ပါရှန်ပင်လယ်ကွေ့၌ တရုတ်- အီရန် ရေတပ်စစ်ရေးလေ့ကျင့်မှု စတင် တင်းမာမှုဖြစ်ပွားနေတဲ့ ပါရှန်ပင်လယ်ကွေ့ဒေသက ဟောမုဇ် ရေလက်ကြားမှာ တရုတ်နဲ့ အီရန် ရေတပ်တို့ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ယနေ့ စတင်လိုက်ကြောင်း အီရန် Mehr သတင်းအေဂျင်စီ က ဆိုပါတယ်။ စစ်ရေးလေ့ကျင့်မှုမှာ တရုတ်ရေတပ်က Type 052C အမျိုးအစား ပဲထိန်းဒုံးပျံတပ် ဖျက်သင်္ဘော Changchun နဲ့ Type – 903 အမျိုးအစား ထောက်ပံရေးသင်္ဘော Chao Hu နဲ့ ဖရီဂိတ် စစ်သင်္ဘော Jin Zhou နဲ့ ရဟတ်ယာဉ်တချို့ ပါဝင်မှာဖြစ်ပြီး တရုတ်စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့ကတည်းက အီရန်ဆိပ်ကမ်းကို ရောက်ရှိနေတာဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်မှုကို ပါရှန်ပင်လယ်ကွေ့နှင့် အိုမန်ပင်လယ်ကွေ့အကြား ဟောမုဇ် ရေလက်ကြားမှာ လေ့ကျင့်မှာဖြစ်ပြီး၊ ရည်ရွယ်ချက်တော့ တီဟီရန်နဲ့ ဘေဂျင်းအကြား ချစ်ကြည်ရင်းနှီးမှု ခိုင်မြဲစေရန်နဲ့ ရေပြင်ပိုင်နက် အထောက်အကူပြုဖို့ ပူးပေါင်းဆောင်ရွက်တာဖြစ်တယ်လို့ အီရန်သတင်းကဆိုပါတယ်။ အီရန်ရဲ့ ဟောမုဇ် ရေလက်ကြားဟာ ဆိုရင် ကမ္ဘာ့ ရေနံတင်သင်္ဘောများ ၃ပုံ ၁ပုံဖြတ်သန်းနေတဲ့ နေရာဖြစ်ပါတယ်။ မကြာသေးမီက အီရန်နှင့် တင်းမာမှုဖြစ်ပွားနေတဲ့ အမေရိကန်ဟာ သမ္မတဒေါ်နယ်ထရမ့်ရဲ့ ဆော်ဒီအာရေဗီးယား ခရီးစဉ်မှာ အမေရိကန်ဒေါ်လာ ဘီလျံ ၃၅၀တန်ဖိုးရှိ လက်နက်များ ရောင်းချဖို့ သဘောတူခဲ့ပြီး၊ ဒါဟာ အီရန်ရဲ့ ခြိမ်းခြောက်မှုနဲ့ ဒေသတွင်း သြဇာလွှမ်းမိုးမှုကို ကာကွယ်ဖို့ ဖြစ်တယ် လို့ ဆိုထားပါတယ်။ အီရန်နဲ့ ဆော်ဒီအာရေဗီယား အကြားမှာလည်း မကြာသေးမီကဖြစ်ပွားခဲ့တဲ့ ကာတာအရေးနဲ့ ပတ် သက်ပြီး တင်းမာနေသလို အီရန် ပါလီမန်ကို အကြမ်းဖက်သမားများ တိုက်ခိုက်မှုမှာလည်း ဆော်ဒီပတ်သက်နေကြောင်း အီရန်က စွပ်စွဲထားပါတယ်။
Source : https://goo.gl/v8XMKo
via IFTTT
No comments:
Post a Comment