Friday, July 14, 2017

7Day News Journal

YBS ယာဉ်များ ဇူလိုင် ၂၀ ရက်က စတင်၍ ယာဉ်နောက်လိုက်များ လိုက်ပါခွင့် မပြုတော့ ရန်ကုန်မြို့တွင်း ပြေးဆွဲ နေသည့် YBS ယာဉ်များအားလုံး ဇူလိုင် ၂၀ ရက်က စတင်ပြီး ယာဉ် နောက်လိုက်ထားရှိတော့မည် မ ဟုတ်ဘဲ ယာဉ်စီးခထည့်၍ရသော ပုံး (Cash Box) များသာ ထားရှိ မည်ဟု ရန်ကုန်တိုင်း ဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင် ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာ ပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။ ‘‘ကုမ္ပဏီပိုင်ယာဉ်တော် တော်များများကတော့ စနေတာ တွေအများကြီး။ ကားတွေအား လုံးကို စပယ်ယာမရှိအောင် ဇူလိုင် ၂၀ ရက်စမယ်။ ကားတွေအား လုံးကိုလည်း စစ်ဆေးမှုတွေတင်း တင်းကျပ်ကျပ်လုပ်သွားမယ်’’ဟု ဒေါက်တာမောင်အောင်က ပြော သည်။ ငွေအကြွေပြဿနာပြေ လည်စေရန် နောက်ပိုင်းတွင် လက်ရှိ (၃၇) ယာဉ်လိုင်း၌ အသုံးပြုနေသော ကတ်စနစ်ဖြင့် ယာဉ်စီးခ ပေးချေနိုင်ရန်လည်း နည်းကုမ္ပဏီအချို့နှင့် ညှိနှိုင်းနေ သည်ဟုဆိုသည်။ ယာဉ်ပိုင်ရှင်အချို့က ယာဉ် နောက်လိုက် မထားရှိရဆိုသည့် စနစ်ကိုကြိုဆိုသော်လည်း လက် ရှိယာဉ်လိုင်းများတွင် ဝင်ရောက် လုပ်ကိုင်နေသော ယာဉ်နောက် လိုက်အမြောက်အမြား အလုပ် လက်မဲ့ဖြစ်မည့် ပြဿနာရှိနေကြောင်း ၎င်းကပြောသည်။ လက်ရှိယာဉ်လိုင်းအချို့ ကျင့်သုံးနေသော ကိုယ်ရကိုယ် ယူစနစ်ကို ဖျက်သိမ်းပြီး ရှယ်ယာ စနစ်ဖြင့်ဝေပုံကျခွဲယူသော စနစ် ကို ယာဉ်လိုင်းများအားလုံး ဆောင် ရွက်ရမည်ဟု ယာဉ်ပိုင်ရှင်များ အားလုံးသို့ ညွှန်ကြားထား ကြောင်း သိရသည်။ လက်ရှိအချိန်အထိ YBS ဘတ်စ်ကားစနစ်တွင် ထည့်သွင်း ပြေးဆွဲရန် ပုဂ္ဂလိကကုမ္ပဏီများ က ဝယ်ယူထားသည့် ဘတ်စ်ကားအစီးရေ ၁,၆၀၀ ခန့်နှင့်ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဝယ်ယူထားသော ဘတ်စ်ကားစီးရေ ၁,၀၀၀ ရှိနေဖြစ်ကာ ပုဂ္ဂလိက ကားအသစ်အများစုဝင်ရောက်ပြေးဆွဲနေပြီဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့သည် YBS ဘတ်စ်ကား စနစ်ကို ဇန်နဝါရီ ၁၆ ရက်က စတင်ပြေးဆွဲခဲ့ပြီး လက်ရှိတွင် ဘတ်စ်ကားလိုင်း ၈၀ ခန့်က ကား စီးရေ ၄,၀၀၀ ခန့်ဖြင့် ပြေးဆွဲနေ သည်။
Source : http://ift.tt/2tQwW4b
via IFTTT

No comments:

Post a Comment