လက်ရှိမှာ နှစ်ရှည်ချေးငွေပေးပြီးတော့ တန်ဖိုးနည်း တိုက်ခန်းတွေကိုပြည်တွင်း၊ ပြည်ပဘဏ်တွေနဲ့ချိတ်ဆက်ရောင်းချနေ သလိုနောက်လာမယ့် ဘဏ္ဍာနှစ်မှာ JICA ဆီက ချေးငွေရရှိအောင် လုပ်ဆောင်နေပြီး တန်ဖိုးမြင့်ဖြစ်တဲ့ ရတနာနှင်းဆီအိမ်ရာတိုက်ခန်း တွေကိုပါ နှစ်ရှည်ချေးငွေနဲ့ရောင်းချပေးသွားမယ်လို့သိရပါတယ်။ တန်ဖိုးနည်းတိုက်ခန်းတွေဝယ်ယူတဲ့အခါ လက်ရှိ ၁ဝ နှစ်အ ရစ်ကျစနစ်နဲ့ ချေးငွေထုတ်ချေးပေးနေပြီးသည်နှစ်အတွင်း ၁၅ နှစ် တိုးပြီးထုတ်ချေးပေးသွားမယ်လို့ ဆောက်လုပ်ရေးနဲ့ မြို့ပြ အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်က သိရပါတယ်။ ဆောက်လုပ်ရေးနဲ့အိမ်ရာဖွံ့ဖြိုးရေးဘဏ်အိမ်ရာချေးငွေဌာနမှ ဦးလှမျိုးတင့်က အခုက ကျပ်သိန်း ၁ဝဝ လောက်ဝယ်ရင် သုံးသိန်းဝင်ငွေရှိမှဖြစ်တယ်၊ ဒါကြောင့် ဝင်ငွေနည်းသူတွေအတွက် လဲ နှစ်ရှည်ပေးနိုင်အောင်စီစဥ်နေပါတယ်၊တစ်လကို လေး၊ ငါး၊ခြောက်သောင်းနဲ့ ၁၅ နှစ်၊ နှစ် ၃ဝ အထိပေးနိုင်ဖို့ ကြိုးပမ်းနေ ပါတယ်၊ ၁၅ နှစ်ကတော့ ဒီနှစ်ထဲမှာလုပ်ဖို့များပါတယ်၊ နှစ်ရှည်ချေး ငွေယူပြီး တန်ဖိုးနည်း တိုက်ခန်းတွေတင်မကဘဲ ကျပ်သိန်း ၆ဝဝ၊ ၁၂ဝဝ လောက်ရှိတဲ့ တိုက်ခန်းတွေကိုလည်းရောင်းချပေးသွားမှာဖြစ် တယ်လို့ ပြောပါတယ်။ ၂ဝ၁၇-၂ဝ၁၈ အတွင်း ရန်ကုန်တိုင်းဒေသကြီး အိုးအိမ်နဲ့ချိတ်ဆက်ပြီး အခန်းပေါင်း ၈ဝဝဝ ခန့်ကိုဆောက်လုပ်ရေးနဲ့မြို့ပြအိမ်ရာဖွံ့ဖြိုးရေး ဘဏ်က အိမ်ရာချေးငွေထုတ်ချေးရောင်းချပေးနေပြီး လှိုင်သာယာ က ရွှေလင်ပန်း၊ ဒဂုံဆိပ်ကမ်း၊ ယုဇ နနဲ့သန်လျင်မြို့နယ်တွေက အိမ်ရာတွေဖြစ်တယ်လို့ သိရပါတယ်။ အခုလက်ရှိမှာဆိုရင် လှိုင်သာယာက ရွှေလင်ပန်း၊ ကနောင်၊ ယုဇန သုံးခုကို အရစ်ကျနဲ့ရောင်းချပေးနေပြီး တန်ဖိုးအားဖြင့် ကျပ်သိန်း ၁ဝဝ ဝန်းကျင်လောက်ပဲရှိပါတယ်။ လက်ရှိမှာတော့ ၁ဝ နှစ်အ ရစ်ကျနဲ့ရောင်းချပေးနေပါတယ်။ မေသက်
Source : http://ift.tt/2rCoIsh
via IFTTT
No comments:
Post a Comment