Wednesday, June 14, 2017

Kumudra

ဝက်ခန္ဓာကိုယ်ပေါ်မှာ အရေပြားနဲ့ဆံပင်အသစ်ဖန်တီးမှု နည်းပညာစမ်းသပ်အောင်မြင် ဒါဟာ လူ့အရေပြားကို အသစ်ဖန်တီးနိုင်မယ့် ပညာအတွက်လမ်းသစ်ပွင့်လာခဲ့တာပါ။ ဇွန် ၁၀ – အမေရိကန်ဇီဝနည်းပညာကုမ္မဏီလေးတစ်ခုကမီးလောင် ဒဏ်ရာနဲ့ပေါက်ပြဲဒဏ်ရာတွေရှိတဲ့ ဝက်တွေမှာအရေပြားနဲ့ အမွေးပြန်ဖြစ်လာစေဖို့ အောင်မြင်စွာစမ်းသပ်နိုင်ခဲ့တယ်လို့သိရပါတယ်။ ဒါဟာ လူ့အရေပြားကို အသစ်ဖန်တီးနိုင်မယ့်လုပ်ဆောင်ချက် အပြည့်အဝမှန်ကန်တဲ့ နည်းပညာအတွက် လမ်းသစ်ပွင့်လာခဲ့တာဖြစ် ပါတယ်။ Salt Lake City အခြေစိုက် Polarity TE Inc ရဲ့ မူပိုင်ခွင့်အရ နည်းပညာဟာ မီးလောင်ဒဏ်ရာနဲ့ထိခိုက်ဒဏ်ရာတွေကိုကုသမှု အတွက် လူ့အရေပြားပြန်လည်ဖြစ်ပေါ်စေဖို့ လူနာရဲ့ကျန်းမာတဲ့ တစ်သျှူးကိုပြန်သုံးရတဲ့နည်းဖြစ် ပါတယ်။ အသစ်ပြန်လည် ဖန်တီးရေးခွဲစိတ်မှုတွေမှာ လတ်တလောကာလအတွင်းတိုးတက်မှုတွေရှိခဲ့ပေမဲ့ မီးလောင်လူနာတွေမှာအလိုအပ် ဆုံးဖြစ်တဲ့အရေပြားကိုတော့ ပလတ်စတစ်ဆာဂျရီပညာရှင်တွေက မဖန်တီးပေးနိုင်ခဲ့ပါဘူး။ ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာအတွက် လက်ရှိကုထုံးတွေကတော့ထိရောက်မှုမှာ အကန့်အသတ်ရှိနေပြီး တချို့တွေမှာအတော်လေး အကုန်အကျများတယ်လို့ Polarity TE ရဲ့တည်ထောင်သူစီအီးအို ဒင်းဗားလောက်က ပြောပါတယ်။ မီးလောင်ဒဏ်ရာတွေအတွက်အသုံးများကြတဲ့ Vericel Crop က ထုတ်လုပ်ရောင်းချတဲ့ အစားထိုးအရေပြား Epicel ကထူပြီး လုပ်ဆောင်ချက်ကောင်းတဲ့ အရေပြားအဖြစ်နဲ့ရလဒ်အပြည့်အဝ မပေးနိုင်ဘူးလို့သိရပါတယ်။ Polarity TE ကတော့ ဒဏ်ရာရတဲ့ဝက်တွေကို Utah ရှိအ ဆောက်အအုံတစ်ခုမှာ လက်တွေ့သုတေသနလုပ်ဆောင်ခဲ့ပြီး သည်ကုထုံးမှာ အမာရွတ်ကင်းကင်းနဲ့ အနာကျက်ခြင်း၊ ဆံပင် (အမွေး)ရဲ့ အမြစ်အိတ်ဖွံ့ဖြိုးဖြစ်ပေါ်မှု၊ အနာတစ်ခုလုံးကိုဖုံး အုပ်နိုင်ခြင်းနဲ့ အရေပြားအလွှာအားလုံးကိုအသစ်ဖန်တီးနိုင်ခြင်းတို့ ရလဒ်ထွက်ရှိခဲ့တယ်လို့ ကုမ္မဏီကဆိုပါတယ်။ ဝက်အရေပြားက လူ့အရေပြားထက်ပိုရှုပ်ထွေးပြီးပိုကြမ်းတမ်းတာ ကြောင့်ဝက်တွေမှာ စမ်းသပ်အောင်မြင်မှုဟာ လူတွေနဲ့လက်တွေ့ စမ်းသပ်မှုမှာအောင်မြင်နိုင်တာကိုဖော်ပြနေပါတယ်။ Polarity TE အနေနဲ့ လူတွေမှာ လက်တွေ့စမ်းသပ်ကုသဖို့ကို အခုနှစ်နှောင်းပိုင်းမှာစတင်ဖို့မှန်းထားပြီး ဆဲလ်ကုထုံးကတော့ အဲသည်နောက်ပိုင်း ၁၂ လ မှ ၁၈ လအတွင်းဈေးကွက်ထဲရောက် ရှိနိုင်မယ်လို့လောက်က ပြောပါတယ်။ သည်နည်းပညာက အရိုး၊ ကြွက်သား၊ အရိုးနုနဲ့အသည်းတို့အပါအဝင် လုပ်ဆောင်ချက်အပြည့်အဝရှိတဲ့တစ်သျှူးတွေကို ဖန်တီးနိုင်မယ့် အလားအလာလည်းရှိတယ်လို့ ဆိုပါတယ်။ YSD [ref: Reuters, Jun 10, 2017]
Source : http://ift.tt/2rZ0njz
via IFTTT

No comments:

Post a Comment