Saturday, July 15, 2017

7Day News Journal

ကြံ့ခိုင်ရေးပါတီက အောက်ခြေအဆင့် ခေါင်းဆောင်များ အပြောင်းအလဲ ပြုလုပ်မည် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်သည့် အနေဖြင့် ပါတီအောက်ခြေ အဆင့်တွင် ပါတီဝင်များထဲမှ လူရိုသေရှင်ရိုသေ ရှိသူများကို ရွေးချယ်ကာ ပြင်ဆင် ဖွဲ့စည်းမည် ဖြစ်ကြောင်း ယင်း ပါတီမှ ပြောရေးဆိုခွင့် ရှိသူ ဦးလှသိန်းက ပြောသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီသည် ပါတီ တွင်း ပြင်ဆင်ဖွဲ့စည်းခြင်းများကို ၂၀၁၆ က ပါတီ အထွေထွေ ညီလာခံ ကျင်းပ ပြုလုပ်ခဲ့ပြီးနောက် ယခု အခါ ထပ်မံ ပြင်ဆင် ဖွဲ့စည်းခြင်း ဖြစ်သည်။ ‘‘အောက်ခြေကို အခြေခံတဲ့ အတွက် အောက်ခြေကို လူရိုသေ ရှင်ရိုသေဖြစ်တဲ့ ရပ်ရွာ၊ ရပ်ကွက် မြို့နယ်မှာ Image ကောင်းတဲ့ လူ တွေအားလုံးကို အသင်းမှာပါတဲ့ လူအားလုံးထဲကနေ ရွေးချယ် သွားမှာပါ’’ ဟု ဦးလှသိန်းက ပြောသည်။ ပါတီအောက်ခြေအဆင့် ပုဂ္ဂိုလ်များ ရွေးချယ်ရာတွင် အောက်ခြေပါတီဝင်များက ရွေး ချယ်ကာ ပါတီဗဟိုသို့ အမည်စာ ရင်း တင်ပြလာသူတို့ကို ဗဟိုက ပြန်လည်စိစစ်ကာ ခန့်အပ်မည် ဖြစ်ပြီး ဗဟိုက ချုပ်ကိုင်ပြီး ရွေး ချယ်မည်မဟုတ်ကြောင်း ၎င်းက ပြောသည်။ ‘‘အဲဒီက ရွေးပြီးတင်လာတဲ့ ဟာကိုမှ ဗဟိုက ပြန်ပြီးတော့ အ ကဲဖြတ်မှာပေါ့။ အကဲဖြတ်တဲ့အ ခါမှာတော့ အောက်ခြေကရထား တဲ့သတင်းနဲ့ ကျွန်တော်တို့ဆီက ရထားတဲ့သတင်း မှန်ကန်မှုရှိ၊မရှိ၊တိုက်ဆိုင်မှုရှိ၊ မရှိ အကောင်းဆုံး ကတော့ လူမှန်နေရာမှန်ဖြစ် အောင်တော့ ဆောင်ရွက်သွားမှာ ပေါ့’’ ဟု ဦးလှသိန်းက ပြောကြား သည်။ ယခုလ ၁၃ ရက်ကလည်း ကျောက်ဖြူခရိုင်အတွင်း ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင် များအစားထိုးခန့်အပ်ပွဲ ပြုလုပ်ခဲ့ ပြီး ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးရာထူးများကို အ စားထိုးခန့်အပ်ခဲ့သည်။
Source : http://ift.tt/2v2J4hd
via IFTTT

No comments:

Post a Comment