စိတ်ကြွဆေး ၂သန်းကျော် ထိုင်းရဲတပ်ဖွဲ့ ဖမ်းမိ ထိုင်း- မြန်မာနယ်စပ် မယ့်ဆိုင်ခရိုင်၌ မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့ ဂိုဏ်းနဲ့ ထိုင်းလုံခြုံရေး တပ်ဖွဲများအကြား သောကြာနေ့ညက တိုက်ပွဲဖြစ်ပွားရော မူးယစ်မှောင်ခို ၁ဦးသေဆုံးကာ တခြားသော ၂ဦးကို စိတ်ကြွဆေးပြား ၂သန်းကျော်နဲ့ အတူ ဖမ်းဆီးရမိခဲ့တယ်လို့ Bangkok Post သတင်းကဆိုပါတယ်။ မူးယစ်ဆေးဝါးမှောင်ခိုအဖွဲ့ တဖွဲ့ နယ်စပ် ဖြတ်ကျော်လာမည်ဟု သတင်းရ၍ ထိုင်းစစ်သားများနဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းအဖွဲ့ နယ်စပ်အနီး ဝိန်းဖန်ခမ်းမြို့နယ်ခွဲ ဖမီး ကျေးရွာတဝိုက် ကင်းလှည့်နေစဉ် တိုယိုတာ ဗီဂိုအမျိုးအစား ပစ်ကပ်ကားတစီးကို တွေ့ရှိ ရပ်တန့်စေရာ ပြန်လှည့် ထွက်ပြေးသဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာ ကားမှာ လမ်းဘေးသို့ ထိုးကျပြီး လူတဦး သေဆုံးကာ တခြားသူများ ထွက်ပြေးသွားကြောင်း၊ ကားပေါ်တွင် စိတ်ကြွဆေးပြား ၂သန်း ၂သိန်း ၆သောင်း ၈ထောင်ကို သိမ်းဆည်းရမိကြောင်း သိရပါတယ်။ ပစ်ခတ်မှုကြောင့် မူးယစ်မှောင်ခိုဂိုဏ်းမှ ချင်းရိုင်းပြည်နယ် ခွန်တန်ခရိုင်နေ Ronnaphon Saefa ဆိုသူသေဆုံးသွားပြီး၊ အဆုဆိုသည့် အသက် ၂၀အရွယ် မြန်မာနိုင်ငံသားတဦး၊ အမည်မသိ တခြားသူတဦးကို ဖမ်းဆီးရမိကာ သူတို့ကို နယ်စပ်ကျေးရွာ ဖတ်ခေါင်မှ မယ်ဖလုံ ခရိုင်ဘက်ခြမ်းရှိ hiang Rai သို့ မူးယစ်ဆေးဝါး သယ်ဆောင်ပေးရန် ဘတ် ၁သောင်းဖြင့် ငှားရမ်းခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။
Source : https://goo.gl/15kMbS
via IFTTT
No comments:
Post a Comment