Monday, June 19, 2017

7Day News Journal

ဆီးရီးယား တိုက်လေယာဉ် တစ်စီးကို အမေရိကန် တိုက်လေယာဉ် တစ်စီးက ရက္ကာအနီးမှာ ပစ်ချ ဆီးရီးယား စစ်တပ်က ၎င်းတို့၏ လေယာဉ်သည် အိုင်အက်စ် စစ်သွေးကြွများကို ပစ်မှတ်ထားပြီး စစ်ဆင်ရေး ဆင်နွှဲနေချိန်၌ ကြားဖြတ် တိုက်ခိုက်ခံရခြင်းဟု ကြေညာသည်။ အဆိုပါ လေယာဉ်သည် ဇွန် ၁၈ ရက်က ပစ်ချခံရခြင်း ဖြစ်သည်။ ဆီးရီးယား အစိုးရက မိမိတို့၏ လေယာဉ်ကို ပစ်ချခြင်းသည် အကြမ်းဖက်မှု နှိမ်နင်းရေး အားထုတ်ကြိုးပမ်းမှုများကို ဆိုးဆိုးရွားရွား ထိပါးလာခြင်းဟုလည်း စွပ်စွဲခဲ့သည်။ အမေရိကန် စစ်ဘက်ကမူ ယင်းဆုံးဖြတ်ချက်သည် မိမိကိုယ်ကို ကာကွယ်မှု သက်သက်သာဖြစ်ကြောင်း တုံ့ပြန်သည်။ မဟာမိတ်များနှင့် ပူးပေါင်းလှုပ်ရှားနေသည့် ဒေသခံ စစ်အုပ်စုများ၏ လုံခြုံရေးကို အကာအကွယ် ပေးသည့်အနေဖြင့် စစ်မှုရေးရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆီးရီးယား လေယာဉ်ကို ပစ်ချခဲ့ကြောင်း ပင်တဂွန် စစ်ဌာနချုပ်က ထုတ်ပြန်ခဲ့သည်။ ရက္ကာမြို့စွန်ရှိ ဂျာဒင်းမြို့အနီးသို့ ချဉ်းကပ်လာသော လေယာဉ်ကို အမေရိကန်က ကြားဖြတ် ပစ်ချခဲ့ခြင်း ဖြစ်သည်။ အဆိုပါမြို့ကို အမေရိကန် ထောက်ခံသည့် SDF ဆီးရီးယား တော်လှန်ရေး တပ်ဖွဲ့များက ထိန်းချုပ်ထားပြီး အိုင်အက်စ်၏ အဓိက ခြေကုပ်စခန်းဖြစ်သော ရက္ကာကို ထိုးစစ်ဆင်လျက် ရှိသည်။ ဆီးရီးယား အစိုးရသည် အိုင်အက်စ်တို့ကို တိုက်ခိုက်သည်ဟု ကြေညာကာ SDF အပါအဝင် အတိုက်အခံ သူပုန်များကိုပါ ဗုံးကြဲနေကြောင်း အမေရိကန်က စွပ်စွဲထားပြီး ယခုအခါ ဆီးရီးယား၏ စစ်ရေးလှုပ်ရှားမှုကို တင်းတင်းမာမာ ထိထိရောက်ရောက် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။ လေယာဉ်ကို ပစ်မချမီ နှစ်နာရီမျှ အလို၌ ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆတ်ကို သစ္စာခံသော တပ်ဖွဲ့များသည် SDFများကို တိုက်ခိုက်ကာ ဂျာဒင်းမြို့ထဲမှာ မောင်းထုတ်ရန် ကြိုးစားခဲ့ကြောင်း၊ SDF တပ်သား အတော်များများ ဒဏ်ရာရခဲ့ကြောင်း အမေရိကန်စစ်တပ်က ကြေညာခဲ့သေးသည်။ ဂျာဒင်းသို့ ဆီးရီးယား တိုက်လေယာဉ် ချဉ်းကပ်လာချိန်တွင် မိမိတို့ အနေဖြင့် တွေဝေနှောင့်နှေးခြင်း လုံးဝမရှိဘဲ ပစ်ချခဲ့ကြောင်း၊ သို့သော် ယင်းသည် ဆီးရီးယား အစိုးရကို ရန်စရန် ရည်ရွယ်ချက် မပါဘဲ မိမိ၏ မဟာမိတ် အင်အားစုများကို ကာကွယ်ခြင်း သက်သက်သာဖြစ်ကြောင်းလည်း အမေရိကန်က ထုတ်ပြန်သည်။ ဆီးရီးယား လေတပ်၏ SU-22 တိုက်လေယာဉ်က SDFများကို တိုက်ခိုက်သဖြင့် အမေရိကန်၏ F/A-18 တစ်စီးက ဒုံးကျည်ဖြင့် ပစ်ချခဲ့ခြင်း ဖြစ်သည်။ ဆီးရီးယား အစိုးရက ဖြစ်စဉ်အတွင်း မိမိတို့၏ လေယာဉ်မှူး သေဆုံးပြီး အမေရိကန်သည် ပေါ်ပေါ်ထင်ထင် ရန်စလိုက်ခြင်းဟု စွပ်စွဲခဲ့သည်။ ယခုလ အစောပိုင်းကလည်း အမေရိကန်သည် ဆီးရီးယား အစိုးရ ထောက်ခံသည့် အင်အားစုများ အသုံးပြုနေသည့် လက်နက်တပ်ဆင်ထားသော မောင်းသူမဲ့ ဒရုန်းလေယာဉ် တစ်စီးကို ဆီးရီးယားနှင့် အီရတ် နယ်ခြားအနီးတွင် ပစ်ချခဲ့ကြောင်း သိရသည်။
Source : http://ift.tt/2sgY7Eq
via IFTTT

No comments:

Post a Comment