အောင်လံတွင် အောင်လံမြို့နှင့် ရွှေပန်းတောတိုက်နယ် ပြေးဆွဲနေသော ခရီးသည်တင်ယာဥ်တစ်စီး သစ်သားတံတားပေါ်မှ ပြုတ်ကျပြီး ခရီးသည်တချို့ ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။ ဇူလှိုင် ၁၉ ရက် ညနေ ၃ နာရီဝန်းကျင်ခန့်က အောင်လံမြို့နှင့် ရွှေပန်းတောတိုက်နယ် ပြေးဆွဲနေသော ခရီးသည်တင်ယာဥ် ကားတစ်စီး ရွှေပန်းတောကျေးရွာ မရောက်မီ ကြိုကြာကုန်းကျေးရွာအဝင် တံတားပေါ်မှ ဘရိတ်ပေါက်ပြီး အောက်သို့ ပြုတ်ကျသဖြင့် ခရီးသည်တချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “ကားကကြံတိုင်းအောင်ကားပါ။ ရွှေပန်းတောတိုက်နယ်နဲ့ အောင်လံမြို့ကို ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဥ်ပါ။ တံတားအကွေ့မှာ ဘရိတ်ပေါက်ပြီး တံတားပေါ်က ပြုတ်ကျတယ်လို့ ပြောပါတယ်။ ကားပေါ်မှာ ခရီးသည် ၂ဝ ပါပါတယ်။ အသေအပျောက် မရှိဘူး။ သုံးဦးတော့ ဒဏ်ရာရလို့ ရွှေပန်းတော တိုက်နယ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။ ဒဏ်ရာရတဲ့ လူတွေကလည်း မစိုးရိမ်ရပါဘူး” ဟု ရွှေပန်းတောကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။ “ကားကကြံတိုင်းအောင်ကားလို့ သိရပါတယ်။ တံတားပေါ်ကပြုတ်ကျလို့ သေဆုံးတဲ့လူမရှိဘူးလို့ သိရပါတယ်။ ဒဏ်ရတဲ့လူတချို့လည်း တိုက်နယ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်” ဟု အောင်လံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်က ပြောကြားသည်။ အဆိုပါ ကြိုကြာကုန်းကျေးရွာအဝင် တံတားသည် သစ်သားတံတားဖြစ်ပြီး ပြီးခ့ဲသည့်နှစ်က အဆိုပါတံတားအား ကျပ်သိန်း ၃ဝ ဝန်းကျင်ဖြင့် ပြုပြင်မှုများ ပြုလုပ်ခဲ့ပြီး လက်ရှိတွင်လည်း ကားပြုတ်ကျခဲ့သဖြင့် အဆိုပါ သစ်သားတံတား ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။ “ဖြစ်သွားတာ ၃ နာရီလောက်ကပါ။ ကားပေါ်မှာပါတဲ့လူတွေ အသေအပျောက် မရှိပါဘူး။ သုံးယောက် ထိခိုက်ဒဏ်ရာ ရရှိသွားပါတယ်။ ဆေးရုံမှာ ဆေးကုမှု ခံယူနေပါတယ်။ ကားကတံတားအကွေ့လေးမှာ ဘရိတ်ပေါက်ပြီး ကျသွားတယ်လို့ ပြောတာပဲ။ ကားကိုတော့ မဆယ်ရသေးပါဘူး” ဟု ဒေသခံ ကိုကေးကေးက ပြောကြားသည်။ Writer: သက်ပိုင်ဇော် (အောင်လံ)
Source : http://ift.tt/2vivlCQ
via IFTTT
No comments:
Post a Comment