် အနီးရှိ စက်လှေ ၃စီးနှင့် ဆယ်ယူရာ ကျား ၁၂ဦး၊ မ ၈ဦး၊ စုစုပေါင်း ၂၀ဦးအား အသက်ရှင်လျက်ဆယ်ယူနိုင်ခဲ့ပြီး မြောင်းမြမြို့၊ မုဆိုးကွင်းရပ်ကွက်နေ မောင်အောင်သူရ (၂၄နှစ်)မှာ ပျောက်ဆုံးလျှက်ရှိသဖြင့် ရခိုင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစံရွှေထွန်း ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ Credit >>> mfsd
Source : http://ift.tt/2tgD6e7
via IFTTT

7Day News Journal

ကုလားတန်မြစ်ကြောင်း စီမံကိန်းတွင် အသုံးပြုရန် အိန္ဒိယက ကုန်တင်ရေယာဉ် ခြောက်စီး လွှဲပြောင်းပေး ကုလားတန်မြစ်ကြောင်း စီမံကိန်းတွင်အသုံးပြုရန် အိန္ဒိယ နိုင်ငံအစိုးရသည်တန်ချိန် ၃၀၀ ဆံ့ ကုန်တင်ရေယာဉ်ခြောက်စီးကို ဇွန်လ ၂၆ ရက်က မြန်မာအစိုးရ သို့ တရားဝင်လွှဲပြောင်းပေးအပ် ကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ သတင်းရရှိသည်။ အဆိုပါ ကုန်တင်ရေယာဉ် များကို စစ်တွေဆိပ်ကမ်းမှတစ် ဆင့် ပလက်ဝဆိပ်ကမ်းအထိ ကုန် ပစ္စည်းများတင်ပို့ရာတွင် အဓိက အသုံးပြုမည်ဖြစ်ပြီး ကုလားတန် မြစ်ကြောင်းစီမံကိန်း၏ တစ်စိတ် တစ်ဒေသစီမံကိန်းများထဲမှ တစ်ခု အပါအဝင်ဖြစ်သည်။ အိန္ဒိယနိုင်ငံသည် စစ်တွေ ဆိပ်ကမ်းမှတစ်ဆင့် ကုလားတန် မြစ်ကြောင်းကို အသုံးပြုကာပြည် တွင်းရေကြောင်းပိုင် ပလက်ဝ ဆိပ်ကမ်းသို့ ပို့ဆောင်ပြီးထိုမှတစ် ဆင့် နယ်စပ်လမ်းကြောင်းကိုအ သုံးပြုကာ အိန္ဒိယနိုင်ငံမီဇိုရမ်ပြည် နယ်သို့ ပို့ဆောင်ရန်အထိ ရည် ရွယ်ထားသည်။ ရေလမ်း ကောင်းမွန်ရေး သင်္ဘောအကြီးစားများဆိုက်ကပ် နိုင်ရန် ရေကြောင်းသောင်တူးဖော်ရေး လုပ်ငန်းများကိုယခုနှစ်တွင် ဆက်လက်လုပ်ဆောင်ရန် အိန္ဒိယအစိုးရက ရည်ရွယ်ထား သည်။ ထို့ကြောင့် ကုလားတန်မြစ် ကြောင်းစီမံကိန်းအတွင်း လုပ် ဆောင်မည့် အချက်များစွာပါဝင် ပြီးလက်ရှိတွင် မြစ်ကြောင်းကို ပြု ပြင်မည့် အစီအစဉ်များရှိသည်။ အိန္ဒိယနိုင်ငံ၏ အရှေ့မျှော် မူဝါဒအရ အရှေ့တောင်အာရှနိုင်ငံများနှင့် ဆက်သွယ်ရေးပိုမို ကောင်းမွန်လာစေရန် ယင်းစီမံ ကိန်း တစ်ခုလုံးအပေါ် အိန္ဒိယ အစိုးရက ကန်ဒေါ်လာ ၂၁၄ သန်း ခန့် ငွေကြေးမတည်ပြီး လုပ်ဆောင်မည့် စီမံကိန်းဖြစ်သည်။ ယင်းစီမံကိန်းတွင် ရေလမ်း နှင့် ကုန်းလမ်း ပြန်လည်ဆက် သွယ်ရန် အိန္ဒိယနိုင်ငံ မီဇိုရမ်မှ မြန်မာနိုင်ငံချင်း ပြည်နယ်ထိ လမ်းဖောက်လုပ်မှုလည်း ပါဝင် မည်ဖြစ်သည်။
Source : http://ift.tt/2shwubh
via IFTTT

The Voice

စီရော်နယ်ဒို၏ချစ်သူ ဂျီအော်ဂျီနာ ကိုယ်ဝန် လွယ်ထား၊ သမီးငယ်ဖြစ်ကြောင်း သတင်းထွက်ပေါ် မက်ဒရစ်၊ ဇွန် ၂၇ စီရော်နယ်ဒို၏အတူနေချစ်သူ ဂျီအော်ဂျီနာသည် စီရော်နယ်ဒို၏ရင်သွေးကို ကိုယ်ဝန်လွယ်ထားပြီဖြစ်ကြောင်း အတည်ပြုချက်များ ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး ယင်းကိုယ်ဝန်မှာ သမီးငယ်လေးတစ်ဦးဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။ စီရော်နယ်ဒို၏ ရင်သွေးကို ဂျိအော်ဂျီနာ ကိုယ်ဝန်လွယ်ထားပြီဟူသည့် သတင်းများသည် ဇွန်လအစာပိုင်းကတည်းကပင် ထွက်ပေါ်ခဲ့ခြင်းဖြစ်ပြီး စီရော်နယ်၏မိခင် ဒိုလိုရက်စ်က ငြင်းဆန်ပယ်ချခဲ့ခြင်းကြောင့်သာ အတည်ပြုရန် ခက်ခဲခဲ့ခြင်းဖြစ်သည်။ အသက် ၂၃ နှစ်အရွယ်ရှိ ဂျိအော်ဂျီနာသည် အကမယ်ဘဝမှနေ၍ ကိုယ်ဟန်ပြမယ်ဘဝသို့ ကူးပြောင်းလာခဲ့သူဖြစ်ပြီး သူမတွင် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်းကို စီရော်နယ်ဒို၏ မိသားစုဝင်များနှင့် အရင်းနှီးဆုံး သူငယ်ချင်းများကို ဂျီအော်ဂျီနာက ဖွင့်ဟ ပြောကြားထားပြီလည်းဖြစ်သည်။ စီရော်နယ်ဒိုနှင့် ဂျီအော်ဂျီနာတို့သည် လွန်ခဲ့သည့် သီတင်းပတ် အနည်းငယ်ခန့်က ဆေးခန်းတစ်ခုသို့ သွားရောက်၍ မျိုးရိုးဗီဇ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြပြီး ယင်းအချိန်ကတည်းကပင် စီရော်နယ်ဒို၏မိခင် ဒိုလိုရက်စ်က မည်သို့ပင် ငြင်းဆန်စကားများ ပြောကြားနေစေကာမူ ဂျီအော်ဂျီနာထံတွင် စီရော်နယ်ဒို၏ရင်သွေးကို ကိုယ်ဝန်လွယ်ထားရသည်မှာ သေချာပြီဖြစ်ကြောင်း မီဒီယာများက သတင်းဖော်ပြခဲ့ကြသည်။ စီရော်နယ်ဒို၏မိခင်သည် လက်ရှိတွင် အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိနေပြီး ယခုကဲ့သို့ အမေရိကန် ပြည်ထောင်စုသို့ စီရော်နယ်ဒို၏မိခင် သွားရောက်သည်မှာ လွန်ခဲ့သည့် ဇွန်လ ၈ ရက်နေ့က အငှားကိုယ်ဝန်ဖြင့် ဖွားမြင်ခဲ့သော စီရော်နယ်ဒို၏ အမြွှာရင်သွေးနှစ်ဦးကို မက်ဒရစ်မြို့သို့ ခေါ်ယူရန်အတွက်ဖြစ်ကြောင်း ၎င်းတို့၏မိသားစုနှင့် ရင်းနှီးသူများက အတည်ပြုထားကြပြီဖြစ်သည်။ စီရော်နယ်ဒိုသည် အသက် ခုနစ်နှစ်အရွယ် ရှိနေပြီဖြစ်သော ခရစ္စတီယာနိုဂျူနီယာအမည်ရ သားငယ်ကိုလည်း အငှားကိုယ်ဝန်ဖြင့် ရယူခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့၏နေအိမ်တွင် အိမ်အကူအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ အမျိုးသမီးတစ်ဦးက ထုတ်ဖော်ပြောကြားထားပြီး ခရစ္စတီယာနိုဂျူနီယာ၏မိခင်မှာ နှစ်ဦးဖြစ်သည်ဟု ယင်းအိမ်အကူအမျိုးသမီးက အသိပေးထားသေးသည်။ စီရော်နယ်ဒို၏ မိသားစုသည် ခရစ္စတီယာနိုဂျူနီယာအတွက် မမျိုးဥကို မက္ကဆီကို အမျိုးသမီးတစ်ဦးထံမှနေ၍ ရယူကာ ကိုယ်ဝန်ကိုမူ အမေရိကန်သူတစ်ဦးကို လွယ်စေခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ အိမ်အကူအမျိုးသမီးက ဆက်လက် ပြောကြားသွားခဲ့သေးသည်။
Source : https://goo.gl/3oF69o
via IFTTT

Eleven Broadcasting

အဲလိဇဘတ်ဘုရင်မကြီး၏ သက်တော်စောင့်တပ်အား ကနေဒါအမျိုးသမီးစစ်ဗိုလ်တစ်ဦး ပထမဆုံးအဖြစ်ကွပ်ကဲခွင့်ရရှိ (ရုပ်သံ) ကနေဒါစစ်တပ်ရဲ့ ကပ္ပတိန် မီဂန်ကူတိုဟာ ဗြိတိန်နိုင်ငံဘက်ကင်ဟမ်နန်းတော်မှာအဲလိဇဘတ်ဘုရင်မကြီးရဲ့ သက်တော်စောင့်တပ်ကို ကွပ်ကဲခွင့်ရရှိတဲ့ ပထမဆုံးအမျိုးသမီးခြေလျင်စစ်တပ်အရာရှိတစ်ဦး ဖြစ်လာခဲ့ပါတယ်။
Source : http://ift.tt/2teCKon
via IFTTT


ကုန်သွယ်မှုများ တိုးမြင့်စေရန်အတွက် တောင်အာဖရိက Chamber နှင့် ကုန်သည် စက်မှုအသင်းချုပ်တို့ နားလည်မှု စာချွန်လွှာ ရေးထိုးမည် --- --- --- ကုန်သွယ်မှုများ တိုးမြင့်စေရန်အတွက် တောင်အာဖရိက Chamber နှင့် ကုန်သည် စက်မှုအသင်းချုပ် တို့အကြား နားလည်မှုစာချွန်လွှာ ရေးထိုးသွားကြမည် ဖြစ်ကြောင်း ဇွန်လ ၂၇ ရက်တွင် UMFCCI က သတင်းထုတ်ပြန်သည်။ ထိုင်းနိုင်ငံအခြေစိုက်၊ South Africa သံအမတ်ကြီး H.E. Mr. Geoffery QM Doidge သည် နှစ်နိုင်ငံ စီးပွားကုန်သွယ်မှု လုပ်ငန်းများ တိုးမြှင့်ဆောင် ရွက်နိုင်ရေး အတွက် UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် ဇွန်လ ၂၆ ရက်က တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယင်းသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ သံအမတ်ကြီးမှ နှစ်နို်င်ငံအကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်ရာတွင် အခက်အခဲ၊ အတားအဆီးများကို အရင်ဆုံးရှာဖွေ၍ တိုးတက်အောင် ဆောင်ရွက်သင့်မှုများ၊ တောင်အာဖရိက နို်င်ငံသို့ ပို့ကုန်များ တင်ပို့နို်င်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန် ဆောင်ရွက်စေလိုမှုများ၊ ၄င်းတို့နိုင်ငံ အနေဖြင့် မော်တော်ကား ဈေးကွက်ရှိပြီးသား ဖြစ်သည့် အတွက် အဆိုပါ ဈေးကွက်နှင့် ချိတ်ဆက်စေလိုမှုများ ပြောကြားခဲ့ သည်ဟုလည်း UMFCCI ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါအစည်းအဝေးသို့ UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် အတူ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေး နှင့် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးမျိုးသန့် တို့ တက်ရောက်ခဲ့ကြောင်းသိရသည်။ ဇော်မင်းထွန်း The Ladies News http://ift.tt/2sM66d4
Source : http://ift.tt/2sM66d4
via IFTTT

The Voice

‘ကျွန်’ ဇာတ်ကားကိစ္စ ရုပ်ရှင်အစည်းအရုံး ကြားဝင်ညှိနှိုင်း မန္တလေး၊ ဇွန် ၂၆ ပုဂံဒေသကို ဇာတ်အိမ်ပြု ရိုက်ကူးခဲ့သည့် ကျွန်ရုပ်ရှင်ကားနှင့် ပတ်သက်၍ ဒေသခံများနှင့် ထုတ်လုပ်သူ၊ ဒါရိုက်တာများအကြား ကြားဝင်ညှိနှိုင်း ဖြေရှင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးထံမှ သိရသည်။ ကျွန်ရုပ်ရှင် ဇာတ်ကားကို မြန်မာနိုင်ငံရှိ ရုပ်ရှင်ရုံများတွင် ဇွန်လ ပထမပတ်က စ၍ ရုံတင်ပြသခဲ့ရာ အဆိုပါ ရုပ်ရှင်ကားတွင် ပါဝင်သည့် အသုံးအနှုန်းများ၊ သရုပ်ဖော်ချက်များ၊ ဇာတ်လမ်းသဘောတရားများသည် ပုဂံဒေသ၏ ဂုဏ်သိက္ခာကို ကျဆင်းစေသဖြင့် ဒေသခံများက ကန့်ကွက်ခဲ့ကြသည်။ “ကျွန်တော့်အနေနဲ့က ဒီနေ့ခေတ်ကြီးမှာ အနုပညာရှင်တွေနဲ့ ဒေသခံတွေအကြား၊ ပရိသတ်တွေအကြား အဆင်မပြေတဲ့ ပြဿနာတစ်ခုကို ဆက်ပြီးတော့ မကြီးထွားစေချင်ပါဘူး။ ဒါကြောင့် ကန့်ကွက်တဲ့ ဒေသဆိုင်ရာ တာဝန်ခံ ခေါင်းဆောင်တွေနဲ့ ရုပ်ရှင်ထုတ်လုပ်သူ ဒါရိုက်တာတွေနဲ့ကြားမှာ အဆင်ပြေဆုံးဖြစ်အောင် အတတ်နိုင်ဆုံး ကြားဝင် ညှိနှိုင်းဖြေရှင်းပေးတာပါ။ အနုပညာလောကကို အခြေခံပြီး ပြဿနာတစ်စကို မီးမွှေးတာမျိုး မဖြစ်စေချင်ပါဘူး” ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ပြောကြားသည်။ ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ဇွန်လ ၂၅ ရက်နေ့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံ ဥက္ကဋ္ဌနှင့် ဒေသခံများ တွေ့ဆုံခဲ့ကြကြောင်း မင်္ဂလာသာစည် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းမောင်က ပြောဆိုသည်။ ယင်းသို့ တွေ့ဆုံစဉ် ကျွန်ရုပ်ရှင်ကားနှင့် ပတ်သက်၍ တာဝန်အရှိဆုံး ပုဂ္ဂိုလ်များက ပုဂံ-ညောင်ဦး ဒေသခံများ၏ ဂုဏ်သိက္ခာ ညှိးနွမ်းကျဆင်းစေမှုအတွက် ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ရန်၊ ထိုသို့ တောင်းပန်သည့် အကြောင်းအရာကို နိုင်ငံပိုင်သတင်းစာမှ ထည့်သွင်းပေးရန်၊ ရုံတင်ပြသနေမှုကို ချက်ချင်းရပ်ဆိုင်းပေးရန်၊ ဗီဒီယိုဇာတ်ကားအဖြစ် ထုတ်လုပ်ဖြန့်ဖြူးခြင်း မလုပ်ရန်၊ ယင်းဇာတ်ကားကို ပြည်တွင်းပြည်ပနှင့် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များတွင် ပါဝင်ပြသခြင်း မပြုလုပ်ရန်၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု စိစစ်ရွေးချယ်ရေး ကော်မတီထံ အဆိုတင်သွင်းခြင်း မပြုရန်၊ ကျွန်ရုပ်ရှင်ဇာတ်ကားကို ရုပ်ရှင်ဗီဒီယိုဆင်ဆာအဖွဲ့က ပြသခွင့် ပြုထားခြင်းကို ပြန်လည်ရုပ်သိမ်းပေးရန် စသည်တို့ ဆွေးနွေးခဲ့ကြောင်း၊ ဒေသခံများ တောင်းဆိုထားသည့် အချက်ခြောက်ချက်အနက် အမှတ်စဉ် ၁ မှ ၄ အထိကို ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ပြောကြားခဲ့ကြောင်း မင်္ဂလာသာစည် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။ “မှန်ပါတယ်။ ဒီအချက်တွေထဲက လေးချက်လောက်ကို ရအောင် ညှိနှိုင်းပေးမယ်ဆိုတဲ့ နေရာမှာ ရာနှုန်းပြည့် သဘောတူညီမှု မရသေးပါဘူး။ ဆက်ပြီး ဆွေးနွေးရဦးမယ်ပေါ့။ ကျွန်တော်နဲ့ ဒေသခံတွေ ညှိနှိုင်းခဲ့တာတွေကို ထုတ်လုပ်သူ၊ ဒါရိုက်တာတွေနဲ့ သုံးပွင့်ဆိုင် ဆွေးနွေးသွားမယ်” ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက အတည်ပြု ပြောဆိုသည်။ “မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဆိုတာက ကျွန်တော်တို့ရဲ့ လူမှုရေးကိစ္စတွေကို ဖြေရှင်းပေးတဲ့ အဖွဲ့အစည်းတစ်ခုပဲ။ ကောင်းတဲ့အရာတွေကို လုပ်ဆောင်ပေးတဲ့ အဖွဲ့အစည်းတစ်ခုပေါ့။ ကျေးဇူးတင်ပါတယ်” ဟု ကျွန်ရုပ်ရှင်ဇာတ်ကား ရိုက်ကူးသူ ညွန့်မြန်မာညီညီအောင်က The Voice သို့ ပြောကြားသည်။ ယင်းကျွန်ရုပ်ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က ရိုက်ကူးထားပြီး သရုပ်ဆောင်များအဖြစ် နေတိုး၊ မြင့်မြတ်၊ ရဲအောင်၊ ဝတ်မှုံရွှေရည်၊ စိုးမြတ်သူဇာနှင် ထူးမွန်တို့က အဓိက သရုပ်ဆောင်ထားသည်။
Source : https://goo.gl/tpkQJm
via IFTTT

The Voice

လှည်းကူးရှိ ဖယ်ရှားခံ ကျူးကျော်များ နေပြည်တော် ရွှေနံ့သာ ဘောလုံးကွင်းတွင် ဆန္ဒထုတ်ဖော် ရန်ကုန်၊ ဇွန် ၂၆ လှည်းကူးမြို့နယ် အမြန်လမ်းရှိ ကျူးကျော်နေအိမ်များ ဖယ်ရှားခံရမှုနှင့် ပတ်သက်၍ ဖယ်ရှားခံရသူများ စုပေါင်းကာ ဇွန်လ ၂၆ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ရွှေနံ့သာ ဘောလုံးကွင်း၌ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်သူများထံမှ သိရသည်။ လှည်းကူးမှ ဖယ်ရှားခံရသူ ကျူးကျော်အယောက် ၅၀ ခန့် စုပေါင်း၍ ဇွန်လ ၁၅ ရက်မှ စတင်ပြီး လှည်းကူးမှ နေပြည်တော်သို့ လမ်းလျှောက်ကာ ၁၁ ရက်ကြာ ဆန္ဒထုတ်ဖော်ခဲ့ပြီးနောက် ဇွန်လ ၂၆ ရက်တွင် နေပြည်တော်ရှိ ရွှေနံ့သာ ဘောလုံးကွင်း၌ နံနက် ၉ နာရီမှ ၁၁ နာရီထိ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း လမ်းလျှောက်ဆန္ဒထုတ်ဖော်သူများထံမှ သိရသည်။ “ရွှေနံ့သာဘောလုံးကွင်းမှာ ဆန္ဒပြရတဲ့ ရည်ရွယ်ချက်က တစ်ခုထဲပါ။ နေစရာမရှိလို့ အိမ်ထောင်စု တစ်စုကို ပေ ၄၀ x ပေ ၆၀ မြေတစ်ကွက်စီ ပေးဖို့တောင်းဆိုတာပါ။ ကျူးကျော်အိမ်တွေ မဖျက်ခင်တည်းက နေစရာ တစ်နေရာပေးဖို့ တောင်းဆိုထားတာပါ။ အခုလှည်းကူးပြန်ဖို့ နေပြည်တော်ကောင်စီ နယ်မြေရဲတပ်ဖွဲ့က တာဝန်ရှိသူတွေက လိုက်ပို့ပေးပါတယ်” ဟု လမ်းလျှောက်ဆန္ဒထုတ်ဖော်သူ ဦးမောင်နိုင်က ဆိုသည်။ ဆန္ဒဖော်ထုတ်ပွဲကို ဇွန် ၂၆ ရက် ရွှေနံ့သာကွင်းတွင် နံနက် ၉ နာရီမှ စတင်ကာ မြေနေရာမဲ့ ပြည်သူများ မြေနေရာ ရရှိရေး၊ ကျူးကျော်ရှင်းလင်းရာတွင် စနစ်တကျ စိစစ်ရှင်းလင်းဖယ်ရှားရေး အချက်နှစ်ချက်ကို တောင်းဆိုခဲ့ကြသည်။ ထို့ပြင် မြေနေရာမဲ့များကို မြေရာ အစားထိုး ပြန်လည်ပေးနေရာချပေးရန်အတွက် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ထံ ဇွန်လ ၂၆ ရက်က အသနားခံစာ တင်ခဲ့ကြောင်း ဆန္ဒဖော်ထုတ်သူများထံမှ သိရသည်။ ကျူးကျော်တဲများ ဖျက်ဆီးရာတွင် စခန်းကြီးကျေးရွာနှင့် ကံ့ကော်ကျွန်း ကျေးရွာတို့တွင် ကျူးကျော်တဲ ၅၀၂ လုံးရှိပြီး အောင်ရတနာ၊ ရတနာအောင်၊ အောင်သုခ၊ စိမ်းလန်းကျေးရွာတို့ ပါဝင်သည်။ လှည်းကူးမြို့နယ်၊ စခမ်းကြီးကျေးရွာအုပ်စု၊ အမြန်လမ်း လမ်းဘေးဝဲယာရှိ မြေဧက ၁၄၅၃ ဒသမ ၇၂ ဧကပေါ်တွင် နေထိုင်သည့် ကျူးကျော်တဲ ၆၀၀ ခန့်ကို ဇွန်လ ၁၂ ရက်၊ နံနက် ၉ နာရီအချိန်က စတင်ကာ ရဲတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်နှင့် အရပ်သား အလုပ်သမား ၁၀၀၀ ခန့်တို့က ဖျက်သိမ်းခဲ့ပြီး ယခုလက်ရှိတွင် ကျူးကျော်တဲများ အားလုံး အပြီးသတ် ရှင်းလင်းဖယ်ရှားပြီးပြီ ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။ ရန်ကုန်တိုင်းတွင် ကျူးကျော်နေထိုင်သူဦးရေ လေးသိန်းကျော်ခန့် ရှိကြောင်း တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားပြီး ယခုဖယ်ရှားခံရသည့် လှည်းကူးမြို့နယ်၊ စခမ်းကြီးကျေးရွာရှိ ကျူးကျော်များသည် တိုင်းအစိုးရအဖွဲ့က ကောက်ယူသည့် စာရင်းတွင် မပါဝင်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။ အဆိုပါနေရာတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ပုဂ္ဂလိက ကုမ္ပဏီများ ပူးပေါင်းပြီး နိုင်ငံတကာအဆင့်မီ စာသင်ကျောင်း အပါအဝင် လူနေအိမ် ပန်းခြံနှင့် ဆေးရုံ၊ ဂေါက်ကွင်း၊ ဈေးများ စသည်တို့ ပါဝင်သည့် နိုင်ငံတော်အဆင့် စီမံကိန်းတစ်ခု ပြုလုပ်မည် ဖြစ်သည်။
Source : https://goo.gl/qwPrKe
via IFTTT

