မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ အလုပ်သမားစေလွှတ်မှု ယာယီ ပိတ်ထားခြင်းကို မကြာမီ ပြန်လည်ခွင့်ပြု ပေးနိုင်ဖွယ် ရှိကြောင်း သိရသည်။ မလေးရှားနိုင်ငံ၏ လက်ရှိအခြေအနေများအား စုံစမ်းမှုများ ပြုလုပ်နေပြီး အခြေအနေကောင်းမွန်ပါက အမြန်ဆုံး ပြန်လည် ခွင့်ပြုပေးနိုင်ရန် အစိုးရကလည်း ဆောင်ရွက်နေသည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာမှ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင် က ဧရာဝတီ ကို ပြောသည်။ ၎င်းက “မလေးရှားမှာ ရှိတဲ့ မြန်မာသံအမတ်ကြီးက ပြောင်းသွားတဲ့အတွက် အသစ် ရောက်လာတဲ့ သံအမတ်ကို အဲဒီက အခြေအနေတွေကို မေးထားတယ်၊ သူ့ဆီက တင်ပြတဲ့ အခြေအနေတွေကောင်းရင်တော့ ပြန်ပို့မယ်၊ အရင် သံအမတ် ကတော့ အခြေအနေကောင်းနေပြီလို့ ပြောထားတာရှိတယ်” ဟု ဆိုသည်။ ထို့အတူ ဗဟိုအစိုးရကလည်း မလေးရှားသို့ အလုပ်သမားစေလွှတ်ရေးကိစ္စကို အလေးထား စီစဉ်ဆောင်ရွက်နေကြောင်း၊ အလုပ်သမား စေလွှတ်မှု ခေတ္တပိတ်ထားခြင်းသည် အလုပ်သမားများ၏ လုံခြုံရေးအတွက် ဆောင်ရွက်ထားခြင်းသာ ဖြစ် ကြောင်း ဦးမျိုးအောင် က ပြောသည်။ မြန်မာ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) အဖွဲ့ကလည်း အလုပ်သမား စေလွှတ်ရေး ကိစ္စအား အမြန်ဆုံး ဆောင်ရွက်ပေးရန် မြန်မာအစိုးရထံ တင်ပြတောင်းဆိုထားကြောင်း၊ အလုပ်ခေါ်စာရထားသူ လူဦးရေ တသောင်းဝန်ကျင် အထိ ရှိနေပြီ ဖြစ်ကြောင်း MOEAF အထွေအထွေ အတွင်း ရေးမှူး ဦးကျော်ထင်ကျော် က ဧရာဝတီ ကို ပြောသည်။ ၎င်းက “ခေါ်စာကျထားတဲ့ လူတွေအရမ်းများနေပြီ၊ အဲဒါကြောင့် အမြန်ဆုံး ခွင့်ပြုပေးဖို့ တင်ပြထားတယ်၊ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေကတော့ ဒီလထဲမှာ ပြန်ပြီးတော့ ခွင့်ပြုပေးမယ်လို့ နေပြည်တော်မှာ သတင်းထောက်တွေကို ပြောသွား တယ်” ဟု ဆိုသည်။ Calling Visa သက်တမ်းသည် ၄ လ သာရှိကြောင်း၊ ၄ လ ပြည့်ပြီးသွားပါက တကြိမ်သာ သက်တမ်းတိုးပိုင်ခွင့်ရှိ၍ ထို သက်တမ်း မကုန်ဆုံးမီ သွားခွင့်ပြုပေးရန် အရေးကြီးကြောင်း၊ မလေးရှားနိုင်ငံ၏ အခြေအနေသည်လည်း တည်ငြိမ်နေပြီ ဖြစ်ကြောင်း အလုပ်သမား အဖွဲ့ချုပ် က ပြောသည်။ မလေးရှားနိုင်ငံ၌ ယခုနှစ်အတွင်း ရွေးကောက်ပွဲရှိနေသည့်အတွက် မလေးရှား၏ အခြေအနေအား ခန့်မှန်းရခက်ကြောင်း၊ သို့သော် လက်ရှိအခြေအနေသည် တည်ငြိမ်နေကြောင်း၊ အလုပ်သမားခေါ်ယူမှုများရှိနေ၍ ဆန္ဒရှိသူများကို လာခွင့် ပေးသင့်ကြောင်း ကပုန်း ၇ ရက်သားသမီး နာရေး ကူညီမှု အသင်း ဥက္ကဌ ဦးဆန်းဝင်း က ဧရာဝတီ ကို ပြောသည်။ ဦးဆန်းဝင်း က “မလေးရှား အစိုးရဘက်ကလည်းပဲ မြန်မာအလုပ်သမားတွေ ပြန်ဝင်လာဖို့အတွက် စောင့်ဆိုင်းနေတာ တွေ့ ရတယ်၊ နောက်တခုက မြန်မာအစိုးရ အနေနဲ့ အလုပ်သမားတွေကို စေလွှတ်မယ်ဆိုရင်လည်းပဲ စေလွှတ်တဲ့ အေဂျင်စီတွေ ကို သေချာ စိစစ်ပြီးမှ လွှတ်သင့်တယ်၊ တဆင့်ခံ အေဂျင်စီတွေနဲ့လာတာမျိုး မဖြစ်ရအောင် ဆောင်ရွက်ပေးဖို့ လိုတယ်၊ အလုပ် လုပ်ခွင့် ပါမစ် ရှိ၊ မရှိ ဆိုတာမျိူးတွေကို သေချာ စစ်ဆေးပြီးမှ စေလွှတ်သင့်ပါတယ်” ဟု ပြောသည်။ အလုပ်သမားများအား မလေးရှားနိုင်ငံသို့ စေလွှတ်ခဲ့သော်လည်း၊ အလုပ်လုပ်ခွင့် ပါမစ် မရရှိ၍ Over stay ဖြစ်သွားသူ အ များ အပြား ရှိကြောင်း၊ ထို့အတူ အလုပ်သမားစေလွှတ်မည့် အေဂျင်စီများ အနေဖြင့် မိမိတို့ အလုပ်သမား၏ လုံခြုံရေးအ တွက် အာမခံချက် ပေးရန် လိုအပ်ကြောင်း မလေးရောက် မြန်မာတချို့ က ပြောသည်။ မလေးရှားနိုင်ငံ၌ တရားဝင် မြန်မာ အလုပ်သမား ၂ သိန်း ဝန်းကျင်ရှိကြောင်း အလုပ်သမား ဦးစီးဌာန က ပြောဆိုထား သည်။ ထို့အတူ တရားမဝင် ဦးရေသည်လည်း သိန်းချီ၍ ရှိကြောင်း မလေးရှားရှိ အလုပ်သမားအရေး ဆောင်ရွက်နေသူ များက ပြောသည်။ မလေးရှားနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ၊ ပဋိပက္ခများကြောင့် မြန်မာအလုပ်သမားစေလွှတ်မှုကို မြန်မာအစိုးရက ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ ယာယီ ပိတ်ထားခဲ့သည်။ ထိုသို့ပိတ်ထားသည့် အတွက် အလုပ်သမားအေဂျင်စီများ အတွက် သာမက သွားရောက် အလုပ် လုပ်ကိုင်မည့်သူများအ တွက်လည်း နစ်နာ ဆုံးရှုံးမှုများရှိကြောင်း အလုပ်သမား အေဂျင်စီများက ပြောဆိုကြသည်။ မြန်မာနိုင်ငံမှ ပြည်ပ နိုင်ငံများသို့ အလုပ်သမားစေလွှတ်နေသည့် အေဂျင်စီပေါင်း ၂၆၀ ဝန်းကျင် ရှိသည့် အနက် မလေးရှား နိုင်ငံသို့ ပို့ဆောင်ပေးနေသည့် အေဂျင်စီ ၁၀၀ ဝန်းကျင် ရှိကြောင်း အလုပ်သမား ဝန်ကြီးဌာန က ပြောဆိုထားသည်။ မြန် မာ အလုပ်သမား စေလွှတ်မှုသည် ထိုင်းနိုင်ငံနှင့်မလေးရှား နိုင်ငံတို့ဖြစ်သည်။ Did you find apk for android? You can find new Free Android Games and apps. Topics: အလုပ်သမား
Source : http://ift.tt/2syKC4d
via IFTTT
No comments:
Post a Comment