Monday, June 19, 2017

Eleven Media Group

ကန့်ကွက်မှုများ ရှိနေသည့် ကန်တော်ကြီး ငါးပြတိုက်ဟောင်းနေရာရှိ မိုးပျံ ပူဖောင်းစီမံကိန်း စတင် ဝန်ဆောင်မှု ပေးနေပြီဖြစ် ကန့်ကွက်မှုများရှိနေသည့် ကန်တော်ကြီး ငါးပြတိုက်ဟောင်းနေရာရှိ မိုးပျံပူဖောင်း စီမံကိန်း စတင် ဝန်ဆောင်မှု ပေးနေပြီဖြစ်ကြောင်း အဆိုပါ စီမံကိန်းအား လုပ်ကိုင်ခွင့်ရရှိခဲ့သည့် Myanmar Voyages International Tourism ကုမ္ပဏီမှ သိရသည်။ “မနေ့က (ဇွန် ၁၇ ရက်) တော့ ကျွန်တော်တို့ Public ကို ဆောင်ရွက်ပေးနေပါပြီ။ အာမခံတွေလည်း ရပြီ။ အန္တရာယ်ကင်းရှင်းကြောင်းအတွက် ထောက်ခံစာတွေ သက်ဆိုင်ရာက ရပြီဆိုတော့ အများပြည်သူကို ပေးခြင်း ဖြစ်ပါတယ်။ တစ်နေ့ကို One Section လောက်ပေါ့။ မနက်ပိုင်း ရာသီဥတုကင်းရှင်းရင် မနက်ပိုင်း ၈ နာရီလောက်ကနေ ညနေပိုင်း ၄ ၊ ၅နာရီ လောက်ထိပဲပေါ့။ မိုးရွာရင်တော့ ခဏနားပေါ့။ လေက သက်မှတ်တဲ့ မိုင် အထက်ရောက်ရင် စိတ်မချရရင် မတက်တော့ဘူးပေါ့။ လူလည်း လျှော့တာပေါ့။ မိုင် ၂၀ ခရီးကို ဆိုရင်တော့ ၁၀ ယောက်အထိ တက်လို့ရတယ်။ ၁၀ မိုင် လောက်ဆိုရင် ၁၀ ယောက်လောက် တင်လို့ရတာပေါ့။ ပေအမြင့်ကလည်း ၂၀၀ လောက်ထိ တက်တယ်။ ရာသီဥတု ကောင်းမွန်ရင်တော့ ၃၀၀၊ ၄၀၀ အထိလည်း တက်လို့ရပါတယ်” Myanmar Voyages International Tourism ကုမ္ပဏီက အကောင်အထည်ဖော်နေသည့် မိုးပျံပူဖောင်းဖြင့် ရန်ကုန်မြို့ရှုခင်းကြည့်စီမံကိန်း၏ Project Director ဦးသက်လွင်တိုးက ပြောကြားသည်။ ပန်းခြံဆိုသည်မှာ ပြည်သူ့အတွက်ဖြစ်သဖြင့် ကန်တော်ကြီး ငါးပြတိုက်ဟောင်းနေရာတွင် တည်ဆောက်မည့် မိုးပျံပူဖောင်းဖြင့် ရန်ကုန်မြို့ရှုခင်းကြည့်စီမံကိန်းကို လက်မခံကြောင်း ကန်တော်ကြီးအတွင်း၊ လမ်းလျှောက်သူများ၊ လေ့ကျင့်ခန်းလုပ်သူများက စီမံကိန်း ဖျက်သိမ်းပေးရန် နှစ်ကြိမ်အထိ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ “ မနေ့ကတော့ ၃၀၊ ၄၀ လောက် လာတယ်ပြောပါတယ်။ ပထမကတော့ မီဒီယာတွေနဲ့ အခြားဖိတ်ကြားထားတဲ့ အေးဂျင့်တွေရယ်၊ ဖွင့်ပွဲနေ့က မစီးလိုက်ရတဲ့ သူတို့ကို အခမဲ့ ဝန်ဆောင်မှုပေးတာပေါ့။ အခုဟာကလည်း အများပြည်သူကလည်း မဖွင့်သေးဘူး။ မစီးရသေးဘူးဆိုပြီး ပြန်သွားကြတော့ ကျွန်တော်တို့လည်း အစွမ်းကုန် ဆောက်လုပ်ရေးပိုင်းတွေက လက်စမသတ်ရသေးတော့ ပြီးခဲ့တဲ့အပတ်မှာ လက်စသတ်ပြီးတော့ မနေ့က သူတို့ လေထဲမှာတော့ ၁၅ မိနစ်လောက် ပေးတယ်။ ဆင်းချိန် တက်ချိန်နဲ့ဆိုရင် မိနစ် ၂၀ လောက် ကြာတာပေါ့။ အဲဒီလိုမျိုး စလုပ်ပေးနေပါပြီ။ နိုင်ငံခြားသားတွေလည်း လာမေးနေတော့ ကျွန်တော်တို့ Tourist Career လိုင်စင်တစ်ခု ကို လက်ရှိမှာလျှောက်ထားဆဲဖြစ်တော့ အကုန်လုံးတော့ မပေးသေးဘူး။ တချို့ နိုင်ငံခြားသား အေးဂျင့်တွေကိုပေးတာပေါ့။ ကျွန်တော်တို့က လုံခြုံမှုလည်း အဓိက ထားတာဆိုတော့” ဟု Project Director ဦးသက်လွင်တိုးက ပြော ကြားသည်။ ထိုကဲ့သို့ ကန့်ကွက်မှုများ ရှိနေသော်လည်း ကန်တော်ကြီး ငါးပြတိုက်ဟောင်းနေရာရှိ မိုးပျံပူဖောင်းစီမံကိန်းအား ဇွန် ၉ ရက် တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ “အခုသုံးလကိုတော့ ပရိုမိုးရှင်းကာလပေါ့။ အေးဂျင့်တွေကတစ်ဆင့် လက်မှတ်ရောင်းတယ်။ အေးဂျင်တွေကတော့ ဈေးအမျိုးမျိုးနဲ့ ရောင်းကြတာပေါ့။ ပရိုမိုးရှင်းကို ၇၀၀၀ နဲ့ အေးဂျင့်တွေကိုပေးတယ်ပေါ့။Work In သမား တိုက်ရိုက်ဝယ်တဲ့သူတွေကို အများနဲ့ နည်းတူ မြန်မာနိုင်ငံသားတွေကို တစ်သောင်းထက် မများ၊ နိုင်ငံခြားသားတွေကိုတော့ ဒေါ်လာ ၂၀ နဲ့ ၃၀ ကြားထားတယ်။ နောက်ပိုင်းကျရင် ညနေပိုင်း အထူးအစီအစဉ်လေးတွေ လုပ်မ လားပေါ့။ တချို့လည်း ရိုက်ကူးရေးလာပြီး ကမ်းလှမ်းတဲ့သူတွေ ရှိတယ်။ တချို့ MTV ရိုက်တာတို့၊ ရုပ်ရှင်တို့၊ ဒါမျိုးကျတော့ စည်ပင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကရှိတော့ သူတို့နဲ့အတူ အခွန်အခတွေ ပေးပြီး ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု ဦးသက်လွင်တိုးက ဆိုသည်။ ကန်တော်ကြီး ငါးပြတိုက်ဟောင်းနေရာတွင် တည်ဆောက်မည့် မိုးပျံပူဖောင်းဖြင့် ရန်ကုန်မြို့ ရှုခင်းကြည့် စီမံကိန်းကို Myanmar Voyages International Tourism ကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ သိရသည်။ လက်ရှိတွင် မိုးပျံပူဖောင်းနှင့်ပတ်သက်သည့် လုပ်ငန်းအတွက် မြေနေရာ အကျယ်အဝန်း စတုရန်း ပေ ၂၇၇၀၀၊ ဧည့်ကြိုကောင်တာနှင့် ပစ္စည်းသိမ်းရန်နေရာ ၂၆ x၂၆ ပေ တစ်နေရာ၊ စောင့်ဆိုင်းရန်နေရာ တစ်နေရာ လက်မှတ်ရောင်းသည့် နေရာတစ်နေရာ၊ ထိန်းချုပ်ခန်းနေရာ တစ်နေရာ၊ စတိုခန်းတစ်နေရာ၊ စက်ခန်းတစ်နေရာ၊ လုံ့ြခုံရေးနေရာတစ်နေရာ ပေးထားကြောင်း သိရသည်။ အဆိုပါငှားရမ်းထားသည့် မြေနေရာတွင် မည်သည့်လုပ်ငန်းကိုမှ လုပ်ကိုင်ခွင့်၊ ထပ်တိုးလုပ်ကိုင်ခွင့် ခွင့်မပြုကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် သက်ဆိုင်ရာကုမ္ပဏီတို့အကြား စာချုပ်ထဲတွင် ဖော်ပြထားကြောင်း သိရသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီကပြီးခဲ့သည့် ၂၀၁၆ နှစ် နိုဝင်ဘာ ၂၁ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရကို တင်ပြခဲ့ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့က အတည်ပြုချက်ကို ဒီဇင်ဘာ ၂၈ ရက် ပြန်လည်ပေးပို့ပေးခဲ့ပြီး ယခင်က စီမံကိန်းဆောင်ရွက်ရန် တောင်းဆိုခဲ့သည့် ဧရိယာစတုရန်းပေ လေးသောင်းကျော်အစား စတုရန်းပေ ၂၇၇၀၀နှင့်သာ ညှိနှိုင်းဆောင်ရွက်စေခဲ့ကြောင်း၊ မိုးပျံပူဖောင်းစီမံကိန်းနှင့် ပတ်သက်ပြီး မိုးပျံပူဖောင်းလုပ်ငန်းသာ ပေးရန်ဟု ပြန်လည်ညွှန်ကြားထားကြောင်း သိရသည်။ ကန်တော်ကြီး ငါးပြတိုက်ဟောင်းနေရာတွင် တည်ဆောက်မည့် မိုးပျံပူဖောင်း စီမံကိန်းနှင့် ပတ်သက်ပြီး စတုတ္ထအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အဆိုတစ်ခုအား နှစ်လကျော်တင်ထားခဲ့သော်လည်း ဆွေး နွေးခွင့်မရခဲ့ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ဆိုသည်။ ကန်တော်ကြီးငါးပြတိုက်ဟောင်းနေရာတွင် တည်ဆောက်မည့် မိုးပျံပူဖောင်း စီမံကိန်းနှင့် ပတ်သက်ပြီး စတုတ္ထအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အဆိုတစ်ခုအား နှစ်လကျော်တင်ထားခဲ့သော်လည်း ဆွေး နွေးခွင့်မရခဲ့ကြောင်း မင်္ဂလာတောင်ညွန့်မြို့ နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောကြားသည်။ Writer: ထက်ရှိုင်း
Source : http://ift.tt/2sJ3DkF
via IFTTT

No comments:

Post a Comment