Eleven Broadcasting

မိုဆူးလ်တစ်မြို့လုံးကိုလာမည့်ရက်အနည်းငယ်အတွင်း သိမ်းပိုက်နို်င်တော့မည်ဖြစ်ကြောင်း အီရတ်စစ်တပ်ဘက် ပြောကြား (ရုပ်သံ) မိုးဆူးလ်တစ်မြို့လုံးကိုလာမယ့်ရက်အနည်းငယ်အတွင်း သိမ်းပိုက်နိုင်တော့မှာဖြစ်တယ်လို့အိီရတ်စစ်တပ် ဗိုလ်ချုပ်ကြီးတစ်ဦးက ဇွန်လ(၂၆)မှာရိုက်တာသတင်းဌာနကိုပြောကြားခဲ့ပါတယ်။
Source : http://ift.tt/2sgwWqg
via IFTTT

The Voice

ယာဉ်အကူများ အလုပ်ရရှိရန် ကုမ္ပဏီဝန်ထမ်းအဖြစ် ခန့်အပ်မည် ရန်ကုန်၊ ဇွန် ၂၆ ရန်ကုန်မြို့အတွင်း YBS တံဆိပ်တပ် ယာဉ်လိုင်းစနစ်ဖြင့် ခရီးသည် ပို့ဆောင်ရာ အလုပ်လက်မဲ့ ဖြစ်သွားသော ယာဉ်အကူများကို ကုမ္ပဏီဝန်ထမ်းအဖြစ် ခန့်အပ်မည် ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး YUPT ကုမ္ပဏီထံမှ သိရသည်။ YBS ယာဉ်လိုင်းစနစ်သစ် စတင်ပြေးဆွဲချိန်တွင် ယာဉ်လိုင်းအချို့သည် ယာဉ်အကူမပါဘဲ ငွေပုံးများတွင် ခရီးသည်ကိုယ်တိုင်ထည့်၍ ပေးစီးရသည့်စနစ်ကို ကျင့်သုံးခဲ့သဖြင့် ယာဉ်နောက်လိုက်အချို့သည် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။ “ယာဉ်အကူတွေကို ယာဉ်ပေါ်မှာ မထားတော့ဘူး။ ဂိတ်တွေမှာ အကြွေလဲပေးတဲ့ နေရာမှာ အလုပ်ခန့်အပ်မယ်” ဟု YUPT ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးမောင်မောင်လွင်က ဆိုသည်။ YBS ယာဉ်လိုင်းဂိတ်များတွင် အဆိုပါ ယာဉ်အကူ ဝန်ထမ်းများကို ငွေရေတွက်ခြင်း၊ ခရီးသည်များကို အကြွေလဲပေးခြင်း စသည့် တာဝန်ပေးအပ်မည်ဖြစ်ပြီး တစ်ဂိတ်လျှင် ဝန်ထမ်းလေးဦးခန့် ထားရှိမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ YUPT ကုမ္ပဏီလက်အောက်တွင် ပြေးဆွဲနေသည့် YBS ယာဉ်လိုင်း ၂၀ ကျော်ရှိပြီး YBS ၃၊ ၄၊ ရ၊ ၂၉၊ ၃၆၊ ၅၉ စသည့် ယာဉ်လိုင်းများတွင် ယာဉ်အကူမပါဘဲ ငွေပုံးစနစ်ဖြင့် ဇူလိုင်လ ဒုတိယအပတ်တွင် စတင်ကျင့်သုံးမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး YUPT ကုမ္ပဏီတွင် လက်ရှိ ယာဉ်အကူများကို ခန့်အပ်ထားပြီး ဝန်ထမ်း ၂၀၀ ခန့်ရှိပြီး ထပ်မံ၍ ဝန်ထမ်း ၁၀၀ ကျော် ခန့်အပ်ရန် လျာထားကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။
Source : https://goo.gl/Sfkomv
via IFTTT

The Voice

တရုတ်ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် လျူရှောင်းဘို ထောင်မှလွတ် ဘေကျင်း၊ ဇူလိုင် ၂၆ တရုတ်ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် လျူရှောင်းပိုမှာ အသည်းကင်ဆာရောဂါ ကျွမ်းနေခြင်းကြောင့် ကုသမှု ခံယူခဲ့ရပြီးနောက် အစိုးရက ထောက်ထားစာနာမှုဖြင့် ထောင်မှ ပြန်လွှတ်ပေးခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။ လူ့အခွင့်အရေး လှုပ်ရှားသူ လျူသည် ဒီမိုကရေစီရေး တောင်းဆိုမှုများကြောင့် ၂၀၀၉ ခုနှစ်တွင် နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ထောင်ချခံခဲ့ရသည်။ လွန်ခဲ့သောတစ်လခန့်က လျောင်နင်းပြည်နယ်ရှိ ဆေးရုံတစ်ရုံတွင် ကုသမှု ခံယူခဲ့ရကြောင်း သူ၏ ရှေ့နေဖြစ်သူက ပြောကြားသည်။ ၂၀၁၀ ပြည့်နှစ်တွင် ခင်ပွန်းသည် ငြိမ်းချမ်းရေးနိုဘယ်လ် ရကတည်းက ဇနီးသည် လျူရှားမှာလည်း စွဲချက်တင်ခံရခြင်း မရှိဘဲ နေအိမ်အကျယ်ချုပ် ချမှတ်ခံခဲ့ရသည်။ ယင်းအတွက် တရုတ်အာဏာပိုင်များက ဖြေရှင်းချက် မပေးခဲ့ပေ။ ယခုအခါ အသက် ၆၁ နှစ်ရှိပြီဖြစ်သည့် လျူရှောင်းပိုမှာ ၁၉၈၉ တီယန်နန်မင်ရင်ပြင် ဆန္ဒပြမှုများတွင် အဓိက ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။ လျူရှောင်းပိုမှာ မေလ ၂၃ ရက်နေ့ တွင် ကင်ဆာရောဂါ ကုသမှု ခံယူခဲ့ကြောင်း လျူ၏ ညီဖြစ်သူက South China Morning Post သို့ အတည်ပြုသည်။ လျူသည် တရုတ်ပြည်လူ့အခွင့်အရေးလှုပ်ရှားမှု၏ အကျော်ဇေယျ သင်္ကေတတစ်ခု ဖြစ်သည်ဟု နိုဘယ်လ်ကော်မတီက ထုတ်ပြန်ခဲ့သည်။ နိုဘယ်လ်ဆုကို ကိုယ်တိုင်ကိုယ်ကျ လက်ခံရယူနိုင်ခဲ့ခြင်း မရှိဘဲ ထိုင်ခုံလွတ်ဖြင့်သာ ကိုယ်စားပြုပေးခဲ့သည်။ လျူကို ရာဇဝတ်ကောင်ဟု သတ်မှတ်သော တရုတ်အစိုးရမှာ ယင်းသို့ ဆုချီးမြှင့်ခြင်းအတွက် မကျေမနပ်ဖြစ်ခဲ့သည်။ ပါတီစုံ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး တောင်းဆိုသော Charter 08 ကို ဦးဆောင်ပြုစုခဲ့မှုအတွက် နိုင်ငံတော်အာဏာ ထိပါးနှောင့်ယှက်မှုဖြင့် လျူကို ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့ရာ ယခု ၃ နှစ်သာ ကျန်ရှိချိန်တွင် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
Source : https://goo.gl/nR1yvW
via IFTTT

Eleven Broadcasting

ဇွန်လ ၂၇ ရက်နေ့ နံနက်ပိုင်း သတင်းအစီအစဉ် (နံနက် ၇ နာရီခွဲ တိုက်ရိုက်ထုတ်လွှင့်မှု) ■ တရုတ်နိုင်ငံသို့ ရခိုင်ကမ်းလွန်မှ သဘာဝဓာတ်ငွေ့ရောင်းချသည့် မြန်မာ-တရုတ် ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း အကျိုးအမြတ် မရသေးဟုဆို ■ လာမည့်ပညာသင်နှစ် မှစတင်ကာ တက္ကသိုလ်ဝင်ခွင့်စနစ် ပြောင်းလဲသတ်မှတ်မည် ■ လက်ပံတောင်းတောင် စီမံကိန်းအား ဖျက်သိမ်းပေးရန် ၂၀၁၇ ခုနှစ်အတွင်း ဒေသခံများ၏ (ရ) ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုကို ရဲတပ်ဖွဲ့မှ ပိတ်ဆို့တားဆီးခဲ့ ■ သခင်ဗဟိန်း ရာပြည့်အထိမ်းအမှတ် အခမ်းအနားကို မန္တလေးမြို့တွင် ကျင်းပ ■ မဟာဗန္ဓုလပန်းခြံဘေးရှိ လမ်းဘေးဈေးဆိုင်တန်းများကို စည်းမျဉ်းစည်းကမ်းနှင့်အညီ ရောင်းချနေခြင်း ရှိ/မရှိ လိုက်လံစစ်ဆေး ■ မလေးရှားရေပြင်တွင် ထိုင်းလောင်စာဆီတင် သင်္ဘောတစ်စင်း ဓားပြတိုက်ခံရ ■ မိုဆူးလ်တစ်မြို့လုံးကို လာမည့်ရက်အနည်းငယ်အတွင်း သိမ်းပိုက်နို်င်တော့မည်ဖြစ်ကြောင်း အီရတ်စစ်တပ်မှ ပြောကြား ■ ဟောင်ကောင်သို့ တရုတ်သမ္မတ မလာရောက်မီ ဟောင်ကောင် တက်ကြွလှုပ်ရှားသူများက ဆန့်ကျင်ဆန္ဒပြပွဲများပြုလုပ်
Source : http://ift.tt/2saT0XT
via IFTTT

Eleven Broadcasting

ဂျပန်ထိပ်တန်း ကားပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီကြီး တာကာတာ ဒေဝါလီခံရန် လျှောက်ထား (ရုပ်သံ) ဂျပန်နိုင်ငံရဲ့ ကားပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ တာကာတာဟာ စီးပွားရေးကျပ်တည်းမှု အခြေအနေ တွေကြောင့် ဒေဝါဒီခံဖို့အတွက် လျှောက်ထားခဲ့ပြီး ၎င်းကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူဟာလည်း ရာထူးကနေ နုတ်ထွက်မှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
Source : http://ift.tt/2teb8Ql
via IFTTT

The Voice

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ တက္ကသိုလ် ၁၇ ခုတွင် လက်ခံမည် ရန်ကုန်၊ ဇွန် ၂၆ ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအတွက် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို တက္ကသိုလ် ၁၇ ခုတွင် လက်ခံပေးသွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန ဆရာအတတ်ပညာနှင့် လေ့ကျင့်ရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းက ပြောကြားသည်။ တက္ကသိုလ်ဝင်ခွင့်လျှောက်ရန်အတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ စာအိတ်နှင့် လျှောက်လွှာပုံစံများကို ကျောင်းသား၊ ကျောင်းသူများအနေနှင့် ထုတ်ယူသည့်နေ့မှစ၍ ၁၅ ရက်အတွင်း ပေးပို့ရမည်ဖြစ်သည်။ “အရင်နှစ်တွေက တစ်နိုင်ငံလုံးက လျှောက်လွှာအားလုံး ရန်ကုန်ကိုပဲ ပို့ရတာ။ အဲဒီမှာ လျှောက်လွှာတွေ အချိန်မီ ရောက်မလာကြဘူး။ ဒါကြောင့် ဒီနှစ်ကစပြီးတော့ အချိန်မီ ရောက်အောင်ဆိုပြီး တက္ကသိုလ် ၁၇ ခုမှာ ခွဲပြီးတော့ လက်ခံဖို့လုပ်တာ”ဟု ဒေါက်တာအောင်အောင်မင်းက ပြောကြားသည်။ လျှောက်လွှာစာအိတ်များကို မြစ်ကြီးနား၊ လွိုင်ကော်၊ ဘားအံ၊ ဟားခါး၊ မုံရွာ၊ ထားဝယ်၊ တောင်ငူ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မော်လမြိုင်၊ စစ်တွေ၊ ရန်ကုန်၊ တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံနှင့် ပုသိမ်တို့ရှိ တက္ကသိုလ်တို့မှ လက်ခံသွားရန် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဝင်းက ၂၀၁၇ ခုနှစ် ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အဆင့်မြင့်ပညာကဏ္ဍ) တွင် စာတမ်း တင်သွင်းခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် တက္ကသိုလ်ဝင် တန်းစာမေးပွဲ အောင်မြင်သူ (၁၉၀၃၉၀) ဦးရှိပြီး သတ်မှတ်ရက်အတွင်း လက်ခံရရှိသည့် လျှောက်လွှာ အရေအတွက်မှာ လူကိုယ်တိုင် လျှောက်ထားသူ (၃၉၁၄၆) ဦးနှင့် စာတိုက်နှင့် အမြန်ချောပို့မှ လျှောက်ထားသူ (၉၁၃၇) ဦး၊ စုစုပေါင်း (၄၈၂၈၃) ဦးသာ လျှောက်ထားခဲ့ကြကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ၂၅ ရာခိုင်နှုန်းကျော်သာ လက်ခံရရှိခဲ့ကြောင်း ဒေါ်သန်းသန်းဝင်းက စာတမ်း တင်သွင်းချိန်တွင် ပြောကြားသည်။ “လက်ခံရရှိတဲ့ လျှောက်လွှာစာအိတ်တွေထဲကနေ ဝင်ခွင့်ရွေးချယ်ရေး ကတ်ပြားက အချက်အလက်တွေကို စစ်ဆေးဖို့ လုပ်ငန်းစဉ်အတွက် အချိန် ၁၂ ရက် ယူရတယ်။ လုပ်ငန်းအဆင့် ၆ ဆင့်ရှိပါတယ်။ ဒါကြောင့် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာစာအိတ်တွေ စောစော ရောက်ရှိရေးဟာ အဓိက လိုအပ်ပါတယ်”ဟု ၎င်းကဆိုသည်။ ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ချင်းပြည်နယ်မှ အောင်မြင်ခဲ့သည့် ကျောင်းသားမိဘတစ်ဦးကမူ “အရမ်း ကောင်းပါတယ်။ အရင်နှစ်တွေကတည်းက ဖြစ်သင့်တယ်။ အကြီးမတုန်းက စာတိုက်ကနေ အမြန် ချောပို့ရတာ။ အချိန်အားဖြင့် တစ်လလောက် ကြာတယ်။ ဒီဘက်က လမ်းခရီးကလည်း မိုးတွင်းဆို ကားတွေက သွားရတာ အဆင်မပြေဘူးလေ။ ပို့ခတော့ ဘယ်လောက်လဲ မမှတ်မိတော့ဘူး”ဟု ပြောဆိုသည်။ သက်ဆိုင်ရာ တက္ကသိုလ်များမှတစ်ဆင့် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို အဆင့်မြင့်ပညာကဏ္ဍ (ရန်ကုန်ရုံးခွဲ) မှ ဆက်လက် လက်ခံသွားမည်ဖြစ်ပြီး ဝင်ခွင့်ရရှိကြောင်း အကြောင်းပြန်သည့် ကတ်ပြားများကို ကျောင်းသား၊ ကျောင်းသူများထံ စာတိုက်မှသော်လည်းကောင်း၊ ရပ်/ကျေး အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးများမှသော်လည်းကောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန(ရန်ကုန်) က အချိန်မီ ပြန်လည် ပေးပို့မည်ဖြစ်သည်။ ၂၀၁၇ ခုနှစ်အတွက် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် ဖြန့်ဝေခြင်း၊ တက္ကသိုလ် ဝင်ခွင့် လျှောက်လွှာများ ခေါ်ယူခြင်းများကို ဩဂုတ်လ လဆန်းပိုင်းတွင် ပြုလုပ်သွားမည်ဟု ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Source : https://goo.gl/f8cVZv
via IFTTT

Monday, June 26, 2017

7Day News Journal

ပါကစ္စတန်နိုင်ငံမှာ ဆီတင်ထရပ်ကားကြီး ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူ အရေအတွက် ၁၅၀ ကျော်ထိ မြင့်တက်လာကြောင်း သိရသည်။ ဇွန် ၂၅ ရက်က အာမက်ဒ်ပူအာမြို့ အရှေ့ပိုင်းတွင် လောင်စာဆီများ တင်ဆောင်လာသော ကားကြီးတစ်စီး လမ်းချော် တိမ်းမှောက်ပြီးနောက် ယိုဖိတ်လာသော ဆီများကို ဒေသခံများက လာရောက် စုဆောင်း ယူငင်ချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဟု အာဏာပိုင်များက ပြောကြားခဲ့သည်။ အနီးအနား ကျေးရွာများတွင် နေထိုင်သူများသည် အန္တရာယ် ဖြစ်နိုင်ခြေကို လုံးဝ မတွေးဘဲ ဆီများကို ရယူနေချိန်တွင် တိမ်းမှောက်သော ထရပ်ကားက မီးထလောင်ပြီး ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ထရပ်ကားသည် လမ်းကွေ့ တစ်နေရာတွင် ရုတ်တရက် ဘီးပေါက်ရာမှ အရှိန်လွန် တိမ်းမှောက်သွားခြင်းဟု ယုံကြည်ရသည်။ “တကယ်တော့ ဖြစ်ရပ်က အသေးစား မတော်တဆမှုလောက် အဆင့်လို့ ဆိုရမှာပါ။ ဒါပေမဲ့ ကံအကြောင်း မလှစွာနဲ့ပဲ အခြေအနေ အရမ်းဆိုးသွားတယ်”ဟု ကယ်ဆယ်ရေး အဖွဲ့၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဂျမ်ဆာဂျက်ဒ်က ပြောကြားခဲ့သည်။ ပေါက်ကွဲမှုသည် ကားမှောက်မှုနှင့် မဆိုင်ဘဲ ဖြတ်သွားဖြတ်လာ တစ်ဦးဦးက ပစ်ချခဲ့သည့် စီးကရက်မီးကြောင့် စတင်ခြင်း ဖြစ်နိုင်ကြောင်း ကယ်ဆယ်ရေးများက ယူဆထားသည်။ ဖြစ်စဉ်ကြောင့် သေဆုံးသူဦးရေ ၁၅၀ ကျော်သွားပြီဖြစ်ပြီး ဒါဇင်ပေါင်းများစွာ ဆေးရုံတွင် ကုသမှု ခံယူနေရဆဲ ဖြစ်သည်။ ယင်းတို့အနက် မီးလောင်ဒဏ်ရာ ဆိုးဆိုးရွားရွား ရရှိထားသူများလည်း ပါဝင်နေကြောင်း သိရသည်။ အဆိုပါ ဖြစ်ရပ်ကြောင့် ဝန်ကြီးချုပ် နာဝက်ဇ်ရှာရစ်ဖ်သည် ဗြိတိန်သို့ အလည်အပတ် သွားရောက်မှု ခရီးစဉ်မှ သတ်မှတ်ရက်ထက် စောပြီး ပါကစ္စတန်သို့ လှည့်ပြန်လာကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။ ဒဏ်ရာရသူများကို ဆေးရုံများသို့ ပို့ဆောင်ရာတွင် စစ်တပ် ရဟတ်ယာဉ်များကပါ ပူးပေါင်း ကူညီခဲ့ကြောင်း ပါကစ္စတန် စစ်တပ်၏ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူးချုပ် အာဆစ်ဖ် ဂါဖူးက ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့၏ အဆိုအရ တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည့် ထရပ်ကားသည် လောင်စာဆီ ဂါလံ ၅၅၀၀ ကို ကရာချိမြို့မှ လာဟိုးမြို့သို့ တင်ဆောင် မောင်းနှင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
Source : http://ift.tt/2tcEy1S
via IFTTT

