Tuesday, July 18, 2017

7Day News Journal

မြန်မာနိုင်ငံသားများအား ဗီဇာ ကင်းလွတ်ခွင့်ပေးရန် စီစဉ်နေဟု မလေးရှား ခရီးသွားဝန်ကြီး ပြော မလေးရှားနိုင်ငံသို့ လာ ရောက်လည်ပတ်မည့် မြန်မာ နိုင်ငံသားများအား ပြည်ဝင်ခွင့် ဗီဇာကင်းလွတ်ခွင့်ပေးရန် စီစဉ် နေကြောင်း မလေးရှားနိုင်ငံ ခရီး သွားလာရေးနှင့် ယဉ်ကျေးမှုဝန် ကြီး ဒါတိုဆရီမိုဟာမက်နာဇရီ အဗ္ဗဒူအဇစ်က ပြောသည်။ မလေးရှားနိုင်ငံ ခရီးသွား လုပ်ငန်း မြင့်တက်စေရန် ရည် ရွယ်ချက်ဖြင့် မြန်မာနိုင်ငံမှ လာ ရောက်လည်ပတ်မည့်သူများအား လာမည့်နှစ်တွင် ဗီဇာကင်းလွတ် ခွင့်ပေးရန် စီစဉ်နေကြောင်း အာ ဆီယံ ၁၀ နိုင်ငံမှ မီဒီယာများ၊ ဘလော့ဂါများနှင့် ဇူလိုင် ၁၁ ရက်၌ ကွာလာလမ်ပူမြို့ရှိ ခရီး သွားလာရေးစင်တာတွင် တွေ့ဆုံစဉ် ဝန်ကြီးက ပြောခြင်းဖြစ်သည်။ ‘‘မြန်မာနိုင်ငံသားတွေဟာ ဗီဇာကင်းလွတ်ခွင့်ကို တခြားအာ ဆီယံနိုင်ငံတွေလို ရသင့်တဲ့ အ ခွင့်အရေးရှိပါတယ်။ ကျွန်တော် တို့တွေဟာ ချစ်ကြည်ရင်းနှီးတဲ့ နိုင်ငံတွေဖြစ်ကြပါတယ်။ မြန်မာ နိုင်ငံသားတွေလာလည်လို့ရှိရင် ဗီဇာယူလာစရာမလိုအောင် စီ စဉ်နေပါတယ်။ ဖြေလျှော့ပေးပါ မယ်’’ဟု ဝန်ကြီးက ပြောသည်။ မြန်မာနိုင်ငံမှ သတင်း ထောက် သုံးဦးနှင့် ခရီးသွားဘ လော့ဂါတစ်ဦးသည် ဇူလိုင် ၁၀ရက်မှ ၁၅ ရက်အထိ မလေးရှားနိုင်ငံရှိ မြို့လေးမြို့နှင့် ခရီးသွားဒေသများ သို့ သွားရောက်ခဲ့သည်။ တရုတ်၊ နီပေါ၊ မြန်မာ၊ ဘူ တန်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် သီရိလင်္ကာနိုင်ငံ သားများကို မလေးရှားနိုင်ငံတွင် ခရီးတစ်ထောက်နားရန် နာရီ ၁၂၀ နေထိုင်ခွင့်ပြုထားကြောင်း ကွာလာလမ်ပူလေဆိပ်၌ တရားဝင် ကြေညာချက် ထုတ်ပြန်ထား သည်။ ‘‘ဟုတ်ပါတယ်။ နာရီ ၁၂၀ ဆိုတာ ငါးရက်ပေါ့။ ထရန်စစ် ပတ်စ်နဲ့ လည်လို့ရတယ်။ လေ ယာဉ်လက်မှတ်တစ်စောင်တော့ ပြရမယ်။ ဗီဇာသွားလျှောက်ရတာ နဲ့ ဗီဇာကြေးသွင်းရတဲ့ ကိစ္စတော့ လွတ်တာပေါ့’’ဟု ခရီးသွားဘ လော့ဂါ ဒေါ်မေဇွန်ဝင်းက ပြော သည်။ မြန်မာနိုင်ငံသားများ မလေးရှားနိုင်ငံသို့ သွားရာတွင် အလုပ် အကိုင်ဗီဇာနှင့် လူမှုရေးဗီဇာဟု ခွဲခြားထားပြီး သွားရောက်လည် ပတ်လိုသူများသည် ဗီဇာကြေး ၅၇ ဒေါ်လာ ပေးဆောင်ရပြီး တစ် ရက် စောင့်ဆိုင်းရသည်။
Source : http://ift.tt/2tbrHZX
via IFTTT

No comments:

Post a Comment