YBS ကားသစ် အစီး ၁ဝဝဝ မှာ မြန်မာနိုင်ငံအတွက် သီးခြား ထုတ်လုပ်ထားသော ကားများဖြစ်ဟု ဝန်ကြီးချုပ်ပြောကြား ရန်ကုန် ဇွန် ၁၅ YBS ယာဉ်လိုင်းများတွင် ပြေးဆွဲရန်အတွက် တရုတ်နိုင်ငံမှ တင်သွင်း ခဲ့သည့် ဘတ်စ်ကားသစ် အစီး ၁ဝဝဝ မှာ မြန်မာနိုင်ငံအတွက် သီးခြား ထုတ်လုပ်ထားသော ကားများဖြစ်သည်ဟု ရန်ကုန် တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက အဆိုပါဘတ်စ်ကားသစ်များ တိုင်းဒေသကြီးအစိုးရ သို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။ ''မြန်မာနိုင်ငံနဲ့ ကိုက်ညီနိုင်မယ့်၊ ရာသီဥတုနဲ့ လည်းကိုက်ညီနိုင်မယ့်၊ ကွျန်တော်တို့မြို့ရဲ့ လမ်း တွေနဲ့လည်းကိုက်ညီနိုင်မယ့် အင်ဂျင်စနစ်တွေ၊ စီအင်န်ဂျီအင်ဂျင်တွေနဲ့ စီအင်န်ဂျီကိုသုံးတဲ့ ကား တွေကိုတင်သွင်းလာတာ ဖြစ်ပါတယ်။ ဒီကားတွေ ဟာ တရုတ်နိုင်ငံမှာထုတ်လုပ်ပြီး မြန်မာနိုင်ငံကို တင်သွင်းလာတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကား တွေဟာ မြန်မာနိုင်ငံ အတွက် သီးခြားထုတ်လုပ် ထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် သီးခြား ထုတ်လုပ်ထားတဲ့ကားတွေ ဖြစ်တဲ့အတွက် ပြည်သူ လူထုကို ဝန်ဆောင်မှုပေးတဲ့နေရာမှာ အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်မှာ ဖြစ်ပါတယ်''ဟု ဇွန် ၁ဝ ရက်က ရန်ကုန်မြို့ပြည်သူ့ရင်ပြင်တွင် ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် ကားသစ်များ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် ဝန်ကြီးချုပ် က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၅ဝ ကျော် မထသ ယာဉ်လိုင်းစနစ်ဖြင့်သာ မြို့ပြသယ်ယူပို့ဆောင်ရေး ကဏ္ဍကို ပုံဖော်ခဲ့ရပြီး မြို့ဧရိယာနှင့် လူဦးရေတိုးပွား လာမှုအပေါ်တွင် လိုအပ်ချက်အလိုက် ပုံစံအမျိုးမျိုး၊ ယာဉ်အမျိုးမျိုးဖြင့် ပြေးဆွဲဆောင်ရွက်ခဲ့သည့်အပြင် ပုဂ္ဂလိကတစ်ဦးချင်းပိုင် ယာဉ်များပါဝင်မှုဖြင့် ပြည်သူလူထုပါဝင်သော သယ်ယူပို့ဆောင်မှု ပုံသဏ္ဌာန်မျိုးစုံရှိနေခဲ့ကြောင်း ဝန်ကြီးချုပ်က ပြော သည်။ ယင်းအတွက် ပြည်သူလူထုကို ဝန်ဆောင်မှု ကောင်းစွာပေးနိုင်ခဲ့သည့် သယ်ယူပို့ဆောင်မှု စနစ် တစ်ရပ် ဖြစ်မလာခဲ့ဘဲ နှစ်ပေါင်းများစွာ တည်ရှိနေခဲ့ သည့် မထသ စနစ်ကို ဇန်နဝါရီ ၁၅ ရက်တွင် ရပ်ဆိုင်းခဲ့ကာ ယခုလက်ရှိတွင်YBSစနစ်ဖြင့် ယာဉ်လိုင်းပေါင်း ၉ဝ ခန့် ပြေးဆွဲအကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။ လက်ရှိ မြန်မာနိုင်ငံယာဉ်ကြောစနစ်နှင့် ကိုက်ညီသည့် စီအင်န်ဂျီသဘာဝ ဓာတ်ငွေ့သုံး ဘတ်စ်ကားသစ်များကို တင်သွင်းလာခြင်းဖြစ်ပြီး တရုတ်နိုင်ငံ အစိုးရနှင့် အစိုးရချင်းချိတ်ဆက်ဝယ် ယူခဲ့သည့်အတွက် ဈေးနှုန်းနှင့် ဝန်ဆောင်မှုပိုင်း သာလွန်မှုများရရှိကြောင်း သိရသည်။ ''ကွျန်တော်တို့လိုချင်တဲ့ အခြေအနေက ရန်ကုန်မော်ဒယ်တစ်ခု ထုတ်လုပ်ရမယ့် ကားမျိုးဖြစ်ပါ တယ်။ ဒါရန်ကုန်အတွက် သီးခြားထုတ်လုပ် ထား တာပါ။ သူတို့ကုမ္ပဏီတွေမှာတောင် Standard တစ်ခုဖြစ်လာပါတယ်။ ကားအင်ဂျင်ဆိုဒ်က ၁၂ မီတာလောက်မှာသုံးတဲ့ အင်ဂျင်ဆိုဒ်ထက် နည်း နည်းလေးပဲသေးပါတယ်။ အင်ဂျင်သိပ်ကြီးရင်လည်း ကားအတွက် မကောင်းဘူးပေါ့နော်။ ဒါကြောင့် ရန်ကုန်အတွက် သင့်တော်တဲ့ကားမျိုးကို ဝယ်ပါ တယ်။ သုံးစွဲတဲ့ ငွေကြေးက ပြည်သူ့ဘဏ္ဍာငွေတွေ ဖြစ်ပါတယ်။ ဒီအတွက် ကွျန်တော်တို့ ဝယ်တဲ့ ပစ္စည်းက ထိုက်တန်တဲ့ပစ္စည်းရဖို့ လိုပါတယ်။ ဒီဟာ ဆိုရင် မြန်မာနိုင်ငံမှာလည်း မြန်မာကိုယ်စားလှယ် တွေရှိပါတယ်။ မြန်မာကိုယ်စားလှယ်တွေဆီက သွားဝယ်ရင်တောင် ကွျန်တော်တို့ရတဲ့ ဈေးနဲ့ မရောင်းနိုင်ပါဘူး။ တရုတ်သံအမတ်ကြီးရဲ့ ကြိုးပမ်း ပေးမှုနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ကွျန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှု အပေါ်မှာ ပူးပေါင်းပါဝင် ကူညီ တယ်ဆိုတဲ့ ဆန္ဒအပေါ်ပေါင်းစပ်ပြီးတော့ ကားတွေ ဟာ ပြည်သူလူထုအတွက် အကောင်းဆုံးဝန်ဆောင် မှု ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ မကြာခင်မှာ ယာဉ်လမ်းကြောင်းတွေ ပြေးဆွဲတော့မှာ ဖြစ်ပါ တယ်''ဟု ဝန်ကြီးချုပ်က အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်။ တိုင်းဒေသကြီးအစိုးရ၏ စီစဉ်မှုဖြင့် ဝယ်ယူခဲ့ သော ဘတ်စ်ကားသစ်အစီး ၁ဝဝဝ သည် Yutong ကုမ္ပဏီမှ အစီး ၅ဝဝ နှင့် Ankai ကားကုမ္ပဏီမှ အစီး ၅ဝဝ ဖြစ်ပြီး တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၅၆ဝဝဝ ပေးရကြောင်း သိရသည်။ အဆိုပါကားများကို ထုတ်လုပ်နေစဉ်နှင့် မြန်မာနိုင်ငံသို့တင်ပို့ရန် သင်္ဘောတင်လုပ်ငန်းများ ဆောင်ရွက်စဉ်တွင် မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းမှ ကွျမ်းကျင်သူများ၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ တာဝန်ရှိသူများက သွားရောက် စစ်ဆေးကာ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ (ဝဝ၁)
Source : http://ift.tt/2rlQRo0
via IFTTT
No comments:
Post a Comment