The Voice

ဆက်သွယ်ရေးဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို ပို့ဆက်ဝန်ကြီးဌာန ရေးဆွဲပြီးဟုဆို ရန်ကုန်၊ ဇွန် ၂၅ ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ ၆၆(ဃ) ကို ပြင်ဆင်နိုင်ရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအနေနှင့် ဥပဒေအရ ပြင်ဆင်မှုများ ပြုလုပ်ကာ အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေးနှင့် ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေး လှုပ်ရှားမှု ပူးပေါင်းအဖွဲ့ထံမှ သိရသည်။ အရပ်ဘက်အဖွဲ့အစည်း ၂၂ ဖွဲ့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့် ဇွန် လ ၂၂ ရက်တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အပါအဝင် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီတို့နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း PEN Myanmar အဖွဲ့၏ Program Manager ဒေါ်ဇာခြည်ဦးက ပြောသည်။ ယင်းသို့တွေ့ဆုံရာတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန့်စင်မောင်နှင့်တွေ့ဆုံခဲ့ပြီး ဝန်ကြီးဌာနအနေဖြင့် ဥပဒေအရ ပြင်ဆင်ရမည့် အချက်များ ပါဝင်သည့် ဆက်သွယ်ရေးဥပဒေ ပြင်ဆင်သည့် ဥပဒေ ကြမ်းကို ရေးဆွဲပြီးပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။ “သူတို့ကတော့ ဒါကိုပြင်ချင်တယ်။ ဒီဟာက သူတို့အတွက် စိတ်အနှောင့်အယှက် ဖြစ်တယ်။ ပြင်မယ်လို့ အဆိုပြုထားတဲ့ အချက်သုံးချက်ရှိတယ်”ဟု ၎င်းက ဆိုသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ပြင်ဆင်ထားသည့် ဥပဒေကြမ်းတွင် အကြမ်းဖျင်းအရ ဝန်ကြီးဌာနက ကြိုတင်ခွင့်ပြုမိန့်ပေးခြင်းကို ပယ်ဖျက်ပေးရန်၊ အာမခံပေးရန်နှင့် တတိယပုဂ္ဂိုလ်က တရားစွဲဆိုခြင်းများကို ပယ်ဖျက်ပေးရန် စသည့်အချက်များ ပါဝင်မည်ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။ လက်ရှိ ဥပဒေကြမ်းသည် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ တင်ပြထားပြီး အဆင့်ဆင့် သဘော တူညီမှုများရရှိပြီး လွှတ်တော်တွင် ဆွေးနွေး အတည်ပြုမည်ဖြစ်ကြောင်း ဆက်သွယ်ရေး ဥပဒေပြင်ဆင်ရေးနှင့် ပုဒ်မ ၆၆(ဃ) ဖျက်သိမ်းရေးလှုပ်ရှားမှု ပူးပေါင်းအဖွဲ့ထံမှ သိရသည်။ အလားတူ ပူးပေါင်းအဖွဲ့အနေဖြင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးနှင့်အတူ ကော်မတီဝင်များနှင့် တွေ့ဆုံရာတွင် လက်ရှိလွှတ်တော်သို့ သက်ဆိုင်ရာ ဝန်ကြီးဌာန သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ်များက ပေးပို့လာခြင်း မရှိသေးဘဲ တင်သွင်းလာပါက ၎င်းတို့အနေဖြင့် ဆွေးနွေးချက်များကို ထည့်သွင်း သုံးသပ်မှုများ ပြုလုပ်သွားမည်ဟု ဖြေကြားခဲ့ကြောင်း ပူးပေါင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ “ပြင်ဖို့ကို ဝန်ကြီးဌာနအနေနဲ့ကတော့ ဆန္ဒရှိတယ်။ ဥပဒေကြမ်းကိုလည်း တင်ပြီးပြီ။ ဥပဒေကြမ်း ကော်မတီဘက်ကတော့ သူတို့ကလည်း စောင့်နေတယ်။ လာလို့ရှိရင် အရေးတယူ လုပ်မယ်ပေါ့။ အဲဒါမှာ အစ်မတို့ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အသံကိုလည်း နားထောင်မယ်။ ဒါပေမဲ့ အမတို့လိုချင်တဲ့ အချက်အလက်တွေ ပါ မပါ ဆိုတာတော့ အများကြီး ညှိနှိုင်းရအုံးမယ်”ဟု PEN Myanmar အဖွဲ့၏ Program Manager ဒေါ်ဇာခြည်ဦးက ပြောဆိုသည်။ ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသူ လက်ရှိ အစိုးရလက်ထက်တွင် ၆၃ မှုအထိ ရှိခဲ့ပြီး ယခင်အစိုးရ လက်ထက်တွင် ၇ မှုသာ ရှိခဲ့ကြောင်း ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသနအဖွဲ့၏ စစ်တမ်းများအရ သိရသည်။ ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ရေးအတွက် လွန်ခဲ့သည့် သုံးလခန့်က စတင်ကာ အရပ်ဘက် အဖွဲ့အစည်း ၂၂ ဖွဲ့ ပူးပေါင်းပြီး စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
Source : https://goo.gl/DpEbDQ
via IFTTT

The Irrawaddy - Burmese Edition

ဥပဒေရပိုင်ခွင့်ကို တပ်မတော်ကအလွန်အကျွံအသုံးချနေဟု The Voice ဥပဒေအကြံပေးပြောဆို “ကျည်ထောင်စုသစ္စာ” သရော်စာ ဆောင်းပါးနှင့် ပတ်သက်ပြီး တပ်မတော်က ဗဟန်းမြို့နယ် ရဲစခန်းနှင့် ဗဟန်းတရားရုံးတို့၌ သီးခြားစီ တိုင်ကြားခဲ့ခြင်းမှာ ဥပဒေရပိုင်ခွင့်ကို အလွန်အကျွံ အသုံးချနေခြင်းဖြစ်ကြောင်းThe Voice အမှု၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ဝေဖန်ပြောဆိုသည်။ ဦးခင်မောင်မြင့်က “ ပြုလုပ်မှုတခုအပေါ် ပုဒ်မနှစ်ခုတပ်လို့မရဘူး။ တိုင်ကြားတဲ့သူကလည်း တဦးတည်းဖြစ်နေတယ်။ ဒီလိုလုပ်လို့ ပိုပြီးထူးခြားတာ မရှိနိုင်ဘူး။ ကျနော်တို့မှာ ဥပဒေဆိုင်ရာ အထောက်အထားတွေ အဆင်သင့်ရှိတယ်” ဟု ပြောသည်။ ၁၉၇၃ ခုနှစ် စကားရပ်များ အနက်အဓိပ္ပါယ်ဖွင့်ဆိုရေး ဥပဒေပုဒ်မ ၂၂ တွင် လူတဦးတယောက်အား ပြုလုပ်မှု တခုအတွက် ပုဒ်မနှစ်ခုဖြင့် နှစ်ကြိမ်တရားစွဲဆိုခြင်း မပြုရန် ကန့်သတ်ပြဋ္ဌာန်းထားကြောင်း ဦးခင်မောင်မြင့်က ရှင်းပြသည်။ သရော်စာဆောင်းပါးနှင့် ပတ်သက်၍ တပ်မတော်၏တိုင်ကြားမှုအပေါ် သတင်းမီဒီယာကောင်စီက ညှိနှိုင်းမှုပြုနေစဉ် မေလ ၁၇ ရက်က ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ ဒုတိယဗိုလ်မှူးကြီးလင်းထွန်းက အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် သရော်စာဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်တို့ကို အရေးယူပေးပါရန် ဗဟန်းမြို့နယ် ရဲစခန်းနှင့် တရားရုံးတို့တွင် သီးခြားစီ ထပ်မံတိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တပ်မတော်က ထိုသို့တပြိုင်နက် တိုင်ကြားမှုအပေါ် ဗဟန်းမြို့နယ်ရဲစခန်းက ဦးစွာဆောင်ရွက်မှုအဖြင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ဦးကျော်မင်းဆွေနှင့် ဗြိတိသျှကိုကိုမောင်တို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်ရုံးချိန်းတွင် ဗဟန်မြို့နယ်တရားရုံးက ဗြိတိသျှကိုကိုမောင်ကို တရားစွဲဆိုရန် မသင့်ဟုဆိုကာ အမှုပိတ်သိမ်းပေးခဲ့သော်လည်း ဦးကျော်မင်းဆွေကို အာမခံမပေးဘဲ အမှုဆက်လက် ရင်ဆိုင်စေခဲ့သည်။ နောက်ထပ်ဗဟန်းမြို့နယ်တရားရုံးသို့ တပ်မတော်က ဦးတိုက်လျောက်ထားခဲ့မှုအတွက် အကြောင်းကြားသည့်စာကို ဇွန်လ ၂၃ ရက်တွင် တရားရုံးက ကာယကံရှင် The Voice ထံ တရားဝင်ပေးအပ်ခဲ့သော်လည်း မည်သည့်ပုဒ်မဖြင့် တရားစွဲဆိုမည်ကို မသိရသေးကြောင်း ဦးခင်မောင်မြင့်က ပြောသည်။ ဗဟန်းတရားရုံးသို့ တပ်မတော်က ဦးတိုက်လျောက်ထားမှုအတွက် ပုဒ်မထပ်တပ်၍ ထပ်မံတရားစွဲဆိုမည် ဆိုပါက ဗြိတိသျှကိုကိုမောင်က စစ်ချက်များထွက်ဆိုပြီးဖြစ်၍ ထပ်မံစစ်ဆေးခံမည် မဟုတ်သည့်အပြင် ဦးကျော်မင်းဆွေ အနေဖြင့်လည်း ပုဒ်မနှစ်ခုတပ်၍ အမှုစွဲဆိုလာသည့်အပေါ် တခုတည်းအဖြစ် ပေါင်းစည်းစစ်ဆေးရန် ဦးလျောက်ထားမည်ဖြစ်ကြောင်း ဦးခင်မောင်မြင့်က ပြောဆိုသည်။ “ကျည်ထောင်စုသစ္စာ”သရော်စာဆောင်းပါးကို ၂၀၁၇ ခုနှစ် မတ်လ ၂၆ ရက်ထုတ် TheVoice သတင်းစာတွင် ထည့်သွင်း ဖော်ပြခဲ့ခြင်းဖြစ်ပြီး The Voice သတင်းဌာနဝက်ဒ်ဆိုက်တွင်လည်း ထပ်မံဖော်ပြခဲ့ခြင်း ဖြစ်သည်။ ထိုအမှုကို ၃ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သည့် ဇွန်လ ၂၃ ရက်က ဗဟန်းတရားရုံး၌ တရားလိုဖြစ်သူ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းအား ပထမဆုံးအကြိမ် စစ်ဆေးခဲ့ရာတွင် သတင်းမီဒီယာများ မဝင်ရောက်နိုင်ရန် တရားရုံးက ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်။ လက်ရှိတွင် အမှုကို ဦးကျော်မင်းဆွေတဦးသာ ရင်ဆိုင်နေရပြီး လာမည့်ဇွန်လ ၃၀ ရက်တွင် ဗဟန်းတရားရုံး၌ ဆက်လက်စစ်ဆေးမှုပြုရန် ချိန်းဆိုထားသည်။
Source : https://goo.gl/oQusHc
via IFTTT

7Day News Journal

၂၀၁၈-၁၉ ပညာသင်နှစ်က စ၍ တက္ကသိုလ်လေးခုတွင် ဝင်ခွင့်စနစ် စတင် ပြောင်းလဲမည် လာမည့် ၂၀၁၈-၁၉ ပညာသင်နှစ်ကစ၍ တက္ကသိုလ်ဝင်ခွင့် စနစ်ကို တက္ကသိုလ်လေးခုတွင် စတင်ပြောင်းလဲမည်ဟု အဆင့်မြင့် ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင် မင်းကပြောသည်။ ဇွန်လ ၂၄ရက်နှင့်၂၅ရက်တို့တွင် ပညာရေးဝန်ကြီးဌာနက ရန်ကုန်တက္ကသိုလ်၌ ကျင်းပသောအဆင့်မြင့်ပညာ နှီးနှောဖလှယ်ပွဲတွင် ၎င်းက ပြောကြားခဲ့သည်။ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့် မန္တလေးနည်းပညာ တက္ကသိုလ်တို့တွင် တက္ကသိုလ်ဝင်ခွင့်ကို တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်ဖြင့် မဆုံးဖြတ်ဘဲ တက္ကသိုလ်က သီးခြားဝင်ခွင့်လက်ခံ သည့်စနစ်ကို ကျင့်သုံးမည် ဖြစ်သည်။ ‘‘တက္ကသိုလ်အားလုံးတော့ မဟုတ်သေးဘူး။ ရှေ့ပြေးစမ်း သပ်တဲ့အနေနဲ့ တက္ကသိုလ် လေးခုစမယ်။ ဆေးတက္ကသိုလ်နှစ်ခု လောက်လည်း သူတို့အဆင်သင့် ဖြစ်ရင် ပါလာနိုင်တယ်’’ ဟု ဒေါက်တာအောင်အောင်မင်းက ပြောသည်။ တက္ကသိုလ်များ၏ ဝင်ခွင့် ရွေးချယ် လက်ခံမည့် နည်းလမ်းများသည် တစ်ခုနှင့်တစ်ခု ကွာခြားမှု ရှိနိုင်ပြီး ယင်းတက္ကသိုလ်များ၏ ပဋိညာဉ် စာတမ်းများကို အသေးစိတ် ထည့်သွင်းရေးဆွဲထားမည် ဟု သိရသည်။ ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့်ကို တက္ကသိုလ် ဝင်စာမေးပွဲအမှတ်ဖြင့်သာ ရွေးချယ် ဆုံးဖြတ်မည် ဖြစ်ပြီး ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်းတက် ရောက်နေသူ ကျောင်းသားများ သည် စနစ်သစ်ကို စတင်ကြုံတွေ့ ရမည်ဖြစ်သည်။ ‘‘အမှတ်နဲ့ဆုံးဖြတ်တဲ့စနစ် က ကလေးတွေရဲ့ အနာဂတ်ကို ပြောင်းသွားနိုင်တာမို့ အားလုံးက သဘောမကျကြတာကြာပြီ။ အခု စပြောင်းမယ်။ အကုန်လုံးကိုတန်း မပြောင်းဘဲ နည်းနည်းချင်းစီ စ မယ်ဆိုတာ သဘောကျပါတယ်’’ ဟု ရတနာပုံတက္ကသိုလ်မှ ကတိ ကဆရာတစ်ဦးကပြောသည်။ တက္ကသိုလ်ဝင်ခွင့်စနစ် ပြောင်းလဲရန် ၂၀၁၅ အဆင့်မြင့် ပညာနှီးနှောဖလှယ်ပွဲတွင် စတင် ဆွေးနွေးခဲ့သည်။
Source : http://ift.tt/2tbWae8
via IFTTT

Sunday, June 25, 2017

7Day News Journal

ပုဂံမြို့က ဘုရားကျွန်တွေအကြောင်း အခြေခံရိုက်ကူးထားတဲ့ "ကျွန်" ရုပ်ရှင်ကား ရိုက်ကူးတဲ့ကိစ္စ ပုဂံရှေးဟောင်း သုတေသနဌာနက တရားစွဲမယ်လို့ ဆိုပါတယ်။
Source : http://ift.tt/2s4mQgW
via IFTTT

The Voice

တပ်မတော်နှင့် TNLA နမ့်ဆန်တွင် တိုက်ပွဲဖြစ် ရန်ကုန်၊ ဇွန် ၂၄ တပ်မတော်နှင့် တအာင်း/ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) တို့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ သိရသည်။ နမ့်ဆန်မြို့နယ်၊ ပန်တောင်းကျေး ရွာနှင့် မန်လန်းကျေးရွာကြားတွင် ဇွန်လ ၂၄ ရက် နံနက်ပိုင်းတွင် တပ်မတော်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ နမ့်ဆန်တွင် တပ်မတော်နှင့် TNLA တို့ တိုက်ပွဲ ဆက်တိုက် ဖြစ်ပွားနေခြင်းဖြစ်ပြီး ဇွန်လ ၂၃ ရက်နေ့ကလည်း တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆိုသည်။ လက်ရှိတွင် ယင်းဒေသ၌ နှစ်ဖက် စစ်ရေး လှုပ်ရှားမှုများ ဆက်တိုက်ရှိနေပြီး တိုက်ပွဲ ပိုမိုပြင်းထန်လာမည့် အလားအလာရှိကြောင်း နမ့်ဆန်ဒေသခံတစ်ဦးက ဆိုသည်။ ယင်းတိုက်ပွဲ ဖြစ်ပွားမှုနှင့်ပတ်သက်၍ တပ်မတော် သတင်းနှင့် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်အောင်ရဲဝင်းထံ ဆက်သွယ်မေးမြန်းရာ စစ်ဆင်ရေး သတင်းများဖြစ်၍ လတ်တလော ဖြေကြားနိုင်ခြင်း မရှိကြောင်း ပြန်လည် ဖြေကြားသည်။
Source : https://goo.gl/arG2nz
via IFTTT

The Voice

ယာဉ်အိုယာဉ်ဟောင်း စလစ်အတုထွက် ရန်ကုန်၊ ဇွန် ၂၄ ယာဉ်အိုယာဉ်ဟောင်း အစားထိုး ယာဉ်စလစ်ဖြင့် မော်တော်ယာဉ် တင်သွင်းခွင့်ရ လက်မှတ်များ စလစ်ဈေးကွက်အတွင်း အတုထွက်ပေါ်လာကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။ အဆိုပါ စလစ်အတုများသည် မေလနောက်ဆုံးပတ်အတွင်းက အမည် မပေါက်သည့် စလစ်တစ်စောင် ကျပ် ၉၄ သိန်းခန့် ပေါက်ဈေးရှိချိန်တွင် စတင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အမည်မပေါက်သည့်စလစ်ကို ဝယ်ယူရန် လက်တွန့်နေကြကြောင်း စလစ်ဝယ် ရောင်းများထံမှ သိရသည်။ “ကျွန်တော့် အသိတွေတောင် ပါသွားသေးတယ်။ သူတို့က ဘယ်လိုလဲဆို တော့ စလစ်ပိုင်ရှင်က နေမကောင်းလို့ ဆိုပြီး လက်မှတ်မထိုးဘဲ ကိုယ်စားထိုးပေးလိုက်တာ။ အဲဒီမှာ အကုန်ပြန်လျော်ပေးလိုက်ရတယ်”ဟု စလစ်ဝယ်ရောင်းတစ်ဦးက ပြောဆိုသည်။ ယင်းသို့ စလစ်အတု ထွက်ပေါ်ခြင်းသည် စလစ်ဈေးကွက် ဖြစ်ပေါ်ခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်းမှ ယခုအချိန်အထိ ခြောက်နှစ်အတွင်း ပထမဆုံး ထွက်ပေါ်လာခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စလစ် ဈေးကွက်အတွင်း အမည်ပေါက်စလစ် ပြုလုပ်သူများသာ များပြားလာကြောင်း စလစ်ဝယ်ရောင်းများထံမှ သိရသည်။ လက်ရှိစလစ်ဈေးကွက်အတွင်း နှစ် ၂၀ အမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ် ၉၅ သိန်း၊ နှစ် ၂၀ အမည်မပေါက်သည့် စလစ်တစ်စောင်လျှင် ကျပ်သိန်း ၉၀ ခန့်နှင့် အပ်နှံခွင့်ကျပြီး ခရီးသည် တင်ယာဉ်တစ်စီးလျှင် ကျပ် ၈၃ သိန်းခန့် ဈေးရှိကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။
Source : https://goo.gl/z3gqnf
via IFTTT

The Irrawaddy - Burmese Edition

မြို့တော်ခန်းမရှေ့ရောက် မင်္ဂလာဒုံ ဂျပန်အထည်ချုပ်စက်ရုံက အလုပ်သမား ဆန္ဒပြပွဲ (ရုပ်/သံ) ဧရာဝတီ ၊ ဇွန် ၂၄ ၊ ၂၀၁၇ ဂျပန်နိုင်ငံသားပိုင် Honey Garment 1 စက်ရုံက ချုပ်ထည်တွေကို ကွာလတီမြင့်တင်ပြီး ချုပ်ရမယ့် အထည်နှုန်းထားကို တိုးမြင့်ရာကနေ နှစ်ဖက် မပြေမလည်ဖြစ်ကာ အလုပ်သမား ၄၀၀ ကျော်ကို အလုပ်ဖြုတ်လိုက်တာကြောင့် အခုလို လမ်းပေါ်ထွက် ဆန္ဒပြတာ ဖြစ်တယ်လို့ အလုပ်သမားတွေက ဧရာဝတီကို ပြောပါတယ်။ ရိုက်ကူး ၊ ငြိမ်းဇော်
Source : http://ift.tt/2s8QOeI
via IFTTT

