Thursday, June 15, 2017

Internet Journal

Consumer Reports ရဲ့ အကောင်းဆုံးစမတ်ဖုန်းစာရင်း ထိပ်ဆုံးနေရာမှာ ရပ်တည်ခဲ့တဲ့ Galaxy S8+ Consumer Reports က ထုတ်ပြန်ခဲ့တဲ့ အကောင်းဆုံး စမတ်ဖုန်းစာရင်းမှာ Galaxy S8+ က ထိပ်ဆုံးနေရာမှာ ရပ်တည်ခဲ့ပြီး သူ့ရဲ့အနောက်မှာ Galaxy S8 က ရပ်တည်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီထုတ်ကုန်တွေရဲ့ အံ့အားသင့်ဖွယ်ကောင်းတဲ့ ကင်မရာ၊ တာရှည်ခံတဲ့ ဘက်ထရီနဲ့ ထူးကဲကောင်းမွန်တဲ့ display တို့က စာရင်းရဲ့ထိပ်ဆုံးနေရာမှာ ရပ်တည်စေခဲ့တာ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ Consumer Reports ရဲ့ အစီရင်ခံစာမှာ Samsung Galaxy S8+ က ထိပ်တန်းစမတ်ဖုန်းအဖြစ် ရပ်တည်ခဲ့ပြီး သူ့ရဲ့အနောက်မှာ Galaxy S8, Galaxy S7 Edge နဲ့ LG G6 တို့က အစဉ်အလိုက်ရပ်တည်ခဲ့ပါတယ်။ iPhone 7 Plus ကတော့ အဆင့် ၅ နေရာမှာပဲ ရပ်တည်ခဲ့ပါတယ်။ Samsung ဟာ လူအများစောင့်ဆိုင်းခဲ့ကြတဲ့ Galaxy S8 ကို Note 7 ကိစ္စဖြစ်ပွားပြီး လအနည်းငယ်အကြာမှာ ဖြန့်ချိပေးခဲ့တာ ဖြစ်ပါတယ်။ “အံ့မခန်းဖွယ်ရာကောင်းတဲ့ ကင်မရာ၊ တာရှည်ခံတဲ့ ဘက်ထရီ၊ ထူးကဲကောင်းမွန်တဲ့ display နဲ့ ရေစိုခံတဲ့ဖုန်းကို ရှာနေတယ်ဆိုရင်တော့ Galaxy S8 က အသင့်တော်ဆုံး ဖြစ်ပါတယ်” လို့ Consumer Reports က ဖော်ပြခဲ့ပါတယ်။ Consumer Reports ရဲ့စာရင်းမှာ Samsung က ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာက သုံးစွဲသူအချို့အတွက် ယုံကြည်ရခက်ခဲပေမယ့်လည်း အဲ့ဒီစမတ်ဖုန်းရဲ ဒီဇိုင်းက အားလုံးကို နောက်ကောက်ချနိုင်ခဲ့တာဖြစ်တယ်လို့ Consumer Reports မှ Jerry Beilinson က ပြောကြားခဲ့ပါတယ်။
Source : http://bit.ly/2suR5xn
via IFTTT

No comments:

Post a Comment