မလေးရှားတွင် တရားမဝင် မြန်မာလုပ်သား ၁၉ ဦးကို တရားစွဲဆို မလေးရှားနိုင်ငံတွင် တရားမဝင် နေထိုင်လုပ်ကိုင်နေ သော နိုင်ငံခြားသားများအား E-Card ထုတ်ပေးပြီးနောက် ဖမ်းဆီးရေးစီမံချက်၌ ဖမ်းဆီးခံရသည့် မြန်မာလုပ်သား ၂၃၁ ဦးအနက် ၁၉ ဦး ပထမဆုံး တရားစွဲဆိုခံရ ကြောင်း သတင်းရရှိသည်။ မလေးရှားနိုင်ငံ အီပို့ပြည် နယ်၌ ဖမ်းဆီးခံရသည့် တရား မဝင် မြန်မာလုပ်သား ၁၉ ဦးကို ဇူလိုင် ၁၃ ရက်က တလုတ်အင် တန်းတရားရုံးတွင် တရားစွဲဆို ခြင်းဖြစ်ကြောင်း မလေးရှား ရောက် မြန်မာလုပ်သားများအားကူညီပေးနေသော ရွှေ့ပြောင်းအလုပ်သမားကူညီမှုအဖွဲ့အစည်း(မလေးရှား)မှ ကိုချစ်ကောင်းက ပြောသည်။ ‘‘ဒီအစီအစဉ်မှာ ဖမ်းဆီးခံရ တဲ့ သူတွေအားလုံးကို တရားရုံး တင်မှာပဲ။ ဒါပေမဲ့ အီပို့ပြည်နယ် မှာ ဖမ်းဆီးခံရတဲ့ ဒီမြန်မာ ၁၉ ယောက်က ပထမဆုံးတရားရုံးအ တင်ခံရတာပေါ့။ သူတို့က ထောင် ကျမယ်။ နောက် ကန့်တွေထဲ အပို့ခံရမယ်’’ဟု ကိုချစ်ကောင်းက ပြောသည်။ တရားမဝင်နေထိုင်လုပ်ကိုင် မှုဖြင့် ဖမ်းဆီးခံရသူများကို မလေးရှားတရားရုံးများက ကြိမ်ဒဏ်အ ပါအဝင် ထောင်ဒဏ်သုံးလမှ ခြောက်လအထိ ချမှတ်လေ့ရှိ ကြောင်း ၎င်းက ဆက်လက်ပြော သည်။ တရားစွဲဆိုခံရသော မြန်မာ လုပ်သား ၁၉ ဦးသည် (၁၈)နှစ်အရွယ်မှ (၄၅)နှစ်အရွယ်ကြား အမျိုးသားများဖြစ်ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်သည်။ မလေးရှားအစိုးရသည် အ ကြောင်းအမျိုးမျိုးကြောင့် တရား မဝင်နေထိုင်အလုပ်လုပ်ကိုင်နေရ သော မြန်မာနိုင်ငံသားများအပါ အဝင် ၁၅ နိုင်ငံမှ တရားမဝင် လုပ် သားများအား တစ်နှစ်သက်တမ်းရှိ E-Card ယာယီကတ်များထုတ် ပေးအပြီး ဇူလိုင် ၁ ရက်တွင် ဖမ်း ဆီးရေးစီမံချက် စတင်ရာ ၁၀ ရက်အတွင်း တရားမဝင် မြန်မာ လုပ်သား ၂၃၁ ဦး ဖမ်းဆီးခံခဲ့ရ သည်။ ဖမ်းဆီးမှုများကို ဆက် တိုက်ပြုလုပ်နေပြီး မလေးရှားအ စိုးရက တရားမဝင် လုပ်သားများ ကို E-Card ပြုလုပ်စေရာ ယင်း ကတ်မလုပ်သော လုပ်သားများပြားလွန်းသဖြင့် မလေးရှားအစိုးရ က ဖမ်းဆီးရေးစီမံချက်များ စတင်ခြင်းဖြစ်ကြောင်း မလေးရောက် မြန်မာအဖွဲ့အစည်းများက ပြော သည်။ တရားမဝင် နိုင်ငံခြားလုပ် သားများဖမ်းဆီးသည့် ၁၀ ရက်အ တွင်း တရားမဝင် နိုင်ငံခြားလုပ် သား ၃,၀၁၄ ဦး ဖမ်းဆီးခဲ့ပြီး ယင်းလုပ်သားများကို စေခိုင်းသည့် အလုပ်ရှင် ၅၇ ဦးကိုလည်း ဖမ်းဆီး ထားကြောင်း မလေးရှားအစိုးရ က ဇူလိုင် ၁၀ ရက်တွင် ကြေညာ ထားသည်။ မလေးရှားအစိုးရသည် တ ရားမဝင် နေထိုင်အလုပ်လုပ်ကိုင် နေသော မြန်မာနိုင်ငံသားများအ ပါအဝင် ၁၅ နိုင်ငံမှ အလုပ်သမားများအား တစ်နှစ်သက်တမ်းရှိ E-Card ကို ဖေဖော်ဝါရီ ၁၅ ရက်က စတင်ထုတ်ပေးခဲ့သည်။ မလေးရှားနိုင်ငံတွင် မြန်မာလုပ် သားတစ်သိန်းကျော်ရှိပြီး တရား မဝင်လုပ်ကိုင်သူ သုံးသိန်းခန့်ရှိ ကာ စုစုပေါင်း မြန်မာလုပ်သား လေးသိန်းကျော်ရှိသည်။
Source : http://ift.tt/2uY0lrE
via IFTTT
No comments:
Post a Comment