Saturday, June 24, 2017

The Irrawaddy - Burmese Edition

ဖုန်းအလုံးရေ ၈၅၀၀ လောက် ခိုးခဲ့တဲ့ Samsung ဝန်ထမ်း တောင်ကိုရီးယား အခြေစိုက် နာမည်ကျော် ဖုန်းကုမဏီ Samsung ရဲ့ ဝန်ထမ်း တဦးဟာ လောင်းကစားကြွေးတွေ ပေးဖို့ အတွက် ကုမ္ပဏီကနေ ထုတ်လုပ်တဲ့ ဖုန်းအလုံးရေ ၈၅၀၀လောက်ကို ခိုးခဲ့တယ်လို့ The Investor ရဲ့ ဖော်ပြချက်တွေ အရ သိရပါတယ်။ တောင်ကိုရီးယား အခြေစိုက် နာမည်ကျော် ဖုန်းကုမဏီ Samsung ရဲ့ ဝန်ထမ်း တဦးဟာ လောင်းကစားကြွေးတွေ ပေးဖို့ အတွက် ကုမ္ပဏီကနေ ထုတ်လုပ်တဲ့ ဖုန်းအလုံးရေ ၈၅၀၀လောက်ကို ခိုးခဲ့တယ်လို့ The Investor ရဲ့ ဖော်ပြချက်တွေ အရ သိရပါတယ်။ အဆိုပါ ဝန်ထမ်းရဲ့ နာမည်ကို Lee လို့ပဲ အသုံးပြု ဖော်ပြထားပြီး သူက ဖုန်း အလုံးရေ ၈၄၇၄ လုံးကို ၂ နှစ်တာ ကာလ အတွင်း လောင်းကစားကြွေးတွေ ပေးဖို့ အတွက် ခိုးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ကနေ ၂၀၁၆ ခုနှစ် နိုဝင်ဘာ အတွင်း တောင်ကိုရီးယားနိုင်ငံ၊ ဆူဝန်မှာ ရှိတဲ့ Samsung ရဲ့ ရုံးချုပ် ကနေ ဖုန်းတွေကို ခိုးပြီး Lee က ပေးစရာရှိတဲ့ လောင်းကစား ကြွေးတွေကို ပေးခဲ့တာ ဖြစ်တယ် လို့ သိရပါတယ်။ အခုလို အချိန်ကာလ ကြာအောင် ဖြည်းဖြည်းချင်း ယူဆောင်သွားတဲ့ အတွက် Lee ကိုလည်း ကုမ္ပဏီက သတိ မထားမိခဲ့တာပါ။ ဒီဖုန်းတွေကို Lee ဘာလုပ်လိုက်ပါသလဲ။ သူ့ရဲ့ ပေးစရာရှိတဲ့ အကြွေးတွေ အတွက် သုံးခဲ့တယ် လို့ ဆိုပါတယ်။ ရဲတွေရဲ့ စစ်ဆေးချက်တွေ အရတော့ Lee ဟာ အဆိုပါ ဖုန်းတွေကို အရောင်းဆိုင်တွေဆီမှာ ပြန်လည် ရောင်းချခဲ့တာ ဖြစ်ပြီး ဒေါ်လာ ၇၁၀၀၀၀ ကျော်ဖိုးလောက် ထိအောင် ရခဲ့တယ်လို့ သိရပါတယ်။ Lee ဟာ Samsung မှာ ၂၀၁၀ ခုနှစ်ကတည်းက အလုပ် ဝင်ခဲ့တာ ဖြစ်ပြီး သူ့ရဲ့ တာဝန်တွေထဲမှာ ကုမ္ပဏီရဲ့ ဖုန်းအသစ် ဖန်တီးသူ ပညာရှင်တွေ ကနေ နည်းပညာပိုင်း စမ်းသပ်ထားတဲ့ ဖုန်းအဟောင်းတွေကို သိမ်းဆည်းရတဲ့ တာဝန်လည်း ပါရှိတာ ဖြစ်ပါတယ်။ Samsung ဝန်ထမ်းတွေ အနေနဲ့ ရုံးဆင်းချိန် အိမ်ပြန်မယ် ဆိုရင် တကိုယ်လုံးကို Scanner နဲ့ ဖတ်ရှုစစ်ဆေးပြီးမှ ရုံးဆင်ခွင့် ရရှိတာ ဖြစ်ပေမယ့် Lee ကတော့ ဘီးတပ် ကုလားထိုင်နဲ့ သွားလာနေရသူ တဦးဖြစ်တယ် လို့ သိရပြီး အဆိုပါ အားနည်းချက် ကြောင့် သူဟာ ခန္ဒာကိုယ် စစ်ဆေးခံရမှုကို ကောင်းစွာ ကျော်ဖြတ်နိုင်ခဲ့တယ် လို့လည်း သိရပါတယ်။ Samsung အနေနဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ အထိအောင် အဆိုပါ ဖုန်းတွေ ပျောက်ဆုံးနေခဲ့တာကို သတိ မထားမိခဲ့ဘူး လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ ဗီယက်နမ်မှာ ရောင်းချနေတဲ့ တောင်ကိုရီးယားမှာ မရှိတဲ့ ဖုန်းတွေ ဈေးကွက်ထဲမှာ မြင်တွေ့ လာရချိန်မှာမှ သတိပြုမိခဲ့ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်ချိန်မှာမှ Lee ဆိုတာ သိလာခဲ့ရတာပါ။ ရဲတွေကို ထွက်ဆိုခဲ့တဲ့ Lee ရဲ့ ထွက်ဆိုချက်တွေထဲမှာ သူဟာ လောင်းကစားကြွေးတွေ အတွက် ဒေါ်လာ ၈သိန်း ဖိုးလောက် ပေးဆပ်ခဲ့ရတယ် လို့ သိရပါတယ်။ ဒါပေမယ့် အခု Lee ရဲ့ ဖုန်းခိုးမှု ပြသနာက Samsung ရဲ့ ဝန်ထမ်းပိုင်းတွေ ထဲက ပထမဆုံး ပြစ်ချက်တော့ မဟုတ်ပါဘူး။ အခုနှစ် စောပိုင်းကလည်း ကုမ္ပဏီရဲ့ အုပ်ချုပ်သူ တဦးဖြစ်တဲ့ Lee Jae-young ကို လာဘ်ပေးလာဘ်ယူမှုကြောင့် ဖမ်းဆီး အရေးယူ စစ်ဆေးမှုတွေ လုပ်ဆောင်နေတာလည်း တွေ့ရပါတယ်။ Ref: http://ift.tt/mG1NBn
Source : https://goo.gl/o3GQ6f
via IFTTT

MOI Webportal Myanmar

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖျက်သိမ်းရေးအတွက် ထောက်ခံလက်မှတ် စုဆောင်းပွဲ ရန်ကုန်မြို့၌ ပြုလုပ် ရန်ကုန် ဇွန် ၂၃ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ဖျက်သိမ်းရေးအတွက် လှုပ်ရှားမှုအနေဖြင့် ထောက်ခံလက်မှတ်စုဆောင်းပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်း မြို့နယ်တရားရုံးရှေ့၌ ပြုလုပ်ခဲ့သည်။ အဆိုပါ ထောက်ခံလက်မှတ်စုဆောင်းပွဲကို အဖွဲ့ဝင် ၂၁ ဦးဖြင့် ဖွဲ့စည်း ထားသော မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက ဦးဆောင် ပြုလုပ်ခြင်းဖြစ်ပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံထားရသူThe Voice Daily အယ်ဒီတာချုပ် ဦးကျော်မင်းဆွေအား ဗဟန်းမြို့နယ် တရားရုံး၌ ရုံးထုတ်စဉ် ပြုလုပ်ရာ သတင်းမီဒီယာသမားများနှင့်အတူ ပြည်သူ များလည်း ပါဝင်ခဲ့ကြောင်း သိရသည်။ အဆိုပါကော်မတီအနေဖြင့် သတင်းမီဒီယာများကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုမှုများအပေါ် စိတ်တူကိုယ်တူ သတင်း သမားများ ညီညွတ်မှုဖြင့် တုံ့ပြန်သွားရန် လက်ပတ်ဖြူလှုပ်ရှားမှုကို ရန်ကုန် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ သတင်းမီဒီယာအဖွဲ့အစည်း များက ဇွန် ၈ ရက်မှ စတင်၍ ၁ဝ ရက်ကြာပြုလုပ်ခဲ့ပြီး ယခုအခါ ဆက်သွယ် ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖျက်သိမ်းရေးအတွက် ထောက်ခံလက်မှတ်စုဆောင်းပွဲကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ ဇော်ကြီး(ပဏီတ)
Source : http://ift.tt/2t1rMSL
via IFTTT

The Voice

ယူ-၂၁ ဥရောပဖလား ဆားဘီးယား ယူ-၂၁နှင့် စပိန် ယူ-၂၁ တို့၏အုပ်စုပွဲစဉ် Highlights ရုပ်သံမှတ်တမ်း --------------------- ဆားဘီးယား ယူ-၂၁ ၀ - ၁ စပိန် ယူ-၂၁
Source : http://ift.tt/2t4FIMA
via IFTTT

The Voice

ကလေးစစ်သား ၆၀ ကျော် တပ်မတော် နုတ်ထွက်ခွင့်ပြု ရန်ကုန်၊ ဇွန် ၂၃ အရွယ်မတိုင်မီ စစ်မှုထမ်းဆောင်နေသည့် ကလေးသူငယ်နှင့် လူငယ် ၆၇ ဦးကို တပ်မတော်က ဇွန်လ ၂၃ ရက်နေ့တွင် နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း ကလေးစစ်သား ပပျောက်ရေး လုပ်ဆောင်နေသည့် UNICEF (ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့) မြန်မာက သတင်းထုတ်ပြန်သည်။ ယနေ့ နုတ်ထွက်ခွင့်ပြုသည့် ကလေးစစ်သား ၆၀ ကျော်မှာ ၂၀၁၇ ခုနှစ်အတွင်း ပထမဆုံးအကြိမ် နုတ်ထွက်ခွင့်ပြုခြင်း ဖြစ်ကြောင်း၊ တပ်မတော်က ကလေးစစ်သား စုဆောင်းခြင်းနှင့် အသုံးပြုခြင်းကို အဆုံးသတ်ရန်အတွက် ကုလသမဂ္ဂနှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းရလဒ် ဖြစ်ကြောင်း UNICEF က ဆိုသည်။ “တပ်မတော်က အသက်မပြည့်သေးတဲ့ ကလေးတွေကို စစ်မှုထမ်းစေခြင်းကနေ ကာကွယ်တားဆီးနိုင်ဖို့ ဒီလိုနုတ်ထွက်ခွင့်ပေးတဲ့ အပေါ်မှာ ကြိုဆိုဂုဏ်ပြုချင်ပါတယ်။ လွန်ခဲ့တဲ့လေးနှစ်နဲ့ နှိုင်းယှဉ်ရင် ကလေးသူငယ်တွေကို စစ်မှုထမ်းဆောင်ဖို့ စုဆောင်းခြင်းက ပိုမိုခက်ခဲလာပါပြီ” ဟု UNICEF ၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် ဘတ်(ထ)ရန် ဘိန်းဗဲလ်က မှတ်ချက်ပြုသည်။ ကလေးသူငယ် စစ်မှုထမ်းပပျောက်ရေး တပ်မတော်နှင့် UNICEF တို့ ပူးပေါင်းဆောင်ရွက်ရန် ၂၀၁၂ ခုနှစ်တွင် သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးနောက် ယနေ့အထိ စစ်မှုထမ်းအဖြစ်မှ လွတ်မြောက်လာသူ ကလေးသူငယ် ၈၄၉ ဦးရှိပြီ ဖြစ်ကြောင်း UNICEF ၏ မှတ်တမ်းများအရ သိရသည်။ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်ခုနစ်ဖွဲ့ကို ကလေးသူငယ်များအား တပ်သားအဖြစ် စုဆောင်းခြင်းနှင့် အသုံးပြုခြင်းကို ဆက်လက်ကျူးလွန်နေသူများအဖြစ် ကုလသမဂ္ဂ၏ စာရင်းတွင် ဖော်ပြထားသည်။ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့မှာ ကရင်တိုင်းရင်းသား လက်နက်ကိုင် သုံးဖွဲ့၊ ကချင်၊ ကရင်နီ၊ ရှမ်းနှင့် ‘ဝ’ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ ဖြစ်သည်။
Source : https://goo.gl/oxPULi
via IFTTT

The Irrawaddy - Burmese Edition

အဆိုတော် ထူးအယ်လင်းနဲ့ ကော်ဘရာတို့ အမှုဖွင့်ခံရ ရန်ကုန်မြို့ ဦးဝိစာရလမ်းနဲ့ ရွှေတိဂုံဘုရားလမ်းထောင့်မှာ ဇွန်လ ၂၂ ရက်နေ့ ညက အရက်သေစာသောက်စားမူးယစ်ပြီး ဆူပူရမ်းကားခဲ့တဲ့ အဆိုတော် ထူးအယ်လင်းနဲ့ ကော်ဘရာ Cobra တို့ကို ဒဂုံမြို့မရဲစခန်းက ရန်ကုန်ရဲအက်ဥပဒေပုဒ်မ ၃၀ အရ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ ၎င်းတို့ စီးနင်းအသုံးပြုသော 4C—- SOLUNA VIOS ငွေမင်ရောင်မော်တော်ယာဉ်အား စစ်ဆေးရာမှာ ယာဉ်၏ ရှေ့ခန်း ထိုင်ခုံ ၂ ခု အကြား၌ ရွှေအိုရောင် လက်ကိုင်ရိုးတွင် အနက်ရောင်ရာဘာရိုးစွပ်လျက် အရိုးအသွား ၁၉ လက်မခန့်ရှိ ရဲဒင်း ၁ လက်အား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ အဆိုတော် ထူးအယ်လင်းနဲ့ ကော်ဘရာ (Cobra) တို့က ဘေးအန္တရာယ်ဖြစ်စေနိုင်သော(သို့မဟုတ်)ပြစ်မှုကျူးလွန်ရန် အသုံးပြုနိုင်သော လက်နက်တစုံတရာနဲ့ တွေ့ရှိလို့ မေးမြန်းရာတွင် လက်နက်တို့ကို မည်သည့်အကြောင်းကြောင့် ကိုင်ဆောင် သယ်ယူလာရကြောင်း ကျေနပ်လက်ခံနိုင်လောက်သော အကြောင်းမပြ၊ မပြောနိုင်တာကြောင့် ရန်ကုန်ရဲအက်ဥပဒေ ပုဒ်မ – ၃၀ အရ အမှုဖွင့်ထားပြီး ပြစ်ဒဏ် ၃ လအထိ ချမှတ်နိုင်တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဖြစ်စဉ်ကတော့ “ဦးဝိစာရလမ်းနဲ့ ရွှေတိဂုံဘုရားလမ်းထောင့်မှာ အဆိုတော် ထူးအယ်လင်းနဲ့ ကော်ဘရာတို့ သောင်းကျန်း ကြတယ်။ ဖြစ်တာက Taxi နဲ့ ကားချင်းညှိပြီး Taxi ရှေ့ကားပိတ်ရပ်၊ ကားပေါ်က taxi သမားက မဆင်းတော့ ထူးအယ်လင်းက ပုဆိန်နဲ့မှန်ကို ခွဲတယ်။ (ကိုယ်တိုင်တော့ မတွေ့ဘူးတွေ့တဲ့သူကပြောတာ) ကားသမားဆင်းလာတော့ ကော်ဘရာက အေးဆေးပြောတုန်း ထူးအယ်လင်းက ဝင်ထိုးတယ်။ ကားပေါ်မှာပါလာတဲ့ ကောင်မလေးကဆင်းပြီး ထိုင်ကန်တော့ တောင်းပန်တာကိုပါ ထူးအယ်လင်းက ထိုးလိုက်တယ်။ ဘေးနားက ကြည့်နေတဲ့ ရပ်ကွက်က လူတွေတောင် ဒေါသထွက်ပြီး ထူးအယ်လင်းတို့ကားကို ခဲနဲ့ဝိုင်းထု လူကိုပါ ထိုးမလို့လုပ်ကြတာ။ ရပ်ကွက်က လူကြီးတွေတားနေလို့ သက်သာရာရသွားတယ်။ အဲဒါတောင် ထူးအယ်လင်းက ပတ်ဆဲနေသေးတယ်။ ရဲတွေရောက်လာတော့ သူတို့ကို ရဲကားနဲ့ခေါ်သွားတယ်။ဘေးမှာ ကြည့်နေတဲ့လူတွေအကုန်လုံး ထူးအယ်လင်း ရဲကားထဲဝင်တော့ လက်ခုပ်ဝိုင်းတီးပြီး ဥပဒေအတိုင်းဖြစ်ပါစေလို့ ဝိုင်းအော်ကြတယ်” လို့ ဦးဝိစာရအိမ်ရာတွင် နေထိုင်သူတဦးက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။ အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ Taxi အငှားယာဉ်က အခင်းဖြစ်နေရာမှာ မတွေ့ရသလို တက္ကစီယာဉ်မောင်းက ရဲစခန်းကို တိုင်ကြားတာမရှိပေမယ့် ရမ်းကားသူ အဆိုတော် ၂ ဦးကို ဒဂုံမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားတာ ဖြစ်ပါတယ်။
Source : https://goo.gl/GfcWjE
via IFTTT

Friday, June 23, 2017

The Voice

တနိုင်းတွင် တပ်မတော် ထိုးစစ်ဆင်မှု ငြိမ်းချမ်းရေး ထိခိုက်နိုင်ဟု ကချင်ပါတီများပြော မြစ်ကြီးနား၊ ဇွန် ၂၂ ကချင်ပြည်နယ် တနိုင်းဒေသ အတွင်းရှိ ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် တပ်မတော်က ထိုးစစ်ဆင်နေမှုသည် လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုအပေါ် တစ်စုံတစ်ရာ ရိုက်ခတ်လာနိုင်ကြောင်း ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (KPCC) က ကြေညာချက် ထုတ်ပြန်သည်။ အဆိုပါ တနိုင်းဒေသအတွင်း ထိုးစစ်ဆင်မှုသည် ယခင်ထိုးစစ်ဆင်မှုထက် ပိုဆိုးရွားပြီး ကျေးရွာဒေသခံများလည်း စစ်ရှောင်အဖြစ် ပြောင်းရွှေ့နေရသည့်အပေါ် ယင်းသို့ ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း အဆိုပါ ကော်မတီအဖွဲ့ဝင် ကချင်အမျိုးသားကွန်ဂရက်ပါတီမှ ဦးဂျီလန်းယော်က ပြောကြားသည်။ “အခုဒီဒေသမှာ ထိုးစစ်ဆင်တယ်။ ထိုးစစ်ဆင်လို့ ဒေသခံတွေ ပြောင်းရွှေ့ရတယ်။ အခုပြောင်းရွှေ့နေရာက ရတနာ မြေယာတွေလည်း ဖြစ်တယ်။ အဓိကတော့ ပြောင်းရွှေ့ခံရပြီးနောက် အဲဒီမြေနေရာတွေမှာ ကုမ္ပဏီတွေက လာပြီး နေရာယူ ဒေသခံတွေက စစ်ဘေးရှောင်အဖြစ် နေရတယ်” ဟု ၎င်းက ပြောဆိုသည်။ ကချင်ပြည်နယ်အတွင်း မြေယာသိမ်းဆည်းမှုကြောင့် အပြန်အလှန် ယုံကြည်မှု ပျက်ပြားလာစေသည့်အပြင် မြေယာနှင့် သယံဇာတကို ဗဟိုမှ ထိန်းချုပ်ခြင်း မပြုဘဲ ဒေသခံ တိုင်းရင်းသားများက စီမံခန့်ခွဲနိုင်သည့် နိုင်ငံရေးဆွေးနွေးပွဲမှ ရလဒ်များကို အကောင်အထည်ဖော် ဆောင်ရွက်မှသာလျှင် ပြည်တွင်းစစ် ငြိမ်းချမ်းရေးကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လက်ရှိ တနိုင်းဒေသတွင် ကချင်လက်နက်ကိုင်အဖွဲ့ KIA/KIO နှင့် တပ်မတော်တို့အကြား စစ်ရေးတင်းမာလျက် ရှိကြောင်း ဒေသခံများထံမှ သိရသည်။
Source : https://goo.gl/igAc9z
via IFTTT

7Day News Journal

မြစိမ်းရောင် စီမံကိန်းဖြင့် ယခုဘဏ္ဍာနှစ်တွင် ကျေးရွာ ၁၄၀ သို့ ငွေချေးမည် မန္တလေးတိုင်း ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနက ယခုဘဏ္ဍာနှစ်တွင် မြစိမ်းရောင်စီမံကိန်းဖြင့် တိုင်း ဒေသကြီးရှိ ကျေးရွာ ၁၄၀ သို့ ချေးငွေပေးမည်ဟု ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းဟန်က ပြောသည်။ အရင်း မပျောက် မတည်ရန် ပုံငွေ ကျပ်သိန်း ၄၂,၀၀၀ ကို ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း ၃၀၀ ခန့်ဖြင့် ချေးယူမည့် အိမ် ထောင်စုအလိုက် ထုတ်ချေးပေး မည်ဖြစ်ပြီး တစ်မြို့နယ်လျှင် ကျေးရွာ ခြောက်ရွာမှ ရှစ်ရွာအ ထိ ရွေးချယ်၍ ချေးငွေပေးမှုကို ကျေးရွာကော်မတီက လုပ် ဆောင်မည်ဖြစ်သည်။ ‘‘ချေးငွေပေးမယ့်ရွာတွေကို အတည်ပြုပြီးသွားပြီ။ အတည်ပြု ပြီးသွားရင် ရွာတွေမှာ အစည်း အဝေးခေါ်ပြီး ကော်မတီတွေ ဖွဲ့ ရမယ်။ ပြီးတော့ ကော်မတီကို ငွေစာရင်းနဲ့ပတ်သက်တဲ့ သင် တန်းတွေပေးမယ်။ ပြီးတာနဲ့ ငွေ လွှဲပေးလိုက်မယ်။ အဲဒီကျ သူတို့ စချေးလု့ိရပြီပေါ့’’ဟု ဦးမင်းဟန် က ပြောသည်။ မြစိမ်းရောင်စီမံကိန်းမှကျေး ရွာများအလိုက် ချေးငွေများထုတ် ပေးမှုကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ် က စတင်ပြီး လေးနှစ်မြောက်ရှိ ကာ ၂၀၁၆-၁၇ ဘဏ္ဍာ နှစ်အထိ ကျေးရွာ ၅၅၂ ရွာကို အရင်းမ ပျောက် မတည်ရန်ပုံငွေထုတ်ချေး ခဲ့သည်။ မြစိမ်းရောင်စီမံကိန်း ချေးငွေများပေးမှုနှင့်ပတ်သက်၍ ဇွန်လ ၂၁ ရက်က မန္တလေးမြို့ စွမ်းဟိုတယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံများတွေ့ဆုံဆွေးနွေးခဲ့ သည်။ ‘‘မနေ့က လုပ်တဲ့ပွဲက မြစိမ်း ရောင်စီမံကိန်းနဲ့ပတ်သက်လို့ လုပ်ဆောင်နေတဲ့ အနေအထား တွေ၊ သဘောကျလား၊ အောင် မြင်လား၊ ဆက်လက်လုပ်သင့်သ လား၊ မလုပ်သင့်တော့ဘူးလား။ ဒါတွေကို သဘောထားတောင်းခံ တာပေါ့။ အားလုံးကတော့ အ ကျိုးအမြတ်ရှိတယ်၊ ဆက်လက် လုပ်သင့်တယ်ပြောတယ်ပေါ့။ နောက်ပြီး ကျေးရွာတွေမှာ အ သက်မွေးဝမ်းကျောင်း သင်တန်း တွေပို့ချပေးဖို့ ဆွေးနွေးကြတယ်’’ ဟု ၎င်းက ပြောသည်။
Source : http://ift.tt/2sxWmmB
via IFTTT

