အဒေါ်ကိုသတ်ပြီး ရွှေနှင့်ငွေများ ယူဆောင် ထွက်ပြေးသော တူမကို ဖမ်းမိ အဒေါ်ဖြစ်သူကို ဝါးဆစ် ပိုင်းဖြင့် ရိုက်သတ်၍ ကျပ်ဆယ် သိန်းနှင့် ရွှေများကိုယူဆောင် ထွက်ပြေးလာသူ အသက် (၃၃) နှစ်အရွယ် အမျိုးသမီးကို ပုသိမ် မြို့ရှိ တည်းခိုရိပ်သာတစ်ခုတွင် ဇွန်လ၁၇ ရက် နံနက်က ဖမ်းဆီးရ မိကြောင်း ပုသိမ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။ ဧရာဝတီတိုင်းဒေသကြီး ငရုတ်ကောင်းမြို့နယ် ဗန်းမော်ရွာ နေ အသက် (၆၀)ခန့်ရှိ ဒေါ်ခင် သန်းသည် ဝယ်ယူထားသည့် ခြံ ကွက်ကို ငွေချေရန်ငန်းချောင်းရွာ သို့အသွား လမ်း၌ ပျောက်ဆုံးခဲ့သည်။ ထို့နောက် သုံးရက်ခန့်အကြာဗန်းမော်နှင့်ငန်းချောင်းရွာသို့ ဆက်သွယ်သည့် လမ်းဘေးချုံအတွင်း ၎င်း၏အလောင်းကို တွေ့ရှိရကြောင်း ငရုတ်ကောင်းမြို့ရဲစခန်းမှူး ရဲအုပ်ရွှေဇံအောင်က ပြောသည်။ ‘‘အလောင်းကို စစ်လိုက် တော့ ယူလာတယ်ဆိုတဲ့ ငွေဆယ်သိန်းရော၊ ကိုယ်မှာဝတ်ထားတဲ့ ရွှေဆွဲကြိုးနဲ့ လက်စွပ်ရော မရှိဘူး။ ဒါနဲ့ မသင်္ကာသူကို စုံစမ်း တယ်။ ရွာမှာသူ့(ဒေါ်ခင်သန်း) တူမ ခရီးသွားတယ်လို့ စုံစမ်းရ တယ်။ ခရီးသွားတာကလည်း ရိုး သားပုံမပေါ်တော့ သူ့ဓာတ်ပုံ တောင်း၊ စခန်းအချင်းချင်း ချိတ်ပြီး ဖမ်းဆီးခဲ့တာ’’ ဟု၎င်းကပြော သည်။ ယင်းနောက်သံသယရှိသူအ မျိုးသမီးကို ပုသိမ်မြို့တွင် လိုက်လံ ရှာဖွေ ဖမ်းဆီးရာ ရခိုင်ပြည်နယ်၊ဂွမြို့သို့သွားရန် ပြင်ဆင်နေချိန် ၌ တည်းခိုရိပ်သာတွင် ဖမ်းဆီးရ မိခဲ့သည်။ ‘‘လူရှင်းတုန်း ဝါးဆစ်ပိုင်းနဲ့ ရိုက်ပြီး အဒေါ်ကို သတ်ခဲ့တာ၊ အကြွေးတွေ အများကြီးရှိလို့ ခုလို သတ်ပြီးယူခဲ့တာလို့ ပြောတယ်’’ ဟု ဖမ်းဆီးမိချိန်တွင် ရဲတပ်ဖွဲ့ထံဝန်ခံထွက်ဆိုကြောင်း ရဲအုပ်ဇော် မင်းထွန်းကပြောသည်။ လက်ရှိတွင် အဆိုပါအမျိုး သမီးကို ငရုတ်တောင်မြို့ရဲစခန်းက လူသတ်မှုဖြင့် အမှုဖွင့်ဖမ်းဆီးထားပြီး သက်သေခံပစ္စည်းများကို ရှာဖွေသိမ်းဆည်းနေသည်။
Source : http://ift.tt/2tjpUmf
via IFTTT
No comments:
Post a Comment