Wednesday, June 14, 2017

Kumudra

အိမ်သာတက်တဲ့အခါ အသံကျယ်ကျယ်ထွက်မှာကို စိုးရိမ်နေတတ်တဲ့ ကျောင်းသူ ကျောင်းသားတွေအတွက်ကျောင်းအိမ် သာတွေထဲမှာသီချင်းဖွင့်ပေးထားဖို့ ဆွီဒင်ကျောင်းကောင်စီကစဥ်း စားနေပြီလို့သိရပါတယ်။ သည်လိုအသံကျယ်ထွက်တတ်တဲ့ ကျောင်းသားတွေဟာ တစ်နေ့လုံး သန့်စင်ခန်းမသွားဘဲနေရတဲ့အထိ စိုးရိမ်နေကြတယ်လို့ ဆွီဒင် နိုင်ငံ တင်းဆရစ်မြို့ရှိ Centre Party ကောင်စီအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ ကျွန်မစာသင်လာတာ နှစ်လဲအတော်ကြာနေပြီ၊ ဂျူနီယာနဲ့ စီနီယာ အထက်တန်းကျောင်းတွေအားလုံးမှာ အဲဒီပြဿနာရှိတဲ့ကျောင်း သားတွေနဲ့ကြုံဖူးတယ်၊ ကျွန်မကိုယ်တိုင်လဲငယ်ငယ်ကခံစားရဖူး တယ်လို့ မစ္စကေတိုကပြောပါ တယ်။ အပေါ့အလေးစွန့်နေချိန်မှာ အသံကျယ်ထွက်သွားရင်စိတ်ထဲမတင် မကျဖြစ်မိကြောင်း ကျောင်းသားတွေကပြောကြတယ်လို့ ဆွီဒင် ရုပ်သံဌာန SVT က ဖော်ပြခဲ့ပါတယ်။ လူတွေကအိမ်သာတက်တဲ့အသံကိုအုပ်အောင် သန့်စင်ခန်း တစ်ရှူး တွေကိုမလိုဘဲဖြဲပစ်တာ၊ ရေတွေဖွင့်ထားတာတွေဖြစ်စေတော့မှာ မဟုတ်တာကြောင့် သီချင်းသံဟာ ပတ်ဝန်းကျင်အတွက်လည်း သဟဇာတဖြစ်စေလိမ့်မယ်လို့ ကောင်စီဝင်တစ်ဦးကပြောပါတယ်။ မစ္စကေတိုရဲ့ အဆိုပြု ချက်ကိုဒေသတွင်း သက်ဆိုင်ရာကျောင်း အာဏာပိုင်အဖွဲ့က မဲခွဲဆုံးဖြတ်ပေးမှာဖြစ်တယ်လို့သိရပါတယ်။ YSD [ref: BBC, Jun 11, 2017.]
Source : http://ift.tt/2szcGV5
via IFTTT

No comments:

Post a Comment