The Voice

မင်္ဂလာဒုံရှိ ကျူးကျော်များထဲမှ စီးပွားဖြစ် ကျူးကျော်များကို အရေးယူမည် ရန်ကုန်၊ ဇွန် ၂၂ မင်္ဂလာဒုံမြို့နယ်ရှိ ကျူးကျော်များကို ဇွန်လ ၂၀ ရက်မှစပြီး ကျူးကျော်စမတ်ကတ်များ ထုတ်ပေးလျက်ရှိရာ ၎င်းတို့ထဲမှ စီးပွားဖြစ် ကျူးကျော်များကို စစ်ဆေးတွေ့ရှိပါက အရေးယူမည်ဖြစ်ကြောင်း မင်္ဂလာဒုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောကြားသည်။ ကျူးကျော်ဖြစ်ကြောင်း အသိအမှတ်ပြု စမတ်ကတ်ပြားများ ထုတ်ပေးပြီးပါက ကျူးကျော်များကို မြေပြင်ကွင်းဆင်း စစ်ဆေးမည် ဖြစ်သည်။ ယခုလက်ရှိ မင်္ဂလာဒုံတွင် ကျူးကျော်အိမ်ထောင်စု ၆၀၀၀ ခန့်ရှိပြီး ယင်းမြို့နယ်ရှိ ပျဉ်းမပင်ရပ်ကွက်တွင် ကျူးကျော်အများဆုံး နေထိုင်ကြောင်း ကျူးကျော်စာရင်းများ ကောက်ယူရေးအဖွဲ့ထံမှ သိရသည်။ “ကျူးကျော်နေရာမှာ မြေဝယ်ပြီး အခန်းတွေ ငှားစားတဲ့ စီးပွားဖြစ် ကျူးကျော် ဟုတ်၊ မဟုတ် ဆိုတာ ကွင်းဆင်းစစ်ဆေးမယ်။ ကွင်းဆင်းပြီးမှ ဘုတ်ပြန်ထိုင်ပြီး ပေးသင့်တဲ့သူ၊ မပေးသင့်တဲ့သူကို ပြန်ပြီး ခွဲထုတ်မယ်။ စီးပွားဖြစ် ကျူးတွေဆိုရင် ကတ်သိမ်းပြီး ပထမအကြိမ် သတိပေးမယ်။ အဲဒါထက် တစ်ဆင့်တက်လာမယ်ဆိုရင် ဖမ်းမယ်” ဟု ဦးထွန်းထွန်းဝင်းက ဆိုသည်။ မင်္ဂလာဒုံမြို့နယ်ရှိ ကျူးကျော်များကို ကျူးကျော်ဖြစ်ကြောင်း အသိအမှတ်ပြု စမတ်ကတ်များကို နေရာသုံးနေရာတွင် ထုတ်ပေးလျက်ရှိကာ ယနေ့ထိ ကျူးကျော် စမတ်ကတ် ထုတ်ပေးပြီး ဖြစ်သည် အိမ်ထောင်စု ၃၀၀၀ ခန့်ရှိပြီ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်နေထိုင်သူများကို စာရင်းကောက်ယူပြီး စမတ်ကတ် ထုတ်ပေးမှုကို ဇူလိုင်လ ၃ ရက်တွင် အပြီးပြုလုပ်ပေးမည် ဖြစ်ကြောင်း ကျူးကျော်စာရင်း ကောက်ယူရေးအဖွဲ့ထံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခုအတွင်း တရားမဝင် နေထိုင်သည့် ကျူးကျော်အိမ်ခြေ ၁၀၅၄၄၉ ရှိပြီး အိမ်ထောင်စု ၁၆၇၇၃၈ စု ရှိကာ ကျူးကျော်နေထိုင်သူဦးရေ ၄၃၁,၀၅၀ ခန့်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
Source : https://goo.gl/zokC3e
via IFTTT

Eleven Broadcasting

စာရေးဆရာမောင်မိုးသူ၏ မွေးနေ့အမှတ်တရ အရောင်များနှင့်ကခုန်ခြင်း တစ်ကိုယ်တော် ပန်းချီပြပွဲပြုလုပ်မည် (ရုပ်သံ) စာရေးဆရာပန်းချီဆရာမောင်မိုးသူရဲ့ မွေးနေ့အမှတ်တရ အရောင်များနှင့်ကခုန်ခြင်း တစ်ကိုယ်တော် ပန်းချီပြပွဲကို ဇွန်လ၂၄ရက်မှ ၂၆ရက်အထိ ရန်ကုန်မြို့ Myanmar Art Centreမှာပြုလုပ်သွားမှာဖြစ်ပါတယ်
Source : http://ift.tt/2s2yx2J
via IFTTT

Eleven Broadcasting

တတိယမြောက်ရင်သွေးလေးမွေးရန် ကာဒက်ရှီယန်တို့ စုံတွဲ အငှားကိုယ်ဝန်ဆောင်တစ်ဦးကို ငှားထားဟု သတင်းများ ထွက်ပေါ် (ရုပ်သံ) ကင်မ်ကာဒက်ရှီယန်နဲ့ကာနေးဝက်စ်တို့ဇနီးမောင်နှံက တတိယမြောက်ရင်သွေးကိုလွယ်ဖို့အငှားကိုယ်ဝန်ဆောင် တစ်ဦးကိုငှားထားတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်
Source : http://ift.tt/2tW3lmW
via IFTTT

The Voice

ပထမတန်း ကျောင်းသူအား အဓမ္မပြုကျင့်သူကို အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ် ကျိုင်းတုံ၊ ဇွန် ၂၂ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတစ်ခုမှ ပထမတန်းကျောင်းသူအား ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်ခဲ့သော အသက် ၅၄ နှစ်အရွယ် အမျိုးသားကို အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ကြောင်း တာချီလိတ် ခရိုင်တရားရုံးထံမှ သိရသည်။ “တာချီလိတ်မှာက သက်ငယ်မုဒိမ်း ဖြစ်တာ သိပ်မရှိဘူး၊ သက်ငယ်မုဒိမ်းတွေကို ထောင်အနှစ် ၂၀ ချမှတ်ဖို့ လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ပြီး ညွှန်ကြားထားလို့ အခုပြစ်ဒဏ်ဟာ အမြင့်ဆုံးပါ” ဟု တာချီလိတ်မြို့နေ တရားလွှတ်တော်ရှေ့နေ ဒေါ်နန်းမွန်းတွီက ပြောကြားသည်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလက တာချီလိတ်မြို့ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတစ်ခုတွင် ပညာသင်နေသော အသက် ၁၀ နှစ်အရွယ် ကျောင်းသူကို ယင်းကျောင်းမှ ယာဉ်မောင်း ဦးဌေးဝင်းဦး (ခ) ဌေးဝင်းက အကြိမ်ကြိမ် အဓမ္မ ပြုကျင့်ခဲ့သဖြင့် ကျူးလွန်သူကို ရာဇသတ်ကြီးပုဒ်မ ၃၆၃၊ ၃၇၆ ဖြင့် အမှုဖွင့်ကြောင်း၊ ယင်းအမှုကို ခရိုင်တရားရုံးတွင် စစ်ဆေးခဲ့ရာ ပြစ်မှုထင်ရှားသဖြင့် ဇွန်လ ၂၀ ရက်က ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ကြောင်း တာချီလိတ် ခရိုင်တရားရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
Source : https://goo.gl/b7ZMGf
via IFTTT

The Voice

၆၆(ဃ) ပြင်ဆင်ရန် လွှတ်တော်သို့ လွန်ခဲ့သည့် နှစ်လခန့်က ပေးပို့ထားဟုဆို နေပြည်တော်၊ ဇွန် ၂၂ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ကို ပြည်သူများ တောင့်တနေသည့်အတိုင်း ဖြစ်လာစေရန် ပြင်ဆင်၍ လွှတ်တော်သို့ ပေးပို့ထားသည်မှာ နှစ်လကျော်ခန့် ရှိပြီဖြစ်ကြောင်း လွှတ်တော်မှ စုံစမ်းသိရှိရသည်။ ဆက်သွယ်ရေးဥပဒေ ပုဒ်မ - ၆၆(ဃ) နှင့် ပတ်သက်၍ လွှတ်တော်သို့ ပေးပို့ထားသော မူကြမ်းတွင် အာမခံ ရရှိရေးနှင့် ပြစ်ဒဏ်လျှော့ပေါ့ရေးတို့ ပါဝင်ကြောင်း ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ဆန်းစစ်ရေးကော်မရှင် ဒု-ဥက္ကဋ္ဌ ဒေါက်တာဦးအောင်ခင်က ပြောကြားသည်။ “အဓိက ကတော့ အာမခံပေးရေးနဲ့ ပြစ်ဒဏ်ပါပဲ၊ ပြစ်ဒဏ်ကတော့ လူတွေ လိုအပ်တာကို လုပ်ပေးတာပါပဲ၊ အာမခံက အခုလည်း ပေးနေတာပဲ၊ သို့သော်လည်း လူပေါ်မူတည်နေသလို ဖြစ်နေတယ်” ဟု ဒေါက်တာအောင်ခင်က ဆိုသည်။ ယင်းဥပဒေပါ ပုဒ်မ ၆၆(ဃ) ကို ပြင်ဆင်ရန် လိုအပ်ကြောင်း အထူးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြရေးသားခဲ့ဖူးသည်။ “အမှန်ကတော့ ဥပဒေ တစ်ခုကလည်း ခက်တာကတော့ တုံ့ဆိုင်းတာတော့ မဟုတ်ပါဘူး၊ ကြာပါပြီ။ ဥပဒေနဲ့ အထူးကိစ္စရပ်များကော်မရှင် ဆိုရင်လည်း သူလုပ်လို့မရဘူး။ တကယ်လုပ်တာက လွှတ်တော်ပဲလုပ်လို့ ရတယ်လေ၊ သူ (ကော်မရှင်) ကတော့ အကြံပဲပေးမှာပေါ့” ဟု ဒေါက်တာအောင်ခင်က ပြောကြားသည်။ လက်ရှိအချိန်ထိ ယင်းဥပဒေပုဒ်မကို ပြင်ဆင်ရန် NLD ပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက လွှတ်တော်သို့ နှစ်ကြိမ် တင်ပြခဲ့သော်လည်း လွှတ်တော်က လက်ခံခြင်း မရှိခဲ့ပေ။ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ဆက်သွယ်ရေး ဥပဒေဖြင့် တရားစွဲခံရမှု ၇ မှု ရှိခဲ့သော်လည်း လက်ရှိအစိုးရ လက်ထက်တွင် တရားရုံးတင်တရားစွဲဆိုခံရသည့် အမှုပေါင်း ၆၃ မှုအထိ မြင့်တက်လာခဲ့ကြောင်း ယင်း ၆၃ မှုတွင် တပ်မတော်က တရားစွဲခဲ့သောအမှု ၇ မှု၊ NLD ပါတီက တရားစွဲခဲ့သောအမှု ၆ မှု နှင့်နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ကြားလူများက တရားစွဲခဲ့သောအမှု ၈ မှု၊ သတင်းမီဒီယာသမားများအပေါ် တရားစွဲဆိုမှု ၁၀ မှုအထိ ရှိနေပြီး သတင်းသမား ၁၇ ဦး တရားရင်ဆိုင်နေရကြောင်း ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသနအဖွဲ့ထံမှ သိရသည်။
Source : https://goo.gl/7nuSib
via IFTTT

The Voice

ဥပဒေ ချိုးဖောက်ထားသူများကို အဖွဲ့အတွင်း လက်ခံထားခြင်း မရှိဟု DKBA (ကလိုထူးဘော) ထုတ်ပြန် ရန်ကုန်၊ ဇွန် ၂၂ အဖွဲ့အစည်းအတွင်း၌ တရားဥပဒေ ချိုးဖောက်ထားသူများကို လက်ခံထားခြင်း အကာအကွယ် ပေးထားခြင်း မရှိကြောင်း ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ကလိုထူးဘော ဌာနချုပ်က ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။ DKBA အဖွဲ့က အဆိုပါ ထုတ်ပြန်ချက်ကို ဇွန်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ အင်တာနက် လူမှုကွန်ရက်ပေါ်တွင် တရားခံပြေးအချို့ကို DKBA အဖွဲ့က အကာအကွယ် ပေးထားသည့် ကောလာဟလများ ထွက်ပေါ်နေသည့်အပေါ် ယခုလို တုံ့ပြန်၍ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ကလို့ထူးဘောအဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့်အဖွဲ့ ဖြစ်သည်။ တရားဥပဒေ ချိုးဖောက်ကျူးလွန်ပြီး တိမ်းရှောင်သူများ မည်သူ့ကိုမဆို တပ်ဖွဲ့ဝင်အဖြစ်သော် လည်းကောင်း တပ်ဖွဲ့နှင့် ဆက်နွှယ်သည့် မည်သည့်ကဏ္ဍတွင်မှ လက်ခံခြင်း အသိအမှတ်ပြုခြင်း၊ အကာအကွယ်ပေးခြင်း၊ ခိုလှုံခွင့် ပေးထားခြင်းမျိုး လုံးဝမရှိကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် DKBA ၏ အမည်နာမ အခန်းကဏ္ဍကို အလွဲသုံးစားပြု၍ အကာအကွယ်ပြုလာပါက မိမိတို့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်က လက်ခံမည် မဟုတ်ကြောင်းနှင့် ဥပဒေ ချိုးဖောက်သူများအား ထိန်းသိမ်း၍ ဥပဒေအရ အရေးယူနိုင်စေရေး အလို့ငှာ ဌာနဆိုင်ရာ အုပ်ချုပ်ရေးဌာနများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဆိုင်ရာတာဝန်ရှိ ဌာနများကို လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ ထုတ်ပြန်ချက် ထုတ်ပြန်ရခြင်းမှာ လက်ရှိ အင်တာနက်လူမှုကွန်ရက် စာမျက်နှာများတွင် DKBA ၏ နာမည်ဖြင့် ယင်းသို့ အကာအကွယ်ပေးနေသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ရေးသားလာသည့် အတွက် ခေါင်းဆောင်ပိုင်းက အစည်းအဝေးလုပ်ကာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း DKBA တပ်မှူးတစ်ဦးက ပြောသည်။ “စွပ်စွဲချက်တွေက အခုရက်ပိုင်း ဆက်တိုက်တက်လာနေတယ်။ ဦးကိုနီအမှု တရားခံ အောင်ဝင်းခိုင်ကို အကာအကွယ် ပေးထားတယ်လို့လည်း ရေးနေကြတယ်။ ပြီးတော့ ဘာသာရေးမှာလည်း နာမည်ကို အသုံးပြုပြီး ဥပဒေပြင်ပတွေ ရေးလာတာတွေကြောင့် အဖွဲ့ဂုဏ်သိက္ခာကို ထိပါးလာတဲ့သဘော ဖြစ်နေတယ်” ဟု ယင်းတပ်မှူးက ပြောသည်။ ထို့ပြင် လူမှုကွန်ရက်များနှင့် အချို့သော သတင်းမီဒီယာများတွင်လည်း မိမိတို့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA နှင့် မိမိတို့တပ်ဖွဲ့မှ ထုတ်ပယ်ထားသူများက ပြန်လည်စုပေါင်း ဖွဲ့စည်းထားသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော်တို့ အမည်အား DKBA ဟု ရောနှောသုံးစွဲနေပြီး ယင်းသို့ ရပ်တည်ချက် မတူညီသည့်အပေါ် DKBA ဟု သုံးစွဲခြင်းကို ဆင်ခြင်စေလိုကြောင်း ယင်းသတင်းများကြောင့် အဖွဲ့အစည်း၏ လျှောက်လှမ်းနေသည့် ငြိမ်းချမ်းရေး ကဏ္ဍအပေါ် အထင်လွဲမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း DKBA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Source : https://goo.gl/kmGqNX
via IFTTT

7Day TV

"နာဂယဉ်ကျေးမှုတွေကို မျှဝေချင်တဲ့ မာရီကိုးလ်" MNTV ရုပ်သံလိုင်းကနေ ထုတ်လွှင့်မယ့် Ride On Europe အစီအစဉ်မှာ ခရီးသွားအမျိုးသမီး တစ်ယောက်အနေနဲ့ မော်ဒယ်လ် သရုပ်ဆောင် နာဂတိုင်းရင်းသူ မာရီကိုးလ်လည်း လိုက်ပါမှာဖြစ်ပါတယ်။ Ride On Europe ခရီးစဉ်ဟာ သူမအတွက် ပထမဆုံးခရီးစဉ်ဖြစ်တာကြောင့် စိတ်လှုပ်ရှားမိသလို အခွင့်အရေးရသလောက် နာဂရဲ့ယဉ်ကျေးမှုတွေကိုလည်း မျှဝေချင်တယ်လို့ ဆိုလာပါတယ်။ မာရီကိုးလ်အနေနဲ့ ဧဒင်ရဲ့နတ်သမီး ရုပ်ရှင်ဇာတ်ကားမှာ ပရိသတ်တွေအားပေး မှုရရှိခဲ့သူ တစ်ယောက်ဖြစ်ခဲ့သလို ဒီလထဲမှာရုံတင်သွားမယ့် သူငယ် ရုပ်ရှင်ဇာတ်ကားမှာလည်း ရဲမေ ဇာတ်ကောင်စရိုက်နဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ လက်ရှိမှာ Ride On Europe ခရီးစဉ်အတွက် အနုပညာလှုပ်ရှားမှုတွေ ခဏရပ်နားထားသလို Mini အယ်လ်ဘမ်ထွက်ရှိဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ရုပ်သံသတင်းထောက် - အေးမြတ်
Source : http://ift.tt/2sI7tHX
via IFTTT

7Day News Journal

ပြည်သူအားလုံး လက်လှမ်းမီသည့် အမျိုးသားကျန်းမာရေး အာမခံစနစ်ကို အကောင်အထည် ဖော်မည်ဟု ဝန်ကြီးပြော။ ရေရှည်တွင် အစိုးရက အခမဲ့ကုသပေးခြင်းကို လုပ်ဆောင်ရန် မဖြစ်နိုင်ဟုဆို ဆင်းရဲနွမ်းပါးသူ များအပါအဝင် ပြည်သူအားလုံး ကျန်းမာရေးစောင့်ရှောက်မှုရရှိ စေရေး အမျိုးသားကျန်းမာရေး အာမခံစနစ်ကို ယခုအစိုးရလက်ထက်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကြိုးစားမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။ ‘‘မကြာခင်မှာ နိုင်ငံအဆင့် ဆွေးနွေးပွဲကြီးတွေ လုပ်ပြီး တစ် ဆင့်ချင်းစီကို အမြန်ဆုံးအကောင် အထည်ဖော်ဆောင်သွားမှာပါ။ အချိန်ဘယ်လောက်ကြာမယ်ဆို တာကို ပြောလို့မရဘူး။ ဒီအစိုးရ သက်တမ်းလောက် အတွင်းမှာ ဖြစ်အောင် ကြိုးစားသွားမယ်’’ဟု ဒေါက်တာမြင့်ထွေးက ပြော သည်။ ရေကြည်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာစံရွှေဝင်း တင်သွင်းသည့် အမျိုးသားကျန်းမာရေးအာမခံ စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့အား တိုက်တွန်း ကြောင်းအဆိုကို ဝန်ကြီးဒေါက် တာမြင့်ထွေးက ဖြေကြားခြင်း ဖြစ်သည်။ ဆင်းရဲနွမ်းပါးသူများ အပါအဝင် နိုင်ငံသားတိုင်း ထိရောက် သည့် ကျန်းမာရေး၊ စောင့်ရှောက်မှုများ အချိန်မီရရှိရေးကဏ္ဍပေါင်းစုံ ပူးပေါင်းပါဝင်ဆောင်ရွက်သည့် အမျိုးသားကျန်းမာရေး အာမခံစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆိုကို ဒေါက်တာစံရွှေဝင်းက ဇွန်လ ၅ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ တင်သွင်းခဲ့ခြင်းဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးက ဇွန် ၂၂ရက်တွင် ဆွေးနွေးခဲ့ပြီး အမျိုးသားကျန်းမာရေးအာမခံစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်သူ့လွှတ်တော်က သဘောတူခဲ့သည်။ နိုင်ငံတော်အနေဖြင့် ပြည် သူများအား အခမဲ့ ဆေးကုသခြင်း ဆောင်ရွက်နေရပြီး ရေရှည်တွင် ယင်းကဲ့သို့ အခမဲ့ကုသရန် မဖြစ်နိုင်သဖြင့် ပြည်သူနှင့်အစိုးရ နှစ်ဖက်စလုံးအကျိုးရှိစေမည့် အမျိုးသားကျန်းမာရေးအာမခံစနစ်ကို အကောင်အထည်ဖော်ရန် အရေးတကြီးလိုအပ်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။ ‘‘မြန်မာနိုင်ငံဟာ ဆင်းရဲတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့အတွက် လော လောဆယ်မှာ ဆေးဝါးတွေကို အခမဲ့ ကုသပေးရတယ်။ ရေရှည် မှာ ဒါလုံးဝမဖြစ်နိုင်ပါဘူး။ ဖွံ့ဖြိုး ပြီးနိုင်ငံတွေမှာပါ အလကားလုပ် လို့မရဘူး။ ကျန်းမာရေးအာမခံ စနစ်ရှိတယ်။ ပြည်သူတွေက ပိုက်ဆံပေးနေရတယ်’’ဟု ၎င်းက ပြောသည်။ မြန်မာနိုင်ငံတွင် လူဦးရေ တိုးပွားခြင်း၊ ရောဂါအသစ် အဆန်းများ ဖြစ်လာခြင်း၊ ဆေး ဝါးများနှင့် စက်ကိရိယာများ ဈေး ကြီးလာခြင်းတို့ကြောင့် ရေရှည် ၌ အစိုးရက အခမဲ့ဆေးကုသခြင်း လုပ်ဆောင်ရန် မဖြစ်နိုင်ကြောင်း ဝန်ကြီးက ဆက်လက်ပြောသည်။ အဆိုပါ အမျိုးသားကျန်းမာ ရေးအာမခံစနစ်ကို အကောင် အထည်မဖော်မီ အမျိုးသားကျန်း မာရေးဥပဒေတစ်ခုကို ရေးဆွဲရ မည်ဖြစ်ပြီး ကျန်းမာရေးနှင့်သက် ဆိုင်သည့် ဥပဒေများကိုပြန် လည်သုံးသပ်ရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။ ယင်းအပြင် ကျန်းမာရေး အာမခံစနစ်ကို လုပ်ဆောင်ရာ တွင် အာမခံကြေးကို ပြည်သူများ တတ်နိုင်သည့် နှုန်းထားအတိုင်း သတ်မှတ်ကောက်ခံရမည်ဖြစ်ပြီး လုံးဝမပေးနိုင်သည့် ဆင်းရဲသား ပြည်သူများထံမှ အာမခံကြေး မကောက်ခံဘဲ ကျန်းမာရေးစောင့် ရှောက်မှုပေးရန် လိုအပ်ကြောင်း အဆိုရှင် ဒေါက်တာစံရွှေဝင်းက ပြောသည်။ ‘‘နိုင်ငံတကာမှာလို လစာ အလိုက် အာမခံကြေးကောက်ခံ တဲ့စနစ်ကို သုံးသင့်ပါတယ်။ အကုန်လုံးကို နှုန်းထားတစ်ခုတည်းနဲ့ ကောက်လို့တော့ အဆင်မပြေဘူး’’ဟု ၎င်းက ပြောသည်။ အဆိုပါစနစ် ဖော်ဆောင်ရာတွင် နိုင်ငံတော်အနေဖြင့် ပုဂ္ဂလိက အာမခံလုပ်ငန်းများကဲ့သို့ အကျိုးအမြတ်ကိုမကြည့်ဘဲ ပြည်သူများအား အရှုံးခံပြီးလုပ်ပေးသင့်ကြောင်း အကျိုးအမြတ်ကိုကြည့်ပြီး လုပ်ဆောင်ပါက အဆင်မပြေနိုင်ကြောင်း အဆိုရှင်ဒေါက်တာ စံရွှေဝင်းက ပြောသည်။ ထိုင်းနိုင်ငံတွင် အမျိုးသား ကျန်းမာရေးအာမခံကြေးကို တစ် လလျှင် ဘတ် ၃၀ ကောက်ခံပြီး စင်ကာပူနိုင်ငံ၌ လစာအနည်း အများအလိုက် လစာထဲမှ တစ် လလျှင် ၂ ရာခိုင်နှုန်း၊ ရရာခိုင်နှုန်း စသဖြင့် ကောက်ခံလေ့ရှိကြောင်း တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာစောနိုင်က ပြောသည်။ ဆင်းရဲသား ပြည်သူများ အနေဖြင့် ရောဂါတစ်ခုခုဖြစ်လာ ပါက ဆေးကုသစရိတ် မတတ်နိုင် သဖြင့် ပိုင်ဆိုင်သည့်ပစ္စည်းများ ရောင်းချကာ ဆေးကုသနေကြရ သဖြင့် နိုင်ငံ၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး လုပ်ငန်းများ အ ပေါ် စိန်ခေါ်မှုများဖြစ်နေကြောင်း၊ ဆင်းရဲသား ပြည်သူများပါ ဆေး ကုသမှု ခံယူနိုင်မည့် အမျိုးသား ကျန်းမာရေး အာမခံစနစ်ကို အကောင်အထည် ဖော်သင့်ကြောင်း ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်က ပြောသည်။ မြန်မာနိုင်ငံ၏ လက်ရှိ ကျန်း မာရေးဘတ်ဂျက်သည် နည်းပါး နေသေးပြီး အခွန်အခများမှရရှိ သည့် ငွေကြေးများကို ကျန်းမာ ရေးအာမခံလုပ်ငန်းတွင် အသုံး ပြုရန်လိုအပ်ကြောင်း ပုဏ္ဏားကျွန်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးဦးထွန်းမောင်က ပြောသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ သတ်မှတ်ချက်အရ နိုင်ငံ၏ ကျန်းမာရေးဘတ်ဂျက်သည် ၁၅ ရာခိုင်နှုန်းရှိရမည်ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ ကျန်းမာရေးဘတ်ဂျက်သည် ၅ ရာခိုင်နှုန်းခန့်သာရှိသေးကြောင်း ၎င်းက ထောက်ပြသည်။
Source : http://ift.tt/2rY8H4N
via IFTTT

