YBS (ရန်ကုန်ဘတ်စ်ကား ဝန် ဆောင်မှု)စနစ်တွင် အရှိန်ပြင်းစွာ မောင်း နှင်ခြင်း၊ ပြိုင်မောင်းခြင်း၊ လမ်းကြော ပြောင်းပြန်မောင်းနှင်ခြင်းနှင့် ခရီးသည်များ ကို မချေမငံဆက်ဆံခြင်းစသည်တို့ ပြု လုပ်ပါက အရေးယူနိုင်မည့် စည်းကမ်းချက် လေးချက် ထုတ်ပြန်ကြောင်း သတင်းရရှိ သည်။ အထက်ပါ စည်းကမ်းချက် လေးခုကို လိုက်နာခြင်းမရှိသည့် ယာဥ်လိုင်းများကို လိုင်းမှချက် ချင်းထုတ်ပယ်ခြင်း၊ လိုင်စင်ပိတ် သိမ်းခြင်းစသည့် ပြစ်ဒဏ်များဖြင့် ထိရောက်စွာ အရေးယူမည်ဖြစ် ကြောင်း YRTA (ရန်ကုန်တိုင်းဒေ သကြီး သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့) အတွင်းရေးမှူးဒေါက်တာမောင် အောင်က ဇူလိုင် ၁၃ ရက်ညနေ တွင် 7Day Daily သတင်းစာအား ပြောသည်။ ‘‘ဒီလေးချက်ကို တွေ့ရင် ချက်ချင်းအရေးယူမယ်ပြောထား တာ။ တိုင်တာနဲ့အရေးယူမယ်။ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ ၁၃ ဖွဲ့က လည်းလှည့်နေတယ်’’ ဟု ဒေါက်တာမောင်အောင်ကဆို သည်။ ထို့အပြင် YRTA နှင့်ယာဥ် ပိုင်ရှင်များ ဇူလိုင် ၁၁ ရက်တွင် တွေ့ဆုံစဥ် YBS စနစ်၌ ကိုယ်ရကိုယ်ယူစနစ်ကို ဖျက်သိမ်းကြောင်းနှင့် ယာဥ်တိုင်းတွင် ယာဥ်နောက်လိုက်မထားရှိစေဘဲ Cash Box (ငွေထည့်သေတ္တာ) များကို ဇူလိုင် ၂ဝ ရက်အပြီးတပ်ဆင်ရန် ညွှန်ကြားထားကြောင်း အထက်ပါ အတွင်းရေးမှူးက ဆိုသည်။ ‘‘ဘုံစနစ်ကို ကြေညာထား တယ်။ တစ်ဦးချင်းပိုင်တာကို လုံး ဝခွင့်မပြုဘူး။ ဟိုနေ့က (၅၅) ဖြစ် သွားတာ တစ်ဦးချင်းပိုင်တာက နေဖြစ်သွားတာ။ မလိုက်နာရင် အဲဒီလိုင်းကို ဖျက်သိမ်းမှာ’’ ဟု ဒေါက်တာမောင်အောင်က ပြော ကြားသည်။ YBS စနစ်တွင် ယာဥ်လိုင်း ၈ဝ ကျော်ပြေးဆွဲနေရာ အများပိုင်ကုမ္ပဏီအောက်မှ ပြေးဆွဲနေသည့်ယာဥ်လိုင်း အနည်းငယ်သာရှိပြီး အများစုသည် ကိုယ်ရကိုယ်ယူ စနစ်ဖြင့် ပြေးဆွဲနေကြောင်း Power Eleven အများပိုင်ကုမ္ပဏီမှ ယာဥ်ပိုင်ရှင် ကိုတရုတ်လေးက ပြောကြားသည်။ ‘‘ဇူလိုင် ၂ဝ ရက်ကစပြီး စု ပေါင်းပြေးဆွဲပြီး စုပေါင်းခွဲဝေတဲ့ စနစ်ကို ကျင့်သုံးပါ။ အဲဒီကနေ တစ်ဆင့်တစ်ဆင့်တက်ပြီး အများပိုင်ကုမ္ပဏီတွေ အနေနဲ့ ဖြစ် အောင်လုပ်ပါလို့ ညွှန်ကြားသွား တာ’’ဟု ၎င်းကရှင်းပြသည်။ မကြာသေးမီက ဖြစ်ပွားခဲ့ သော YBS (၃၇) ယာဥ်နှင့် (၅၅) ယာဥ်တိုက်မှု ဖြစ်စဥ်တွင် ခရီး သည် ၁ဝ ဦးသေဆုံးပြီး ၃ဝ ကျော်ဒဏ်ရာ ရရှိခဲ့မှုကြောင့် ဒီချုပ်အစိုးရလက်ထက်တွင် အကောင်အထည်ဖော်သည့် YBS စနစ်အပေါ် ဝေဖန်မှုမြင့်တက်လျက်ရှိသည်။
Source : http://ift.tt/2tPpQNy
via IFTTT
No comments:
Post a Comment