Friday, June 16, 2017

7Day News Journal

လက်နက်ကိုင်ဒေသများ တွင် တည်ဆောက်ထားသည့် တာဝါတိုင်များအတွက် အခွန်ငွေ ပေးဆောင်ရန် စာပို့တောင်းခံ သည်ဟု ဆက်သွယ်ရေးတာဝါ ကုမ္ပဏီဖြစ်သည့် Irrawaddy Green Towers (IGT)မှ အကြီး တန်းအရာရှိတစ်ဦးက ပြော ကြားသည်။ လက်နက်ကိုင်အဖွဲ့အစည်း များ၏ အမည်များကို IGT ကုမ္ပဏီက တိကျစွာထုတ်ဖော် ပြောဆိုခြင်းမရှိသော်လည်း ၎င်း တို့သည် အစိုးရကိုသာ အခွန်ပေး ဆောင်၍ လုပ်ငန်းလည်ပတ်ကြောင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများကို အခွန်ငွေပေးဆောင်ခြင်းမရှိကြောင်း အထက်ပါအရာရှိက ပြောသည်။ အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရ ရှိလျှင် တာဝါတည်ဆောက်ရေး ကုမ္ပဏီများက လုပ်ငန်းစတင် ဆောင်ရွက်ကြကြောင်း တာဝါ တည်ဆောက် ပြီးစီးသည့်အခါ လက်နက်ကိုင်အဖွဲ့အစည်းများ က တာဝါတစ်တိုင်လျှင် အခွန်ငွေ မည်မျှပေးရမည်ဟု စာပို့တောင်း ဆိုလေ့ရှိကြောင်း IGT ကုမ္ပဏီမှ စုံစမ်းသိရသည်။ ‘‘သူတို့ကို အခွန်ငွေမပေး ဘူး။ ဒါပေမဲ့ ဒေသတွင်းကို လူမှု အကျိုးပြုလုပ်ငန်းအနေနဲ့တော့ လုပ်ပေးတယ်။ ဒေသတိုင်းကိုပါ။ ငွေသားအနေနဲ့ ပေးတာမရှိဘူး’’ ဟု IGT ကုမ္ပဏီတာဝန်ရှိသူက ပြောသည်။ အထူးသဖြင့် ဒေသ တွင်း၌ ဆေးကုသပေးခြင်း၊ စာ သင်ကျောင်းများပြုပြင်ပေးခြင်း၊ ဆိုလာများတပ်ဆင်ပေးခြင်းနှင့် စပါးရိတ်စက်များ ထောက်ပံ့ပေး ခြင်းတို့ကို တာဝါကုမ္ပဏီအနေ ဖြင့် ထောက်ပံ့ပေးခဲ့သော်လည်း လက်နက်ကိုင်အဖွဲ့များထံ အခွန်ငွေတောင်းခံခြင်းကို ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။ ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ခြင်းနှင့်ပတ်သက် ၍ လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုက တယ်လီနောမြန်မာကို ခေါ်ယူတွေ့ဆုံခဲ့သည်ဟု အော်ပရေတာ၏ စီအီးအိုဟောင်း Mr.PetterFuberg က ပြောသည်။ လက်နက်ကိုင်များ တည်ရှိသည့် ဒေသတွင်း ကွန်ရက်တည်ဆောက်မှုနှင့်ပတ်သက်၍ အခြားသောဆက်သွယ်ရေး အော်ပရေတာများက ထုတ်ပြန်ပြောဆိုလေ့မရှိသော်လည်း တယ်လီ နောသည် အော်ပရေတာ၏ မူဝါဒအရ လာဘ်ပေးလာဘ်ယူမှု ကို လုပ်ဆောင်ခြင်းမရှိကြောင်း တိုင်းရင်းသားဒေသများအတွင်း ကွန်ရက်တည်ဆောက်ရန် ဆက် ဆံရေးမှူးများ ခန့်အပ်၍ ညှိနှိုင်းဆောင်ရွက်ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။ ဆက်သွယ်ရေးကွန်ရက် သည် လူနေထူထပ်ရာမြို့ကြီးများ ၌ တည်ဆောက်ပြီးဖြစ်သော် လည်း နယ်စပ်ဒေသနှင့် တိုင်း ရင်းသားလက်နက်ကိုင်များရှိ သည့် အချို့သောနေရာများ၌ ယနေ့အချိန်ထိ ဆက်သွယ်ရေး ကွန်ရက်တည်ဆောက်နိုင်ခြင်း မရှိသေးပေ။
Source : http://ift.tt/2rD3IS8
via IFTTT

No comments:

Post a Comment