တပ်မတော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆွေးနွေးရန် တပ်ချုပ် ရုရှားသို့ သွားရောက် မြန်မာနိုင်ငံနှင့် ရုရှား နိုင်ငံ တပ်မတော်နှစ်ရပ် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး ဆွေး နွေးရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်သည် ဇွန်လ ၁၇ ရက် တွင် ရုရှားနိုင်ငံသို့ လေကြောင်း ခရီးဖြင့် ထွက်ခွာသွားသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Army General Sergey K. Shoigu ၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ကြောင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး က သတင်းထုတ်ပြန်သည်။ အဆိုပါခရီးစဉ်တွင် ရုရှား နိုင်ငံ ကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ တပ်မ တော်နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးဆိုင် ရာများ ညှိနှိုင်းဆွေးနွေးခြင်း၊ ရု ရှားနိုင်ငံ၏ စစ်ဘက်ဆိုင်ရာ သင် တန်းကျောင်းများ၊ ဌာနချုပ်များ နှင့် စက်မှုလုပ်ငန်းများအား သွား ရောက်လေ့လာခြင်းများ ဆောင် ရွက်မည်ဖြစ်ကြောင်း သတင်း တွင် ဖော်ပြထားသည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မ တော်အရာရှိကြီးများ အဖွဲ့ဝင်အ ဖြစ်လိုက်ပါသွားကြောင်း သိရ သည်။ ရုရှားနိုင်ငံ၏ အကောင်းဆုံး စစ်တက္ကသိုလ်များတွင် ပညာ တော်သင်ဘွဲ့ရသည့် မြန်မာ့တပ် မတော်အရာရှိ စုစုပေါင်း ၆,၀၀၀ ခန့်ရှိသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး မစ္စတာနီကို လေးအေလစ်တိုပါးဒေါ့ဖ်က ပြော ကြားခဲ့ကြောင်း ဇွန်လ ၅ ရက် ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ ‘‘နောက်လေယာဉ်ပျံတွေ၊ ရဟတ်ယာဉ်တွေ တခြားကာ ကွယ်ရေးအတွက် အသုံးပြုနိုင်ဖို့ လက်နက်တွေကို ရောင်းပါတယ်။ ကာကွယ်ရေးနယ်ပယ်မှာ ပူး ပေါင်းဆောင်ရွက်မှုတွေ ရှိပါ တယ်။ ဒါလည်း အရေးကြီးပါ တယ်။ နှစ်နိုင်ငံအစိုးရတွေအ ကြား တပ်မတော်နှစ်ခုအကြား ပူး ပေါင်းဆောင်ရွက်ရေး တိုးတက် နေပါတယ်။ အနာဂတ်မှာလည်း တပ်မတော်အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ဖို့ ဆန္ဒရှိ ပါတယ်’’ဟု ရုရှားသံအမတ်ကြီး က မြန်မာ့အလင်းသတင်းစာအား ပြောကြားခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် ပြီးခဲ့သည့် ဧပြီလက ဩစတြီးယားနှင့် ဂျာမနီ နိုင်ငံများ သို့ သွားရောက်ခဲ့ပြီး တပ်မတော် များအကြား ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ သည်။
Source : http://ift.tt/2sLGZHY
via IFTTT
No comments:
Post a Comment