စီရော်နယ်ဒို၏ အခွန်ကို ကိုယ်စားပေးဆောင်ရန် ရီးရဲလ်မက်ဒရစ် စီစဉ် မက်ဒရစ်၊ ဇွန် ၁၈ ရီးရဲလ်မက်ဒရစ်အသင်း တာဝန်ရှိသူများသည် အသင်းတိုက်စစ်မှူး စီရော်နယ်ဒို ပေးဆောင်ရန် ကျန်ရှိနေသည်ဟု စပိန်အစိုးရ ရှေ့နေများနှင့် စပိန်အခွန်ဌာနတို့က စွပ်စွဲတောင်းဆိုထားသည့် အခွန်ငွေပမာဏ ပေါင် ၁၃ သန်းကို ကိုယ်စားပေးဆောင်ရန် စီစဉ်နေပြီ ဖြစ်ကြောင်း AS က ဖော်ပြထားသည်။ စပိန်အစိုးရရှေ့နေများနှင့် စပိန်အခွန်ဌာနတို့သည် စီရော်နယ်ဒိုကို ၂၀၁၁ ခုနှစ်မှနေ၍ ၂၀၁၄ ခုနှစ်အတွင်း ရရှိခဲ့သော ပုံရိပ်မူပိုင်ခွင့် ဝင်ငွေများ အတွက် အခွန်ဆောင်ရန် ပျက်ကွက်ခဲ့သည်ဟု စွပ်စွဲထားပြီး စီရော်နယ်ဒိုကမူ စပိန်အစိုးရရှေ့နေများနှင့် စပိန်အခွန်ဌာနတို့မှာ ၎င်းကို မဟုတ်တန်းလျား လုပ်ကြံစွပ်စွဲ၍ ဂုဏ်သိက္ခာချရန် ကြံစည်နေခြင်း ဖြစ်သည်ဟု တုံ့ပြန်ပြောကြားထားသည်။ စီရော်နယ်ဒိုသည် လွန်ခဲ့သည့် ၂၀၁၆ ခုနှစ်၌ ရီးရဲလ်မက်ဒရစ်နှင့် တစ်ပတ်လုပ်ခလစာ အကျိုးခံစားခွင့် ပေါင် ၃၆၅,၀၀၀ ရရှိမည့် ငါးနှစ်သက်တမ်း စာချုပ်သစ်ကို လက်မှတ်ရေးထိုးခဲ့ကာ ယင်းသို့ စာချုပ်သစ်ချုပ်ဆိုအပြီး များမကြာမီတွင် အခွန်တိမ်းရှောင်ထားသည် ဟူသော စွပ်စွဲချက် ထွက်ပေါ်လာခဲ့သည်မှာ အချိန်ကိုက် ထိုးနှက်တိုက်ခိုက်မှုဟု သံသယဖြစ်ဖွယ်ရာ အကြောင်းရင်းများစွာ ရှိကြောင်း စီရော်နယ်ဒို၏ အကျိုးဆောင် ကိုယ်စားလှယ် Gestifute စီးပွားရေး လုပ်ငန်းစုကလည်း သတင်းထုတ်ပြန်ထားပြီ ဖြစ်သည်။ စပိန်အစိုးရရှေ့နေများနှင့် စပိန်အခွန်ဌာနတို့သည် လာမည့် နှစ်လအတွင်းတွင် အခွန်ကိစ္စအတွက် ၎င်းတို့နှင့် လာရောက်တွေ့ဆုံညှိနှိုင်းရန် စီရော်နယ်ဒိုကို ဆင့်ခေါ်ထားပြီး စပိန်အစိုးရ ရှေ့နေများနှင့် စပိန်အခွန်ဌာနတို့၏ လုပ်ရပ်မှာ အခွန်အပြည့်အဝ ပေးဆောင်ထားပြီး ဖြစ်သော၎င်းကို နောက်တစ်ကြိမ် အခွန်ထပ်မံထမ်းဆောင်စေရန် အတင်းအကျပ် ဖိအားပေးသကဲ့သို့ ဖြစ်နေသည်ဟုလည်း စီရော်နယ်ဒိုက အတိအလင်း ဝေဖန်ထားပြီ ဖြစ်သည်။ စီရော်နယ်ဒိုသည် အစောပိုင်း၌ ယခုကိစ္စရပ်တွင် ရီးရဲလ်မက်ဒရစ်အသင်း တာဝန်ရှိသူများက ၎င်းကို အပြည့်အဝ ကာကွယ်ပေးခြင်းမရှိဟု ခံစားရကြောင်း ထုတ်ဖော်ပြောကြားလိုက်ပြီး ပီအက်စ်ဂျီနှင့် စီရော်နယ်ဒို၏ အေးဂျင့် ဂျော့ခ်ျမန်ဒက်စ်တို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ မကစားမီ နာရီပိုင်းအလိုတွင် လျှို့ဝှက်တွေ့ဆုံခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာအပြီး တစ်ရက်အကြာ၌ စီရော်နယ်ဒိုထံမှ တောင်းဆိုထားသော အခွန်ငွေကို ၎င်းတို့က ကိုယ်စားပေးဆောင်သွားမည်ဟု ရီးရဲလ်မက်ဒရစ်က စီစဉ်လိုက်ခြင်း ဖြစ်သည်။ စီရော်နယ်ဒိုသည် စပိန်အစိုးရရှေ့နေများနှင့် စပိန်အခွန်ဌာနတို့ဘက်က အမှုစွဲဆိုရန် ရှေ့ဆက်တိုးမည် ဆိုပါက ၎င်းအနေနှင့် စပိန်နိုင်ငံကို စွန့်ခွာရန် စီစဉ်ရလိမ့်မည်ဟု ခြိမ်းခြောက်ပြောကြားထားပြီ ဖြစ်ကာ ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌ ပီရက်ဇ်ကမူ စီရော်နယ်ဒိုကို ဆုံးဖြတ်ချက်တစ်ခုအား အလျင်စလို ချမှတ်ခြင်း မပြုရန် ဖျောင်းဖျနားချလျက် ရှိသည်။
Source : https://goo.gl/4L1h9F
via IFTTT
No comments:
Post a Comment