7Day News Journal

အာဖဂန်တွင် ကားဗုံးပေါက်ကွဲမှု တစ်ခုကြောင့် လူ ၃၄ ဦးထက်မနည်း သေဆုံး အာဖဂန်နစ္စတန်နိုင်ငံတွင် ကားဗုံးပေါက်ကွဲမှု တစ်ခုအတွင်း လူ ၃၄ ဦးထက်မနည်း သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ဇွန် ၂၂ ရက်က အာဖဂန် တောင်ပိုင်းရှိ ဟယ်လ်မန်ပြည်နယ်မှ ဘဏ်တစ်ခုရှေ့တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး နောက်ထပ် လူ ၅၄ ဦးမျှ ဒဏ်ရာများ ရရှိခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။ ဟယ်လ်မန်သည် တာလီဘန် စစ်သွေးကြွများ လှုပ်ရှားနေသည့် ဒေသတစ်ခုဖြစ်ပြီး အဆိုပါ ဗုံးခွဲ တိုက်ခိုက်မှုမှာ ၎င်းတို့ လက်ချက်ဖြစ်ကြောင်း တာလီဘန်တို့ကလည်း အတည်ပြု သတင်းထုတ်ပြန်ခဲ့သည်။ သေဆုံးသူများတွင် အာဖဂန် လုံခြုံရေး တပ်ဖွဲ့ဝင် အချို့လည်း ပါဝင်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ဗုံးပေါက်ကွဲချိန်တွင် အီးဒ်ပွဲတော်အတွက် ပြင်ဆင်ရန်အတွက် ဈေးဝယ်နေသူများလည်း စည်ကားနေကြောင်း သိရသည်။ ကားဗုံးမကွဲမီက လက်နက်ကိုင်အချို့ ဘဏ်ထဲ ဝင်ရောက်ရန် ကြိုးစားမှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သေးကြောင်း သတင်းအချို့က ဖော်ပြခဲ့သည်။ အာဖဂန်တွင် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ဘဏ်များကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပေါ်ခဲ့သည်။ အထူးသဖြင့် အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဘဏ်များတွင် လစာငွေ ထုတ်ယူမှုရှိသည့် အခြေအနေမျိုးတွင် ပိုမို၍ တိုက်ခိုက်ခံရတတ်သည်။ “အခုလည်း အရာရှိတွေရော၊ အရပ်သားတွေပါ လစာထုတ်ဖို့ တန်းစီနေတုန်း ဖြစ်တာပါ။ အနီးအနားမှာ အီးဒ်ပွဲတော်အတွက် ဈေးဝယ်သူတွေလည်း ရှိနေတယ်။ အပြစ်မဲ့ ပြည်သူတွေ အများကြီး သေခဲ့ရတယ်။ ပျော်ရွှင်စရာ ကာလတစ်ခုကနေ ရုတ်တရက် ကံဆိုးမိုးမှောင် ကျခဲ့ကြရှာတာ ဖြစ်ပါတယ်”ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဆယ်လ်မန် အက်ဖ်ဂန်းက AFPသို့ ပြောကြားခဲ့သည်။ အာဖဂန်တွင် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း တိုက်ခိုက်မှုများ ပိုမို ထူထပ်လာသည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က နိုင်ငံအရှေ့ပိုင်း ဂါးဒက်ဇ်မြို့တွင် အသေခံ ဗုံးခွဲမှု တစ်ခုကြောင့် ရဲအရာရှိ ၅ ဦး သေဆုံးပြီး အရပ်သား ၃၀ ကျော် ဒဏ်ရာရခဲ့သည်။ မေ ၃၁ ရက်ကလည်း ကဘူးလ်မြို့တော်တွင် ပြင်းထန်သော ကားဗုံးဖောက်ခွဲမှုတစ်ခုကြောင့် လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့ကြောင်း သိရှိရသည်။
Source : http://ift.tt/2tAol3B
via IFTTT

The Voice

စင်ကာပူနိုင်ငံမှ Byte Academy ကွန်ပျူတာပရိုဂရမ် သင်တန်းကျောင်း ပိတ်သိမ်း စင်ကာပူ၊ ဇွန် ၂၂ နယူးယောက်အခြေစိုက် ကွန်ပျူတာ ပရိုဂရမ်ရေးနည်း သင်တန်းကျောင်းတစ်ကျောင်း ဖြစ်သည့် Byte Academy သည် စင်ကာပူနိုင်ငံတွင် ပရိုဂရမ်ရေးနည်း သင်တန်းများကို ဖွင့်လှစ်လျက် ရှိရာမှ သင်တန်းများကို ရပ်စဲပိတ်သိမ်းလိုက်ကြောင်း The Straits Times သတင်းတွင် ဖော်ပြထားသည်။ Byte Academy ပရိုရေးနည်း သင်တန်းကျောင်းကို ယမန်နှစ် နိုဝင်ဘာလက စတင်ပြီး စင်ကာပူနိုင်ငံတွင် လာရောက်ဖွင့်လှစ်ထားခြင်း ဖြစ်သော်လည်း ခြောက်လကျော် အကြာတွင် ပိတ်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။ ၂၀၁၆ ခုနှစ် မတ်လကစတင်ပြီး Byte Academy ကျောင်းသည် စင်ကာပူနိုင်ငံ ပုဂ္ဂလိက ပညာရေးကော်မတီ (CPE) တွင် မှတ်ပုံတင်ထားပြီး ဖြစ်ကာ၊ Tri5 Ventures ကုမ္ပဏီက ဒေါ်လာသုံးသန်းကျော် ရင်းနှီးမြှုပ်နှံပေးပြီး ထူထောင်ထားသည့် ပုဂ္ဂလိကကျောင်းတစ်ကျောင်း ဖြစ်သည်။ ကျောင်းပိတ်ရခြင်းအကြောင်းမှာ အမေရိကန်ပြည်ထောင်စုရှိ Byte Academy နှင့် Tri5 Venture အဖွဲ့တို့ကြားတွင် သဘောထားကွဲလွဲမှုများ ရှိနေခြင်းကြောင့် ဖြစ်ကြောင်း The Straits Times သတင်းတွင် ရေးသားထားသည်။ Byte Academy ကျောင်းအနေဖြင့် ပိတ်သိမ်းကြောင်း ကြေညာပြီးနောက် ကျောင်းသားကျောင်းသူများထံက လက်ခံထားသည့် ငွေကြေးများအားလုံးကို ပြန်လည်ထုတ်ပေးနေပြီ ဖြစ်သည်။ Byte Academy အနေဖြင့် စင်ကာပူနိုင်ငံတွင် ငွေကြေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပရိုဂရမ်မာပေါင်း ၂၀၀၀ ကျော် မွေးထုတ်ပေးရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ၊ သူတို့သင်တန်းကို အချိန်ပြည့် ၁၂ ပတ်သင်တန်းပေး၍ ဘွဲ့တစ်ခုရပြီးနောက် ၆ လအတွင်း အလုပ်အကိုင် ရရှိနိုင်ကြောင်း အာမခံဖြင့် သင်ကြားပေးနေသည့် သင်တန်းလည်း ဖြစ်သည်။ ယမန်နှစ်က ထိုကျောင်းကို ဖွင့်လှစ်ရာတွင် ဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ ဂျနေးလ် ပူသူချာရီက်ိုယ်တိုင် တက်ရောက်ပြီး Byte Academy ကျောင်းကို အောင်မြင်စေလိုကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အိုင်စီတီပညာရှင်များစွာ လိုအပ်နေကြောင်း အမှာစကား ပြောကြားပေးခဲ့သည်။ Tri5 ကုမ္ပဏီကမူ စင်ကာပူနိုင်ငံတွင် အိုင်တီပညာရှင်များ၊ ပရိုဂရမ်မာများ ပေါ်ထွန်းရေးအတွက် မိမိတို့ အနေနှင့် ဆက်လက် ကြိုးပမ်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကတိပေး ပြောကြားသည်။
Source : https://goo.gl/fPwJwj
via IFTTT

The Irrawaddy - Burmese Edition

ကျူးကျော်များကို မြေကွက်ရိုက် ရောင်းချသည့် ကျေးရွာကော်မတီကို လိမ်လည်မှုဖြင့်အမှုဖွင့်ထား အစိုးရပိုင် မြေများကို အကွက်ရိုက်ရောင်းချခဲ့သော အဖွဲ့ဝင် ၂၇ ဦးပါ အောင်ရတနာကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကို ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်မှ နေအိမ်မဲ့ ကျူးကျော်အုပ်စုတခုက လိမ်လည်မှုဖြင့် အမှုဖွင့်ထားကြောင်း အမှုဖွင့်ရာတွင် ပါဝင်သူတဦးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။ ထိုအမှုကို လွန်ခဲ့သော သီတင်းပတ်က လှည်းကူးရဲစခန်းတွင် လာရောက်တိုင်တန်းထားကြောင်း စခန်းမှုး ဒုရဲမှူး မောင်မောင်ဦး က အတည်ပြု ပြောကြားသည်။ ထိုကော်မတီ၏ ခေါင်းဆောင် ဦးပြုံးချိုကို အမှုတွင် အမည်တပ် စွဲဆိုထားပြီး သူသည် ထွက်ပြေး တိမ်းရှောင်နေသည် ဟု ယူဆရသည်။ ရန်ကုန်-နေပြည်တော် အဝေးပြေး လမ်းတလျှောက်တွင် မကြာသေးမီ နှစ်များ အတွင်း အိမ်များ ထောင်နှင့်ချီ တည်ဆောက်ခဲ့ကြပြီး ရတနာအောင်၊ အောင်ရတနာ၊ စိမ်းလန်း၊ ကံ့ကော်ကျွန်း၊ အောင်သုခနှင့် စခန်းကြီး စသည့် ကျေးရွာများ ပေါ်ပေါက်လာခဲ့သည်။ အာဏာပိုင်များက ထိုနေအိမ်များကို စီးပွားကျူး သို့မဟုတ် အစိုးရပိုင်မြေပေါ်တွင် ဒေသခံများ တရားမဝင် နေထိုင်ပြီး နောက် အခြားသူများထံ ပြန်လည် ရောင်းချသည့် စီးပွားဖြစ် ကျူးကျော်များ အဖြစ် သတ်မှတ်သည်။ အစိုးရပိုင် မြေပေါ်တွင် သက်ငယ်မိုး အိမ်ပေါင်း ၅၀၀၀ ကျော် တည်ဆောက်ခဲ့ကြပြီး အာဏာပိုင်များသည် လှည်းကူးရှိ ထို အဆောက်အအုံများ၏ ၉၀ ရာခိုင်နှုန်းကို တပတ်အတွင်း ဖျက်စီးခဲ့သည် ဟု ရန်ကုန်တိုင်း အိုးအိမ်ဦးစီးဌာန ညွှန့်ကြားရေးမှူး ဦးယုခိုင်က ပြောသည်။ ဇွန်လ ၁၂ ရက်နေ့တရက်တည်းတွင် အာဏာပိုင်များသည် ရန်ကုန်-နေပြည်တော် အဝေပြေးလမ်း နံဘေးရှိ ကျောက်အိုင်ကျေးရွာရှိ အိမ် ၄၀၀ ခန့်ကို ဖျက်စီးခဲ့သည်ကို ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့ပြီး ဖြစ်သည်။ ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သူ ဦးသိန်းအောင် အပါအဝင် အောင်ရတနာ ကျေးရွာနှင့် ပတ်သက်သော အမှုတွင် တိုင်ကြားသူ ၉ ဦးအနက် ၅ ဦးတို့သည် ရန်ကုန်တိုင်း အစိုးရရုံးသို့ တနင်္လာနေ့ နံနက်က သွားရောက်ခဲ့ကြသည်။ အခြား ကျူးကျော်များလည်း ၎င်းတို့နှင့် အတူ လိုက်ပါလာခဲ့ကြပြီး မြေဝယ်စဉ် အောင်ရတနာကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက ၎င်းတို့ကို မည်ကဲ့သို့ လိမ်လည်ခဲ့သည်ကို အာဏာပိုင်များအား အသေးစိတ် တင်ပြရန် ဖြစ်သည်။ သို့သော် ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့ကို တိုင်း အစိုးရရုံးအတွင်း ဝင်ခွင့်မပေးပါ။ တွေ့ဆုံခွင့် အတွက် စာတင်ရန် ပြောသည်။ နှင်ထုတ်ခံရသူ ၁၅၀၀ နီးပါးသည် ၎င်းတို့ အိမ်များကို အာဏာပိုင်များက ဖျက်စီးစဉ် ကျန်ရှိခဲ့သော ပစ္စည်းများဖြင့် ယာယီတဲများ တည်ဆောက် နေထိုင်နေကြပြီး အချို့မှာ လှည်းကူးမြို့နယ် တာဆုံကျေးရွာရှိ ရဲမွန်ဘုန်းကြီးကျောင်းများတွင် နေထိုင်လျှက် ရှိကြသည်။ ထိုဘုန်းကြီးကျောင်းများက ၎င်းတို့အား နေထိုင်၊ သွားလာ၊ စာသောက်စရာများ ထောက်ပံ့ပေး ထားသည်။ “လူတွေရာနဲ့ ချီပြီး လမ်းဘေးမှာ အမိုးကောင်းကောင်း မရှိဘဲ နေနေကြရတယ်။ မိဘတွေက ကလေးတွေကို အစိုးရ ကျောင်းတွေမှာ အပ်ထားပြီးပြီ” ဟု ဦးသိန်းအောင်က ပြောသည်။ “ဒီလိုအခက်အခဲတွေကို တိုင်းအစိုးရက ဘယ်လို ဖြေရှင်းပေးမလဲ ဆိုတာ သိချင်တာပါ။ သူတို့တွေက တကယ့် အိုးမဲ့ အိမ်မဲ့လူတွေပါ” ဟု သူက ဆက်ပြောသည်။ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်း Alliance Stars Group of Companies တို့သည် ၈ နှစ်တာ ကြာမြင့်မည့် အကျိုးအမြတ် ခွဲဝေရေး စီမံကိန်း စာချုပ်တခုကို ၂၀၁၆ ခုနှစ်က လက်မှတ် ရေးထိုးခဲ့သည်။ လှည်းကူး မြို့နယ်တွင် ဆောက်လုပ်မည့် Eco Green City စီမံကိန်းတွင် တန်ဖိုးမျှအိမ်ရာ၊ နိုင်ငံတကာကျောင်း၊ ဆေးရုံ၊ ဂေါက်ကွင်း နှင့် အပမ်းဖြေရန် နေရာတို့ပါဝင်သည်။ ကျူးကျော်သူများကို ဖယ်ရှားပြီးစီးလျှင် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်ရန် စီစဉ်ထားသည်။ လူနေအိမ် ၁၀၀ ဖြင့် အောင်ရတနာ ကျေးရွာ အဖြစ် သတ်မှတ်ပေးရန် ပြည်ထောင်စုအစိုးရအား တင်ပြသော လုပ်ငန်းစဉ် တွင် ဒေသခံ အိုးမဲ့အိမ်မဲ့များ အရေးဆောင်ရွက်သူ ဦးစံထွန်းလည်း ပါဝင်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး ကော်မတီက အစိုးရပိုင် မြေများကို ပွဲစားများသို့ ထပ်မံရောင်းချခဲ့သည်။ လူနေအိမ်များ များပြားလာသော အခါ ရွာအဖြစ် လျှောက်ထားသော လုပ်ငန်းစဉ်မှာလည်း ပျက်ပြားသွားခဲ့ရသည်။ “အစိုးရ အနေနဲ့ အိမ်တွေကို မဖျက်စီးခင် ဘယ်သူတွေက ကျူးကျော်အစစ်လဲ ဆိုတာ စစ်ဆေးသင့်တယ်။ အခုတော့ မီးဖွားပြီးစ မိခင်တွေ အပါအဝင် အိုးမဲ့အိမ်မဲ့ အစစ်တွေဟာ မိုးထဲရေထဲမှာနေနေရတယ်” ဟု ဦးစံထွန်းပြောသည်။ အောင်ရတနာ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်တဦးကို ဖမ်းမိသည်ဟု သတင်းများ ထွက်နေသော်လည်း အခြား အဖွဲ့ဝင်များ မည်သည့်နေရာတွင် ရှိသည်ကို အာဏာပိုင်များ မသိကြောင်း နှင့် ၎င်းတို့သည် ကျူးကျော်တဲများကို မဖျက်မီ ထွက်ပြေး တိမ်းရှောင် သွားကြောင်းလည်း ဦးစံထွန်းပြောသည်။ ။
Source : https://goo.gl/nmekpw
via IFTTT

