အရေးပေါ်လူနာတွေသယ်ပေးတဲ့ အဖွဲ့အစည်းတွေ ပေါင်းစည်းပြီး ကွန်ယက်ဖွဲ့မယ် အရေးပေါ်လူနာတွေအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာပုဂ္ဂလိက လူနာသယ်ယူစောင့်ရှောက်ရေးကွန်ရက်တစ်ခုကို ဖွဲ့စည်းတော့မှာဖြစ်ပါတယ်။ ဒီကနေ့မှာ အဲဒီ့ကွန်ရက်ဖွဲ့စည်းဖို့အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ ညှိနှိုင်းအစည်းအဝေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ ဒီကနေ့ညှိနှိုင်းအစည်းအဝေးမှာ လူနာတွေကို အရေးပေါ်လူနာတင်ယာဉ်တွေနဲ့ ဝန်ဆောင်မှုပေးနေတဲ့ အဖွဲ့အစည်း၁၅၀ကျော် တက်ရောက်ခဲ့ကြပါတယ်။ အခုလိုမျိုး အားလုံးစုပေါင်းဆောင်ရွက်မယ်ဆိုပါက အများအတွက် ပိုပြီး အဆင်ပြေမှာဖြစ်တယ်လို့ ရှင်သန်ရေး ကူညီမှုအသင်းရဲ့ ဥက္ကဌ ဦးထွန်းထွန်းဦးကပြောပါတယ်။ ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်
Source : http://ift.tt/2sJ3H48
via IFTTT
No comments:
Post a Comment