ထိုင်းရောက် မြန်မာလုပ် သားများအရေးနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးနှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။ ဇွန်လ ၃၀ ရက်တွင် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E Mr.Jukr Boon-Long နှင့် တွေ့ဆုံခဲ့သည်။ အဆိုပါ တွေ့ဆုံမှုအပြီးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက သံအမတ်ကြီးနှင့် သီးသန့်တွေ့ဆုံ၍ ထိုင်းရောက် မြန်မာလုပ်သားများအရေး ဆွေးနွေးခဲ့ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။ ‘‘မြန်မာနိုင်ငံအနေနဲ့ ထိုင်း နိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းတွေ ကို နားလည်တယ်။ အဲဒီအပေါ်မှာ တော့ ကျွန်တော်တို့က ဝင်ရောက် ပြီးတော့ လျှော့ချသွားဖို့ ပြောတာ မျိုးတော့ မလုပ်ဘူးပေါ့နော်။ ဒါက တော့ ထိုင်းနိုင်ငံရဲ့ ပြည်တွင်း ဥပဒေ လုပ်ဆောင်ချက်တွေကို နားလည်တယ်။ နံပါတ်(၂) အ ချက်က ဒီလိုမျိုး စည်းမျဉ်းစည်း ကမ်းတွေ ပြောင်းတဲ့အခါမှာ ကျွန်တော်တို့ မြန်မာနိုင်ငံအလုပ်သမားတွေက တချို့လည်း ကောင်း ကောင်းမသိတာတို့၊ ဘာတို့ဖြစ် တယ်ပေါ့နော်။ ဒုက္ခတွေ ကြုံတွေ့ ရတဲ့ အနေအထားမျိုးဖြစ်တယ် ပေါ့။ အဲဒီလိုရှိတော့ ဒီစည်းမျဉ်း စည်းကမ်းတွေကိုလည်း ထိုင်းသံ ရုံးကနေ ထုတ်ပြန်ပြီး လိုက်နာ လုပ်ဆောင်ဖို့ ရှိနေတယ်ပေါ့။ ထိုင်းအစိုးရအနေနဲ့ ဒီလိုမျိုး စပ် ကူးမပ်ကူးပေါ့နော်။ စည်းမျဉ်း တွေပြောင်းတဲ့အခါမှာ နားလည် မှုပေးပြီးတော့ အချိန်အတိုင်းအ တာတစ်ခုအထိ ပေးဖို့ပေါ့နော်။ နှစ်နိုင်ငံချစ်ကြည်ရေး ထောက်ရှု ပြီးတော့ နားလည်မှုရှိရှိ ဆောင် ရွက်ပေးဖို့လည်း ကျွန်တော်တို့က မေတ္တာရပ်ခံတာပေါ့။ ထိုင်းနိုင်ငံ က သူတို့လည်း ဒီအခြေအနေကို နားလည်တယ်။ အလေးအနက် ထားပါတယ်။ သူတို့အစိုးရကို လည်း ပြန်လည်တင်ပြဆောင် ရွက်ပေးပါမယ်လို့ ပြောပါတယ်’’ ဟု ဦးဇော်ဌေးကပြောသည်။ ထိုင်းအစိုးရသည် နိုင်ငံခြား သားအလုပ်သမားများ၏ အလုပ် တာဝန်စီမံခန့်ခွဲရေး အက်ဥပဒေ စီမံချက်အရ တရားမဝင်အလုပ် လုပ်ကိုင်နေထိုင်နေသော နိုင်ငံ ခြားသား အလုပ်သမားများကို ဒဏ်ငွေ ဘတ်နှစ်ထောင်မှ လေး သိန်းအထိနှင့် ထောင်ဒဏ်ငါးနှစ် အထိ ချမှတ်နိုင်ကြောင်း ထိုင်း အစိုးရက ဇွန်လ ၂၀ ရက်တွင် ကြေညာခဲ့သည်။ ထိုကြေညာချက် ထုတ်ပြန် အပြီးတွင် ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေ သော မြန်မာလုပ်သား ရာနှင့်ချီ ဖမ်းဆီးခံရပြီးနောက် လုံခြုံမှုမရှိ တော့ဟုဆိုကာ မြန်မာလုပ်သား များ အလုံးအရင်းဖြင့် နေရပ်သို့ ပြန်လာရာ ဇွန်လ ၂၉ နှင့် ၃၀ နှစ်ရက်အတွင်း နယ်စပ်မှတစ်ဆင့် ပြန်လာသူ ၇၀၀၀ ခန့် ရှိလာပြီ ဖြစ်သည်။
Source : http://ift.tt/2u8MFK1
via IFTTT
No comments:
Post a Comment