The Irrawaddy - Burmese Edition

ဒုက္ခသည် ဦးရေ ကြီးထွားလာသည့် စာရင်းတွင် မြန်မာနိုင်ငံ ပါဝင် မြန်မာနိုင်ငံ၏ ပြည်တွင်း ပဋိပက္ခများကြောင့် ၂၀၁၆ နှစ်ကုန် အထိ လူ ၄၉၀၀၀၀ ကို ဒုက္ခသည် ဖြစ်စေသကဲ့သို့ အခြားသူ ၃၇၅၀၀၀ မှာ နေရပ်စွန့် ထွက်ပြေးပုန်းရှောင် (IDP) များ ဖြစ်စေခဲ့ပြီး ကမ္ဘာအနှံ့ နေရပ်စွန့် ထွက်ပြေးပုန်းရှောင်နေသည့် လူဦးရေ တိုးပွားလာစေသည် ဟု အာရှဒေသ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ ပြောခွင့်ရသူ ဗီဗီယန်တန် က ပြောသည်။ ၂၀၁၆ ခုနှစ်ကုန်အထိ ကမ္ဘာတဝန်းတွင် လူ ၆၅ ဒသမ ၅ သန်းတို့သည် အတင်းအကျပ် နေရပ်စွန့်ခွာရခြင်း ကြုံတွေ့နေရသည် ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ကမ္ဘာ့ ဒုက္ခသည်များနေ့ မတိုင်မီ အင်္ဂါနေ့က ထုတ်ပြန်သည့် နှစ်စဉ် ကမ္ဘာ့အခြေအနေ အစီရင်ခံစာတွင် ဖော်ပြသည်။ “ကမ္ဘာတဝန်း စစ်ပွဲ၊ အကြမ်းဖက် တိုက်ခိုက်မှုနှင့် ဖိနှိပ်ခြင်းတို့သည် အတင်းအကျပ် နေရပ်စွန့်ခွာ ထွက်ပြေးရမှုများကို ယခင်ကထက် ပိုမို များပြားလာစေသည်” ဟု ထို အစီရင်ခံစာတွင် ဖော်ပြသည်။ ထို စာရင်းပါ လူ ၆၅ ဒသမ ၅ သန်းတွင် ဒုက္ခသည်များ၊ နေရပ်စွန့်ခွာ ထွက်ပြေးရသူများနှင့် ခိုလှုံခွင့်တောင်းခံသူများ ပါဝင် သည်။ ဒုက္ခသည်များနှင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ အများအပြား ဖြစ်စေသော နိုင်ငံများတွင် ဆီးရီးယား၊ တောင်ဆူဒန်၊ အီရတ်နှင့် ကိုလံဘီယာတို့ ပါဝင်ပြီး စစ်နှင့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ထိုသို့ကြုံတွေ့ရခြင်း ဖြစ်သည်။ “မြန်မာနိုင်ငံဟာ ကမ္ဘာ့အဋ္ဌမမြောက် ဒုက္ခသည် အများဆုံး ပေါ်ပေါက်စေတဲ့ နိုင်ငံဖြစ်ပြီး ဒုက္ခသည် ၄၉၀၀၀၀ လောက်ကို အဓိကအားဖြင့် ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ မလေးရှားနဲ့ အိန္ဒိယ နိုင်ငံတွေက လက်ခံထားရပါတယ်” UNHCR Asia ပြောခွင့်ရသူက ဧရာဝတီသတင်းဌာနသို့ ပြောသည်။ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း တို့တွင်လည်း ပြည်တွင်း ရွာပုန်းရွာရှောင် အဖြစ် ရွှေ့ပြောင်းနေထိုင်ရသူမှာ ၃၇၅၀၀၀ ရှိသည်ဟုလည်း ထိုပြောခွင့်ရသူက ဆိုသည်။ နိုင်ငံတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ရှိနေသော်လည်း နိုင်ငံအရှေ့ပိုင်းနှင့် မြောက်ပိုင်း ဒေသတွင် တိုက်ပွဲများ မပြီးနိုင် မဆုံးနိုင်အောင် ဖြစ်နေမည်ကို စိုးရိမ်နေရသည်။ “ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေရဲ့ တိုးတက်မှုကို အနီးကပ် ကြည့်လိုက်တဲ့အခါ ကျတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်မှာကို စိုးရိမ်ရတယ်။ ၂၀၁၁ ခုနှစ် ဇွန်လက အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပျက်သွားပြီးနောက် တိုက်ပွဲတွေ ဖြစ်နေတာ ၇ နှစ်ထဲကို ရောက်လာပြီ” ဟုလည်း ဗီဗီယန်တန် က ပြောသည်။ သူက မြန်မာစစ်တပ်နှင့် KIA တို့ အကြား ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်သည် ၂၀၁၁ ခုနှစ်မှာ ပျက်သုန်းခဲ့ခြင်း ဆို ဆိုလိုသည်။ မြန်မာနိုင်ငံ နယ်စပ်ဒေသများမှ ဆယ်စုနှစ်များစွာကြာ တိုက်ပွဲများသည် ဒေသတွင်းတွင် အရှည်ကြာဆုံးသော ဒုက္ခသည်နှင့် ပြည်တွင်း နေရပ်စွန့်ခွာ နေထိုင်ရခြင်းကို ဖြစ်ပေါ်စေခဲ့သည်။ အရပ်သား အများအပြားမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး လူသားချင်း စာနာမှု အကူအညီများကိုလည်း အကန့်အသတ်ဖြင့်သာ ရရှိနေသည်ဟု သူက ဆက်ပြောသည်။ “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ နောက်ထပ်တိုးတက်မှုတွေဟာ အနာဂတ်မှာ ဒုက္ခသည်တွေနဲ့ ပြည်တွင်း နေရပ်စွန့်ခွာသူတွေ အတွက် သူတို့ သဘောအရ လုံခြုံပြီး သိက္ခာရှိစွာ နေရပ်ပြန်ဖို့ ငြိမ်းချမ်းရေးနဲ့ ပြန်လည် သင့်မြတ်ရေး အတွက် အခြေခံတွေကို ချမှတ်နိုင်မယ် လို့ ကျမတို့ မျှော်လင့်ပါတယ်” ဟုလည်း ဗီဗီယင်တန် က ပြောသည်။ တချိန်တည်းတွင် ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်ရှိ အသိုင်းအဝန်း ၂ ခု အကြား ပဋိပက္ခကြောင့် လူ ၁၂၀၀၀၀ တို့သည် နေအိမ်များ ဆုံးရှုံးခဲ့ပြီး နေရပ်စွန့်ခွာ ထွက်ပြေးရသူများ အတွက် စခန်းများတွင် ဆိုးရွားသော အခြေအနေဖြင့် နေထိုင်နေ ကြရသည်။ “မနှစ်က အောက်တိုဘာလက ရခိုင်ပြည်နယ်မှာ စတင်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျမတို့ စိုးရိမ်နေတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် လူ ၇၄၀၀၀ လောက် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးနေရတယ်” ဟု ဗီဗီယင်တန် က ပြောသည်။ နေရပ်စွန့်ခွာ ထွက်ပြေးကြရသူ ၆၅ သန်း အနက် ၁၇ ဒသမ ၂ သန်းကို UNHCR က တာဝန်ယူနေရသည် ဟု ၎င်းတို့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဆီးရီးယားနိုင်ငံသည် ကမ္ဘာ့ဒုက္ခသည် အများဆုံး ဖြစ်ပေါ်စေသော နိုင်ငံဖြစ်ပြီး တူရကီနှင့် အခြားနိုင်ငံများတွင် ဒုက္ခသည် ၅ ဒသမ ၅ သန်းပေါ်ပေါက်စေခဲ့သည်။ သို့သော် တောင်ဆူဒန်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဇူလိုင်လတွင် ပျက်စီး သွားပြီးနောက် ၂၀၁၆ ခုနှစ် အတွက် အကြီးမားဆုံး ဒုက္ခသည် ထုတ်လုပ်သည့် နိုင်ငံသစ်တခု ဖြစ်လာစေခဲ့သည်။ ဆီးရီးယား၊ အီရတ် နှင့် ကိုလံဘီယာတို့သည် နေရပ်စွန်ခွာရမှု အများဆုံး ဖြစ်စေသောနိုင်ငံများ ဖြစ်သည်။ ၂၀၁၆ ခုနှစ် နှစ်ကုန်က ကမ္ဘာတဝန်းခိုလှုံခွင့်တောင်းသူ ၂ ဒသမ ၈ သန်းရှိသည်။ ကမ္ဘာ့ဒုက္ခသည်များ၏ ထက်ဝက်ဖြစ်သော ကလေးသူငယ်များသည် ၎င်းတို့၏ ထိခိုက်လွယ်သော အခြေအနေများကြောင့် အရွယ်နှင့် မမျှသော ဝန်ထုတ်ဝန်ပိုးများကို ခံစားနေရသည်။ ၂၀၁၆ ခုနှစ် နှစ်ကုန်တွင် အနည်းဆုံး လူ ၁၀ သန်းတို့သည် လူမျိုးမဲ့ သို့မဟုတ် နိုင်ငံမဲ့ ဖြစ်စေသည့် အခြေအနေရှိသည် ဟု UNHCR က ခန့်မှန်းသည်။
Source : https://goo.gl/LTnCSH
via IFTTT

Thursday, June 22, 2017

Eleven Broadcasting

" Football TalkShow " (ရုပ်သံအစီအစဉ်) "Confederations Cup (Russia, 2017)" ကင်မရွန်း နှင့် ဩစတြေးလျ ဂျာမနီ နှင့် ချီလီ ဇွန်လ (၂၂)ရက်နေ့ ည ၉း၃၀ နာရီတွင် ယှဉ်ပြိုင်ကစားမည့် ကင်မရွန်း နှင့် ဩစတြေးလျ အသင်းတို့၏ ပွဲစဉ်နှင့် ဇွန်လ (၂၃)ရက်နေ့ မနက် ၁၂း၃၀ နာရီတွင် ယှဉ်ပြိုင်ကစားမည့် ဂျာမနီ နှင့် ချီလီ အသင်းတို့၏ယှဉ်ပြိုင်ကစားကြပုံကို Eleven Sports မှ အမှုဆောင်အယ်ဒီတာ ကိုကျော်သူမြင့် နှင့် အကြီးတန်းအယ်ဒီတာ ကိုနန္ဒဝန်ငြိမ်းချမ်း တို့က သုံးသပ်တင်ပြထားပါသည်။
Source : http://ift.tt/2txebkg
via IFTTT

The Irrawaddy - Burmese Edition

ရန်ကုန်အပါအဝင် နေရာ ၁၁ ခုတွင် ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် စီစဉ်နေ လာမည့် အနှစ် ၃၀ အတွင်း တနိုင်ငံလုံး လျှပ်စစ် ထုပ်လုပ်မှု ၃၃ ရာခိုင်နှုန်းအား ကျောက်မီးသွေး လောင်စာမှ ထုတ်လုပ် သွားနိုင်ရန် အတွက် ပြည်ထောင်စု လျှပ်စစ်ဝန်ကြီးဌာနမှ မူဝါဒ ချမှတ် ဆောင်ရွက်နေပြီး ရန်ကုန်၊ ဧရာဝတီ ကရင်ပြည်နယ် အပါအဝင် နေရာ ၁၁ ခု၌ ကျောက်မီးသွေး လျှပ်စစ် ဓာတ်အားပေး စက်ရုံ တည်ဆောက် သွားရန် ခွင့်ပြုထားကြောင်း ကရင်ပြည်နယ် လျှပ်စစ်နှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး ဦးစိုးလှိုင်က ဧရာဝတီသို့ အတည်ပြု ပြောသည်။ “လျှပ်စစ် ဌာနရဲ့ ထုတ်ပြန်ချက် အရဆိုရင် နှစ်စဉ် ၄၀၀ နဲ့ ၅၀၀ မဂ္ဂါဝပ်လောက် လိုအပ်ချက် ရှိတယ်။ လျှပ်စစ်က နှစ်စဉ် အမြဲတမ်းကို ၁၅ ရာခိုင်နှုန်းလောက် တိုးတက် သုံးစွဲ လာတဲ့ အတွက်ကြောင့်၊ နောက်ထပ် Generation မရှိဘူး ဆိုရင် တဖြည်းဖြည်း Shortage ဖြစ်လာပြီးတော့ ပြည်သူတွေ ဒုက္ခ ရောက်လာမယ်၊ ကိုယ့်ပြည်နယ်နဲ့ တိုင်းအတွင်းမှာ ဘယ်လိုနည်းနဲ့ ထုတ်ထုတ်ပေါ့၊ နိုင်ငံတော်ကို လျှပ်စစ်ဓါတ်အား ထောက်ပံ့ ပေးနိုင်ရင် နိုင်ငံတော် တိုးတက် လာမှာပေါ့” ဟု ဦးစိုးလှိုင်က ပြောသည်။ လက်ရှိ၌ ကရင်ပြည်နယ် အတွင်းတွင် Toyo- Thai ကုမ္ပဏီမှ အဆိုပြု ထားသည့် မဂ္ဂါဝပ် ၁၂၈၀ ထုတ် ကျောက်မီသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး စက်ရုံ တည်ဆောက်ရန် အတွက် ကနဦး ဆန်းစစ်ချက် လုပ်ငန်းစဉ်များ လုပ်ဆောင်ရန် အတွက် ပြည်နယ် အစိုးရမှ စတင်ခွင့်ပြုထားကာ ယခု ၂၀၁၇ နှစ်ကုန် အထိ ၎င်းအား ခွင့်ပြုထားကြောင်း သိရသည်။ ထိုကနဦး ဆန်းစစ်ချက် လုပ်ငန်းစဉ် များ၌ လုပ်ငန်းလုပ်ဆောင်ရန် အခြေခံ လိုအပ်ချက်၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု ဆိုင်ရာ ဆန်းစစ်ချက်နှင့် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံ စီမံကိန်း အကြောင်း ဒေသခံ များအား ရှင်းလင်း တင်ပြခြင်းနှင့် သဘောထား ရယူခြင်း တို့အား ဆောက်ရွက် နေကြောင်း Toyo – Thai ကုမ္ပဏီ၏ ဘားအံကျောက်မီးသွေး လျှပ်စစ်ဓါတ်အားပေး စက်ရုံ စီမံကိန်း မန်နေဂျာ ဦးထက်အောင်မွန်က ဧရာဝတီသို့ ရှင်းပြ ပြောဆိုသည်။ စီမံကိန်း မန်နေဂျာ ဦးထက်အောင်မွန်က “စီမံကိန်းက ဘယ်တော့လောက် စမလဲ ဆိုတာတော့ ကျနော်တို့ မပြောနိုင် သေးပါဘူး၊ အခုက ဖြစ်နိုင်ခြေ ရှိ၊ မရှိ လေ့လာ ဆန်းစစ်တဲ့ အဆင့်ပဲ ရှိပါသေးတယ်၊ ကျနော်တို့ အဘက်ဘက်က လေ့လာ ဆန်းစစ်မှုတွေ အရ ဖြစ်နိုင်တယ် ဆိုတော့မှ စီမံကိန်း အကောင်အထည် ဖော်ဆောင်မယ့် အဆင့်ကို လုပ်ဆောင်သွားပါမယ်” ဟု ပြောသည်။ ၎င်းစီမံကိန်းအား ဘားအံ- ကမမောင်း ဒေသကြား သင့်တော်သည့် နေရာဒေသ၌ တည်ဆောက် သွားရန် စီစဉ် ထားပြီး လက်ရှိတွင် စီမံကိန်း နေရာ၊ မြေဧရိယာ အသုံးပြုမှုနှင့် ပမာဏအား ကြိုတင် သုံးသပ်၍ မရနိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။ Toyo – Thai ကုမ္ပဏီမှ ၎င်းကျောက်မီးသွေး လျှပ်စစ်ဓါတ်အားထုတ် စက်ရုံအတွက် အင်ဒိုနီးရှားနှင့် သြစတေးလျ နိုင်ငံတို့မှ ကျောက်မီးသွေး များကို အသုံးပြုသွားမည် ဖြစ်ကာ Ultra-Supercritical ကျောက်မီးသွေး သန့်စင်သည့် ဂျပန် နည်းပညာ အသုံးပြုသွားမည် ဖြစ်သောကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိကြောင်းလည်း ၎င်းကဆိုသည်။ “ကျောက်မီးသွေးစက်ရုံ တခုနဲ့တခု အဆင့်မြင့်တာနဲ့ မမြင့်တာ ကွာခြားတယ်၊ အဓိက ကတော့ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ အမှုန်၊ အမွှားတွေ ၊ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက် စေတဲ့ ဆာလဖာ ဒိုင်အောက်ဆိုဒ်တွေ၊ နိုက်ထရိုဂျင် အောက်ဆိုဒ်တို့ကို ပြန်လည် ဖယ်ရှားတဲ့ Environmental Friendly Facility သဘာဝ ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်စေတဲ့ စနစ်တွေ ထပ်မံ တပ်ဆင် ထားတဲ့ အတွက် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု ဆိုတာကတော့ စိုးရိမ်စရာ မရှိဘူး” ဟု ဦးထက်အောင်မွန်က ရှင်းပြသည်။ သို့သော် ဇွန်လ ၂၁ ရက်နေ့၌ ထုတ်ပြန်သည့် တနိုင်ငံလုံးရှိ အရပ်ဖက် လူမှုအဖွဲ့အစည်းပေါင်း ၁၁၄ ဖွဲ့ တို့၏ စီမံကိန်း ကန့်ကွက် ရှူတ်ချ စာတွင် သဘာဝ ပတ်ဝန်းကျင် ထိခိုက်နစ်နာမှု မရှိကြောင်း ကုမ္ပဏီ၏ အကြောင်းပြချက်မှာ မိဘ ပြည်သူလူထု များအား လိမ်လည်သော စည်းရုံးလှုံ့ဆော်မှုသာ ဖြစ်ကြောင်း ပြောဆိုထားသည်။ “လူထုနဲ့ တွေ့ဆုံပွဲမှာ ကုမ္ပဏီဘက်က သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုမရှိပဲ ၁၀၀ ရာခိုင်နှုန်း ထက်တောင် ကျော်ပြီးတော့ ထိခိုက်မှု မရှိဘူး ဆိုပြီးတော့မှ အဲဒီ စကားလုံး သူတို့ သုံးသွားတယ်။ တကယ်တော့ ပြည်သူလူထုကို လိမ်လည်လှည့်ဖျား တာပဲ၊ Clean Coal ဆိုတာ နည်းပညာပဲ၊ ပတ်ဝန်းကျင် ထိခိုက်မှုကတော့ ရှိတယ်” ဟု ထုတ်ပြန်ချက်တွင် ပါဝင်သည့် အရပ်ဖက် အစည်းတခုမှ ပြောရေး ဆိုခွင့် ရှိသူ ကိုစောသာဘိုးမှ ဧရာဝတီသို့ သုံးသပ် ပြောကြားသည်။ Toyo-Thai ကုမ္ပဏီ တာဝန်ရှိသူများမှ ဇွန်လ ၁၉ ရက်နေ့၌ ကရင်ပြည်နယ် ကမမောင်းအနီးရှိ ဝတ်ကြီး ကျေးရွာ၌ လည်းကောင်း ၊ ၂၀ ရက်နေ့တွင် ဥဒေါင်း ကျေးရွာ၌ လည်းကောင်း ကျေးရွာ အဆင့် လူထုရှင်းလင်းပွဲ ၂ နေရာ ပြုလုပ်ခဲ့ပြီး ဇွန်လ ၂၁ ရက်နေ့တွင် လှိုင်းဘွဲ့၊ ဘားအံ မြို့နယ်အဆင့် လူထု ရှင်းလင်းပွဲအား ဘားအံမြို့ရှိ ဇွဲကပင် ခန်းမ၌ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ စီမံကိန်းအား ၂၀၁၈ နှစ်ဆန်း၌ စတင် ဆောက်လုပ်ခွင့် ရရန် ကုမ္ပဏီမှ လျာထားကြောင်း ကရင်ပြည်နယ် လျှပ်စစ်နှင့် စက်မှု ဝန်ကြီးဌာန ဦးစိုးလှိုင်က ပြောသည်။ ယင်းကုမ္ပဏီ အနေဖြင့် လျာထားသည့် ၁၂၈၀ မဂ္ဂါဝပ်အား အစိုးရ မဟာ ဓာတ်အားလိုင်း လက်ခံနိုင်သည့် အခြေအနေအရ ထုတ်လုပ်ပေးမည် ဖြစ်ပြီး တဆင့်ခြင်း တိုးတက် ထုတ်လုပ် သွားရန် စီစဉ် ထားကြောင်း သိရသည်။ မွန်ပြည်နယ် ရေးမြို့နယ် အတွင်းရှိ အံဒင် ကျေးရွာ၌လည်း မဂ္ဂါဝပ် ၁၂၈၀ ထုတ်မည့် ကျောက်မီးသွေး လျှပ်စစ် ဓာတ်အား ပေး စက်ရုံ စီမံကိန်း တခုအား Toyo-Thai ကုမ္ပဏီမှ ၂၀၁၄ ခုနှစ် ခန့်တွင် အကောင်အထည် ဖော်ရန် ကြိုးပမ်း ခဲ့သော်လည်း ဒေသခံများ ကန့်ကွက်မှုကြောင့် ယနေ့အထိ ဆိုင်းငံ့ထားခဲ့ရသည်။
Source : https://goo.gl/HjFR8K
via IFTTT

The Irrawaddy - Burmese Edition

သခင်သန်းထွန်း ရုံးထိုင်ခဲ့တယ်လို့ ဆိုတဲ့ အိမ်ကြီး (ရုပ်/သံ) ဧရာဝတီ ၊ ဇွန် ၂၂ ၊ ၂၀၁၇ နေပြည်တော် အမြန်လမ်းမပေါ်မှာရှိတဲ့ ငလိုက်ကန်သာ အပန်းဖြေစခန်းထဲက ပြန်လည်ဆောက်လက်စ သစ်သားအိမ်ကြီးဟာ ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ သခင်သန်းထွန်း ရုံးစိုက်နေထိုင်ခဲ့တယ်လို့ အများက ပြောဆိုနေပါတယ်။ ရိုက်ကူး ၊ ငြိမ်းဇော်
Source : http://ift.tt/2twkvZg
via IFTTT

Tuesday, June 20, 2017

The Voice

အမေရိကန် ရပ်ပ်ပါ Joker ရဲ့ သီချင်းတစ်ပုဒ်ကို ကော်ပီလုပ်တယ်လို့ ပြောခံရတဲ့ကိစ္စ လွှမ်းပိုင်ရှင်းပြီ ......................................... ကမ္ဘာကျော် ရပ်ပ်ပါတစ်ဦးဖြစ်တဲ့ Joker ရဲ့ I give it all သီချင်းနဲ့ လူငယ်ပရိသတ်ကြိုက် ဟစ်ဟော့ပ်အဆိုရှင် လွှမ်းပိုင်ရဲ့ စီးရီးသစ် ဂီတဗေဒမှာပါရှိတဲ့ သီချင်းတစ်ပုဒ်ရဲ့ ပုံစံဆင်တူနေတယ်ဆိုပြီးလူမှုကွန်ရက် Facebook မှာ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး လွှမ်းပိုင်ကို The Voice သတင်းထောက်က မေးမြန်းရိုက်ကူး တင်ပြထားပါတယ်။
Source : http://ift.tt/2tom6Qz
via IFTTT

7Day News Journal

တက္ကသိုလ်ဝင်စာမေးပွဲ ကို သုံးဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် မန္တလေးအိုးဘိုအကျဥ်း ထောင်မှ အကျဥ်းသူကို ဘွဲ့ရ သည်အထိ အကျဥ်းဦးစီးဌာနက ကျောင်းထားပေးမည်ဟု အကျဥ်း ဦးစီးဌာန (နေပြည်တော်)မှ ဒုညွှန် ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောသည်။ အဆိုပါအကျဥ်းသူကို အဝေးသင်တက္ကသိုလ်တက်ခွင့် ပြုမည်ဖြစ်ပြီး အကျဥ်းဦးစီးဌာနမှ လွတ်မြောက်ခြင်းမရှိသေးပါက ဘွဲ့ရသည့်အထိ ကျောင်းထားပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ‘‘ဒီလိုထူးထူးချွန်ချွန်အောင် တဲ့အတွက် သူကို ဘွဲ့ရတဲ့အထိ ထားပေးပါမယ်။ သူက ဘွဲ့ရသည်အထိ ထောင်ကနေမလွတ်သေး ဘူးဆိုရင် ကျန်တဲ့သူတွေကို သင် ပေးဖို့ ဆရာအဖြစ်ထားရှိမှာပါ။ နေ့တက်အတန်းကျ တက်လို့အ ဆင်မပြေဘူးလေ။ အဝေးသင်ပဲ ထားပေးမှာပါ။ လိုအပ်တာတွေ အကျဥ်းထောင်ဘက်ကနေ လုပ် ပေးသွားမှာပါ’’ဟု ဦးမင်းထွန်းစိုး က ပြောသည်။ ဂုဏ်ထူးသုံးဘာသာဖြင့် အောင်မြင်ခဲ့သည့် အကျဥ်းသူ သည် (၁၉) နှစ်အရွယ်သာရှိသေးပြီး စစ်ကိုင်းတိုင်းဒေသကြီး ရွှေဂူမြို့နယ် ခိုလိပ်ကျေးရွာတွင် နေထိုင်သူဖြစ်ကာ ၂ဝ၁၅ အောက်တိုဘာ ၈ ရက်က ၎င်း၏ စျေးဆိုင်မှ ရာမဆေးပြား ၁၅ ပြားတွေ့ရှိမှုဖြင့် ထောင် ၁ဝ နှစ်ကျခံရခြင်း ဖြစ်သည်။ အိုးဘိုအကျဥ်းထောင်စာစစ် ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ ကို အကျဥ်းသား၊ သူ ၁၁ ဦးဝင် ရောက်ဖြေဆိုရာ ခုနစ်ဦးအောင် မြင်ခဲ့ပြီး သုံးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် လေးဦးထွက်ပေါ်ခဲ့သည်။
Source : http://ift.tt/2rQRYvf
via IFTTT

