Saturday, July 15, 2017

7Day News Journal

ခွင့်ပြုချက်မရှိဘဲ ထွက်ခွာသည့် ဆီတင်သင်္ဘောကို တပ်မတော်စစ်ရေယာဉ်ဖြင့် တားဆီး တရုတ်လူမျိုး သင်္ဘော ကပ္ပတိန် ဦးဆောင်သည့် ဆီတင် သင်္ဘောတစ်စီးသည် ခွင့်ပြုချက် မရှိဘဲ မြန်မာ့ဆိပ်ကမ်းမှ ထွက်ခွာ သွား၍ တပ်မတော်စစ်ရေယာဉ် က လိုက်လံတားဆီးခဲ့ပြီး မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်က အရေးယူထားကြောင်း သတင်းရရှိ သည်။ သင်္ဘောကပ္ပတိန် မစ္စတာဖန်ဖာဘင်းဆိုသူ ဦးဆောင်ပြီး တရုတ်နိုင်ငံသား ၁၅ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦးနှင့် မြန်မာနိုင်ငံသား လေးဦး လိုက်ပါသော ဆီတင်သင်္ဘောကို တပ်မတော်စစ်ရေယာဉ်ဖြင့် လိုက်လံတားဆီးကာ ရန်ကုန်ဆိပ်ကမ်းသို့ ပြန်ကမ်းကပ်စေခဲ့ရသည့်ဖြစ်စဉ် ဇူလိုင် ၁၂ ရက်က ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သ တင်းထုတ်ပြန်သည်။ အဆိုပါသင်္ဘောသည် စင် ကာပူနိုင်ငံအခြေစိုက် Bravely Int’l Pte, Ltd ပိုင် ဆီတင်သင်္ဘော ဖြင့် မြန်မာနိုင်ငံအခြေစိုက် PT Power ကုမ္ပဏီသို့ ဒီဇယ်ဆီ မက် ထရစ်တန် ၁၂,၀၀၀ ကျော်ကို ဇူလိုင် ၁၁ ရက်က လာရောက်ပို့ ဆောင်ခြင်းဖြစ်သည်။ ဇူလိုင် ၁၂ ရက်တွင် ပြန်ထွက်ခွာရန် စီစဉ်ထားစဉ် အခကြေးငွေ ပေးရန် ကျန်နေ၍ ယင်းသင်္ဘော ကို ထွက်ခွာခွင့်မပေးရန် သင်္ဘော ပိုင်ကုမ္ပဏီက မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ကို အီးမေးလ်ဖြင့် ဇူလိုင် ၁၁ ရက်တွင် အကြောင်းကြားခဲ့၍ ထွက်ခွာခွင့် ပယ်ဖျက် ထားသည်ကို မလိုက်နာဘဲ တိတ်တဆိတ် မောင်းနှင်ထွက်ပြေး ခြင်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် တာဝန်ရှိသူက ပြော သည်။ ‘‘သင်္ဘောပိုင်ရှင်က ဒီ သင်္ဘောကို ပေးမထွက်ပါနဲ့ဆိုပြီး ဆိပ်ကမ်းအာဏာပိုင်ကို အီး မေးလ်ဝင်လာရော။ ဝင်လာတော့ ကျွန်တော်တို့ကနေ လိုအပ်တဲ့ အထောက်အထားတွေ တောင်း ရော။ တောင်းတော့ သူတို့ (Mr. Feng Fabing နှင့် သင်္ဘောသား များ)က မပေးဘူး။ အဲဒါနဲ့ သင်္ဘောကို မထွက်နဲ့ဦးဆိုပြီး တား ထားတဲ့အချိန်မှာ သူတို့သဘောနဲ့ သူတို့ ထွက်တော့ Navy Boat နဲ့ လိုက်ပြီးဖမ်းတာပဲ’’ဟု မြန်မာ့ ဆိပ်ကမ်းအာဏာပိုင် တာဝန်ရှိ သူက ပြောသည်။ လုပ်ထုံးလုပ်နည်းအရ သင်္ဘောထွက်ခွာမည် ဆိုပါက မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရေ ကြောင်းပြမှူးကြီးလိုက်ပါရန် လို အပ်ပြီး အဆိုပါသင်္ဘောသည် ဇူလိုင် ၁၂ ရက် နံနက် ၅ နာရီတွင် ရေကြောင်းပြမှူးကြီးလိုက်ပါခြင်း မရှိဘဲ ထွက်ခွာသွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သ တင်းထုတ်ပြန်သည်။ ‘‘သိသိချင်းတော့ ရေ ကြောင်းရဲက လိုက်တာပေါ့နော်။ ရေကြောင်းရဲက မော်တော်တွေနဲ့ အဆင်မပြေတော့ တပ်မတော် ရေကို အကူအညီတောင်းတော့ အမြောက်တွေ၊ ဘာတွေ ယမ်းပြ တော့မှ အဲဒီသင်္ဘောက ရပ်သွား တာ။ ရန်ကုန်မြစ်ထဲမှာပဲ မိတာ’’ ဟု လိုက်လံတားဆီးခဲ့သည့် အ ခြေအနေကို မြန်မာ့ဆိပ်ကမ်းအာ ဏာပိုင် တာဝန်ရှိသူတစ်ဦးက ရှင်း ပြသည်။ ရေကြောင်းရဲတပ်ဖွဲ့ ရဲမှူး ညီညီမင်းထိုက် ဦးစီးကာ ရဲရင့် ကြယ်(၃၃၁)ရေယာဉ်ဖြင့် တား ဆီးခဲ့သော်လည်း ရပ်တန့်ခြင်းမရှိ ၍ တပ်မတော်စစ်ရေယာဉ်(၅၅၆) ဖြင့် လိုက်လံတားဆီးခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ အဆိုပါ ဆီတင်သင်္ဘောကို ဗိုလ်တထောင် မြို့နယ် ဗိုလ်အောင်ကျော် အမှတ်(၃) ဆိပ်ခံတံတားရှေ့ ရေပြင်တွင် ကျောက်ချရပ်နားထားပြီး သင်္ဘောကပ္ပတိန်နှင့် သင်္ဘောသားများကို ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများက စစ်ဆေးကာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဥပဒေဖြင့် အရေးယူမည်ဟု ထုတ် ပြန်ထားသည်။
Source : http://ift.tt/2tdzHhj
via IFTTT

No comments:

Post a Comment