The Irrawaddy - Burmese Edition

ဦးဝီရသူကို ထောက်ခံသူများက We Love Wira Thu လှုပ်ရှားမှု ပြုလုပ် ပုံ - ဇွန်လ ၁၆ ရက်နေ့ ညနေ ၄ နာရီ မန္တလေးမြို့ မနော်ဟရီလမ်းနှင့် ၅၇ လမ်း We Love Wira Thu လက်မှတ်ရေးထိုးပွဲတွင် မြင်တွေ့ရသည့် ဆရာတော်ဦးဝီရသူနှင့် ကျောင်းသား / သူများ မန္တလေး မစိုးရိမ်ကျောင်းတိုက်ဆရာတော် ဦးဝီရသူကို ကြည်ညိုလေးစား ထောက်ခံသူများက We Love Wira Thu ကမ်ပိန်း(ထောက်ခံ လက်မှတ်ကောက်ခံပွဲ)များကို ကရင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ယခုလအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဦးဝီရသူအား အဓမ္မဝါဒီဟု စွပ်စွဲပြောဆိုနေမှုများကို ပယ်ဖျက်နိုင်ရန်နှင့် ဦးဝီရသူသည် ဓမ္မဘက်တော်သား ဖြစ်ကြောင်းကို အတည်ပြုရန် ရည်ရွယ်၍ ဦးဝီရသူကို ချစ်မြတ်နိုးသူများ၊ ကြည်ညိုသူများ စုပေါင်းပြီး ယင်းသို့ ပြုလုပ်ရခြင်းဖြစ်ကြောင်း We Love Wira Thu ကမ်ပိန်း ဦးဆောင်သူများက ဧရာဝတီကို ပြောသည်။ ထောက်ခံလက်မှတ် ရေးထိုးသူတဦးက “အဓိက ရည်ရွယ်ချက်က ဘုန်းဘုန်းဦးဝီရသူဟာ ဓမ္မဘက်တော်သားလို့ ယုံကြည်တယ်။ သူများတွေက ဘုန်းဘုန်းကို အဓမ္မဘက်တော်သား ဘာညာပြောနေတဲ့အပေါ်မှာ မခံချင်ဖြစ်တယ်။ ဓမ္မဘက်တော်သားဖြစ်ကြောင်းကို ကျနော်တို့ တွေရဲ့ ဆန္ဒမဲလက်မှတ်တွေနဲ့ အတည်ပြုပေးတာပဲ” ဟု ပြောသည်။ ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်က ကရင်ပြည်နယ် ဘားအံမြို့ မဲဘောင်ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည့် We Love Wira Thu ကမ်ပိန်း၌ ထောက်ခံလက်မှတ်ပေါင်း ၁သောင်းခန့်နှင့် ဇွန်လ ၁၄ ရက်က မြဝတီမြို့နယ် မြသုခ တပ်ဦးကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည့်ပွဲ၌ ထောက်ခံ လက်မှတ်ပေါင်း ၃၀၀ ကျော် ရရှိခဲ့ကြောင်း ကမ်ပိန်းလှုပ်ရှားမှုတွင် ပါဝင်သူ ဘားအံဒေသခံ ကိုသူရိန်က ပြောသည်။ ကိုသူရိန်က “ဆရာတော်ဦးဝီရသူ တရားဟောတာတွေ၊ ပြောတဲ့ဆိုတဲ့ သြဝါဒတွေမှာ အဓမ္မတရားတွေ ဟောပါတယ် ဆိုပြီးတော့ ရန်ကုန်မှာ ကမ်ပိန်းလုပ်နေကြတယ်။ အဲလိုမျိုး လုပ်တဲ့အခါမှာ ဆရာတော်ကို မလိုလို့ပဲဖြစ်ဖြစ် ဘယ်လိုနည်း နဲ့ပဲဖြစ်ဖြစ် သူတို့ရည်ရွယ်ချက်အရ အဓမ္မဝါဒလို့မှတ်ပေမယ့်လည်း ဆရာတော်က အဓမ္မဝါဒ မဖြစ်ကြောင်း၊ ဆရာတော်ကို ချစ်နေသေးတဲ့သူတွေလည်း အများကြီးရှိတယ်ဆိုတဲ့အကြောင်းကို သိစေချင်လို့ပါ” ဟု ဆိုသည်။ ဆက်လက်၍ ကရင်ပြည်နယ်ရှိ တခြားသော မြို့နယ်များနှင့် မော်လမြိုင်တို့မှ ကမ်ပိန်းပြုလုပ်လိုသည်ဟုဆိုကာ ၎င်းတို့ထံ ကမ်းလှမ်းမှုများရှိကြောင်း၊ လတ်တလောတွင် ရရှိထားသည့် လက်မှတ်များကို ဆရာတော်ဦးဝီရသူထံ ဆက်ကပ်သွား မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ မန္တလေးမြို့တွင်လည်း မျိုးချစ်ရဟန်းတော်များ သမဂ္ဂ(မန္တလေး)နှင့် ဦးဝီရသူကို ကြည်ညိုသူများ ပူးပေါင်းပြီး We Love Wira Thu ကမ်ပိန်းကို ဇွန်လ ၁၆ ရက်မှ ၁၉ ရက်အထိ ၄ ရက်တိုင်တိုင် ပြုလုပ်ခဲ့ပြီး လက်မှတ်ပေါင်း ၅သောင်းခွဲခန့် ရရှိခဲ့ ကြောင်း ဦးဝီရသူကိုကြည်ညိုသူ မန္တလေးမြို့ဒေသခံ ဦးနိုင်ဝင်းထွန်းက ပြောသည်။ ဦးနိုင်ဝင်းထွန်းက “အွန်လိုင်းပေါ်မှာ အကောင်းပြောတဲ့သူလည်း ရှိတယ်။ မကောင်းပြောတဲ့သူလည်း ရှိတယ်။ မကောင်း ပြောတဲ့သူတွေက သူတို့ မသိလို့ ပြောတာဖြစ်ပါလိမ့်မယ်။ ဆရာတော် ဘာတွေလုပ်နေသလဲ။ ဆရာတော် တကယ် လုပ် နေတဲ့ အလုပ်တွေကို သေသေချာချာ ဂဃနဏ မသိလို့ ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။ တဖက်တွင်လည်း ရန်ကုန်အခြေစိုက် အဓမ္မဝါဒ ဆန့်ကျင်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဦးဝီရသူ၏ ပြောဆို လုပ်ကိုင် ဆောင်ရွက်မှုများအပေါ် ဓမ္မ၊ အဓမ္မခွဲခြားပေးရန် ရန်ကုန်တိုင်းအတွင်းရှိ ပြည်သူလူထု၏ ဆန္ဒပြုလက်မှတ်များ ကောက် ယူလျက်ရှိသည်။ ယင်းလက်မှတ်ကောက်ယူမှုကို မေလ ၂၁ ရက်မှ ယခု ဇွန်လ ၁၇ ရက်အထိ မြို့နယ် ၉ မြို့နယ်ခန့်တွင် ကောက်ယူခဲ့ပြီး ရရှိထားသည့် လက်မှတ်အရေအတွက် အတိအကျကို ဇွန်လ ၂၁ ရက်တွင် တရားဝင်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အဓမ္မ ဝါဒ ဆန့်ကျင်ရေးကော်မတီ ဦးဆောင်တည်ထောင်သူ ကိုမြတ်ကျော်က ပြောသည်။ ယခုကဲ့သို့ ဆန္ဒပြုလက်မှတ် ကောက်ယူမှု ပြုလုပ်ခြင်းသည် ၎င်းတို့အနေဖြင့် ဦးဝီရသူကို ပျက်စီးစေလိုခြင်း၊ ထောင်ကျစေ လိုခြင်းမဟုတ်ဘဲ ဦးဝီရသူ၏ လွဲမှားနေသည့် ပြောဆို ဆောင်ရွက်မှုများကို လူထုအနေဖြင့် လက်မခံကြောင်း၊ လွဲမှားနေ သည့် အယူဝါဒများကို ပြုပြင်စေလိုကြောင်း ပြချင်သည့်သဘောဖြစ်ကြောင်း ၎င်းက ပြောဆိုထားသည်။ အဓမ္မဝါဒ ဆန့်ကျင်ရေးကော်မတီမှ ကောက်ယူရရှိသည့် လက်မှတ်များကို ဇွန်လ၂၁ ရက်တွင် သာသနာရေးဝန်ကြီးဌာနသို့ ပေးပို့သွားမည်ဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး၊ သမ္မတရုံးဝန်ကြီးဌာနနှင့် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့(မဟန)ကို ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။ We Love Wira Thu ကမ်ပိန်းနှင့် ပတ်သက်၍ ကိုမြတ်ကျော်က “ကွဲလွဲခွင့်ကိုတော့ လေးစားပါတယ်။ သူတို့ လုပ်ခွင့်ရှိ တယ်။ လုပ်ချင်ရင်တော့ လုပ်ကြပါ။ ဘာမှပြောစရာမရှိဘူး။ သို့ပေမယ့် ရဟန်းတပါးကို ချစ်လို့ထောက်ခံလို့ လက်မှတ် လိုက်ကောက်ရတယ်ဆိုတဲ့ အခြေအနေကတော့ ကျနော်တို့ ဗုဒ္ဓဘာသာသမိုင်းမှာတော့ မကြားဖူးဘူးပေါ့လေ။ ဒ့ီပြင် လူကြားဖူးရင်တော့ ကျနော်လည်း မသိဘူး” ဟု ၎င်း၏အမြင်ကို ပြောသည်။ ဦးဝီရသူကို ထောက်ခံသူများက We Love Wira Thu ကမ်ပိန်းများကို နိုင်ငံအနှံ့တွင် ဆက်လက် လုပ်ဆောင်သွား မည်ဖြစ် ကြောင်း၊ အွန်လိုင်းမှတဆင့် ထောက်ခံလက်မှတ် ပေးနိုင်ရန် Online Voting စနစ်ကို ဇွန်လ ၁၇ ရက်က စတင်ပြုလုပ်ခဲ့ပြီး ဇွန်လ ၂၀ ရက်အထိ လက်မှတ်ပေါင်း ၁၃၂၀၉ ရရှိထားကြောင်း သိရသည်။
Source : https://goo.gl/sHHcTE
via IFTTT

The Irrawaddy - Burmese Edition

အကြမ်းဖက်ခံ အမျိုးသမီးများ ဖုန်းဆက်တိုင်ပါက အိမ်အရောက် ဖြေရှင်းပေးနေ ပြည်တွင်းရှိ အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကြုံတွေ့ရပါက အမျိုးသမီး များ ဖွံ့ဖြိုးတိုးတက်မှုဌာနထံသို့ ဖုန်းဆက် တိုင်ကြားနိုင်ပြီး တပတ်အတွင်း အိမ်တိုင်ရာရောက် လာရောက်ကာ လိုအပ် သည်များကို ကူညီဆောင်ရွက်ပေးနေကြောင်း သတင်းရရှိသည်။ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှုဌာနသည် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အောက်မှ ဌာနခွဲတခု ဖြစ်သည်။ တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များမှာ ၀၆၇-၄၀၄၆၆၆ နှင့် ၀၆၇-၄၀၄၇၇၇ တို့ဖြစ်ပြီး ဖုန်းလက်ခံ နားထောင်ပေးမည့် သူများကို ၂၄ နာရီ အလှည့်ကျ တာဝန်ပေးထားသဖြင့် အချိန်မရွေး ဖုန်းခေါ်ဆို တိုင်ကြားနိုင်သည်ဟု အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာန၏ ညွှန်ကြားရေးမှူး ဒေါ်နော်သာဝါးက ဧရာဝတီကို ပြောသည်။ ဒေါ်နော်သာဝါးက “အမျိုးသမီးတွေ အကြမ်းဖက်ခံရတယ်ဆိုရင် ကျမတို့ရဲ့ဖုန်းကို အကူအညီတောင်းခံပါ။ ဖုန်းကိုင်တဲ့ သူက အမျိုးသား ဖြစ်နေလို့ Detail Information မပေးချင်ဘူးဆိုရင် ဖုန်းနံပါတ်လေး ချန်ထားခဲ့ပါ။ ကျမတို့ လူတိုင်း ကို ပြန်ဆက်သွယ်ပါတယ်။ မည်သူမဆို၊ မည်သည့်ဒေသမှာနေတဲ့ အမျိုးသမီးမဆို လှမ်းတိုင်လိုက်ပါ။ အကုန်လုံးကို ကူညီပေးနိုင်ပါတယ်” ဟု ပြောသည်။ ဖုန်းလက်ခံဖြေကြားပေးမည့်သူများကို ၂၄ နာရီ အလှည့်ကျ တာဝန်ချထားသဖြင့် ညပိုင်းတွင် အမျိုးသားဝန်ထမ်းများ ကျနိုင်ကြောင်း၊ ထို့ကြောင့် ဖြစ်စဉ်ကို အမျိုးသားဝန်ထမ်းများအား မပြောပြလိုပါက ဖုန်းနံပါတ်ချန်ထားခဲ့နိုင်ကြောင်း၊ ချန်ထားခဲ့သည့် ဖုန်းနံပါတ်များကို အမျိုးသမီးဖွံ့ဖြိုးရေးဌာနမှ အမျိုးသမီးတာဝန်ရှိသူများက ပြန်လည် ဆက်သွယ်ပေး ကြောင်း သိရသည်။ ယင်းသို့ ဖုန်းဖြင့် တိုင်ကြားနိုင်သည့် အစီအစဉ်ကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလက စတင်ခဲ့ခြင်းဖြစ်ပြီး ယနေ့ထိ တိုင်ကြားမှုပေါင်း ၈၀ ကျော် ရှိသည်ဟု သိရသည်။ တိုင်ကြားချက် ရရှိပါက တပတ်အတွင်း အိမ်တိုင်ရာရောက် လာရောက် တွေ့ဆုံကာ အိမ်တွင်း အကြမ်းဖက်ခံရခြင်း (သို့) လိင်ပိုင်းဆိုင်ရာ စော်ကားခံရသည့် အမျိုးသမီးက တရားစွဲလိုပါက စွဲဆိုပေးပြီး ဆေးကုသမှု ခံယူလိုပါ ကလည်း ဆေးကုသပေးကြောင်း အိမ်အကူ အမျိုးသမီးငယ်များ အကြမ်းဖက်ခံရသဖြင့် တရားစွဲဆိုလိုသော်လည်း စွဲဆိုပေးမည့် သူမရှိပါက ၎င်းတို့က တရားလိုလုပ်ပြီး တရားစွဲဆိုပေးကြောင်း ဒေါ်နော်သာဝါးက ဆိုသည်။ “တချို့ကတော့ တိုင်ချက် မဖွင့်ချင်ဘူး။ ဒီအတိုင်း ဆေးကုသမှုခံယူချင်တယ်ဆိုရင် ဆေးကုသမှု လုပ်ပေးပါတယ်။ အရင်တုန်းက ဆိုရင် ရဲစာပါမှ ဆေးကုပေးတာ။ အခု အဲဒါမျိုး မဟုတ်ဘဲ အမှုဖွင့်ချင်သည်ဖြစ်စေ မဖွင့်ချင်သည်ဖြစ်စေ ဆေးကုသခွင့်ကို Emergency Respond အနေနဲ့ ရရှိဖို့ အခု ဆွေးနွေးနေတယ်။ မကြာခင် ထွက်ရှိလာမှာပါ” ဟုလည်း ပြောသည်။ အမျိုးသမီးများ ဖွံံ့ဖြိုးတိုးတက်မှုဌာနက အကြမ်းဖက်ခံရသည့် အမျိုးသမီးများကို အိမ်တိုင်ရာရောက် ကူညီနိုင်ရန် တာဝန်ခံများ (Case Manager) ခန့်အပ်ထားသည်ဟုလည်း ၎င်းက ပြောသည်။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန တို့ကို ချိတ်ဆက်ထားပြီး အကြမ်းဖက်ခံ အမျိုးသမီးများအား ဆေးကုသရန် လွှဲပြောင်းပေးကာ ၎င်းတို့၏ ဆေးကုသမှု နှင့် မှတ်တမ်းအားလုံးတို့ကို လျှို့ဝှက် ( Confidential ) အဖြစ် သိမ်းဆည်းပေးထားမည်ဖြစ်ကြောင်း သိရသည်။ သို့သော် တိုင်းရင်းသားဒေသများရှိ အရပ်ဘက် အဖွဲ့အစည်းများကမူ အစိုးရအနေဖြင့် ပဋိပက္ခဒေသအတွင်း အကြမ်းဖက်ခံရသည့် အမျိုးသမီးများအပေါ် ကူညီပေးခြင်းမရှိသေးဟု ဝေဖန်မှုများ ရှိနေသည်။ ကချင်ငြိမ်းချမ်းရေးကွန်ရက်၊ ထွယ်ဂျန်ဒါ နှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းတို့က ပဋိပက္ခဖြစ်စဉ်အတွင်း အမျိုးသမီးများ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပြီးသတ် ဖယ်ရှားရေး အပြည်ပြည်ဆိုုင်ရာ အထိမ်းအမှတ်နေ့ဖြစ်သည့် ဇွန်လ ၁၉ ရက်တွင် သဘောထား မှတ်ချက်တစောင် ထုတ်ပြန်ခဲ့သည်။ ထိုအထဲတွင် ကချင်ပြည်နယ်ကဲ့သို့ ပဋိပက္ခဒေသအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ အဖြစ်စေရန် ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို အစိုးရက ပြုလုပ်ပေးရန်၊ ထို့ပြင် ဖုန်းဖြင့်ဖြစ်စေ လူကိုယ်တိုင် ဖြစ်စေ တိုင်ကြားနိုင်သည့် နေရာများ ထားရှိပေးရန် တောင်းဆိုထားသည် ။ ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက “လူမှုဝန်ထမ်းတို့ လူကယ်ပြန်တို့က ဘတ်ဂျက်တွေ ချပြီး ဒီကိစ္စတွေ အတွက် ဆောင်ရွက်တယ်ဆိုတာ ကျမတို့ နယ်တွေမှာ မရှိသလောက် ဖြစ်နေတယ်။ လောလောဆယ် အဲဒါကို ကိုင်တွယ်တဲ့ ဝန်ကြီးဌာနမှာ ဒီအစီအစဉ်တွေကို မတွေ့သလို ဆောင်ရွက်မှုကိုလည်း မတွေ့ရပါဘူး” ဟု ပြောသည်။ အစိုးရဌာနများက ဆောင်ရွက်နေသည်ဟု ပြောဆိုသော်လည်း လက်ရှိတွင် ပဋိပက္ခဒေသအတွင်း အမျိုးသမီးတဦး အကြမ်းဖက်ခံလိုက်ရပါက နောက်ဆက်တွဲပြဿနာဖြစ်သည့် ကိုယ်ဝန်မရရှိရေး၊ သန္ဓေတားဆေးကို ၇၂ နာရီအတွင်း ထိုးပေးရန်တို့ကို အစိုးရက ဆောင်ရွက်ပေးထားခြင်း မရှိသေးကြောင်း၊ ထို့ကြောင့် အဓမ္မပြုကျင့်ခံရမှုမှ ကလေး မွေးဖွားရခြင်း၊ ဖျက်ချကြခြင်းများ ဖြစ်ပွားနေကြောင်းလည်း ဒေါ်ခွန်ဂျာက ဆိုသည်။ အမျိုးသမီးများ အကြမ်းဖက်ခံရခြင်းမှ ကာကွယ် တားဆီးနိုင်ရန်၊ အကြမ်းဖက်သူများကိုလည်း ဥပဒေဖြင့် အရေးယူ နိုင်ရန် အစိုးရတခုတည်းမှ မဟုတ်ဘဲ ပြည်သူလူထု၊ အရပ်ဘက်အဖွဲ့အစည်း အားလုံးတို့နှင့်လည်း တိုင်ပင် ဆွေးနွေး သင့်သည်ဟု ၎င်းက ပြောသည်။ ဒေါ်နော်သာဝါးကမူ ၎င်းတို့ဌာနအနေဖြင့် အကြမ်းဖက်ခံ အမျိုးသမီးများကို ကူညီရန် ၂၀၁၇-၁၈ အတွက် အစိုးရထံ ဘတ်ဂျက်တောင်းခံရာ လုံလုံလောက်လောက် ရရှိထားကြောင်း၊ ထို့ကြောင့် အမျိုးသမီးများ အကြမ်းဖက်ခံရပါက ဖုန်းဖြင့် ဆက်သွယ်တိုင်ကြားပေးရန်နှင့် မည်သည့်ဒေသတွင် ရှိသည့် အမျိုးသမီးထံကို မဆို တပတ်အတွင်း အရောက်လာပြီး ကူညီပေးမည်ဖြစ်ကြောင်း ပြောသည်။ ဘတ်ဂျက် ရရှိငွေကိုတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။ ထို့ပြင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်နိုင်ရေးအတွက် ဥပဒေ ရေးဆွဲထားသည်မှာလည်း လွှတ်တော်သို့ မကြာမီ တင်သွင်းမည်ဟု ၎င်းက ဆိုသည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက်တွင် တပ်မတော် ခမရ ၃၂၁ က ဖမ်းဆီးသွားပြီး ယနေ့ထိ ပျောက်ဆုံးနေ သည့် အိမ်ထောင်ရှင်မ ကချင်အမျိုးသမီး ဆွတ်လွတ်ရွယ်ဂျာ အမှု ၊ ၂၀၁၅ ခုနှစ် ဧပြီလ ၁၃ ရက်၊ မိုးမောက်မြို့နယ် တွင် လေဖြတ်ထားသည့် အသက် ၇၃ နှစ်အရွယ် အဘွားအိုကို တပ်မတော်သား ဇော်မျိုးအေးက မုဒိမ်းကျင့်ရန် ကြိုးစားခဲ့သည့် အမှု ၊ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်တွင် ရှမ်းပြည်နယ်အတွင်း အကြမ်းဖက်ပြီး အသတ်ခံလိုက် ရသည့် ကချင်စေတနာ့ဝန်ထမ်း ဆရာမ ၂ဦးတို့ အမှုများမှာ ယနေ့ထိ ဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။ အဆိုပါ အမှုများတွင် မိသားစုဝင်များနှင့် ဘာသာရေးဆရာများ၊ တိုင်းရင်းသားအရပ်ဘက် အဖွဲ့အစည်းများကသာ တရားစွဲဆိုနိုင်ရေး လုပ်ဆောင်ခဲ့ပြီး အစိုးရအနေဖြင့် အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေး ခေါင်းစဉ်အောက်မှ ကူညီခဲ့ခြင်း မရှိပေ။
Source : https://goo.gl/CeXF62
via IFTTT