ရခိုင်ဒေသ လူ့အဖွဲ့အစည်း နှစ်ခုကြား သင့်မြတ်လိုကြသော်လည်း အစွန်းရောက်များက ပြဿနာကို ဖော်ဆောင်နေဟု ရန်ဟီးလီသုံးသပ် ရခိုင်ပြည်နယ်တွင် လူ့ အဖွဲ့အစည်းနှစ်ခုအကြား သင့် မြတ်လိုကြသော်လည်း အစွန်း ရောက်များက ပြဿနာကို ဖော် ဆောင်နေသည်ဟု ကုလသမဂ္ဂ မြန်မာနိုင်ငံလူ့အခွင့်အရေး အ ခြေအနေဆိုင်ရာ အထူးအစီရင် ခံစာတင်သွင်းသူ မစ္စရန်ဟီးလီက ပြောကြားသည်။ရန်ဟီးလီသည် ၎င်း၏ ၁၂ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အပြီး ဇူလိုင် ၂၁ ရက်တွင် ရန်ကုန်မြို့၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ‘‘ဒီ Community နှစ်ခုအ ကြားမှာ သူတို့အချင်းချင်းပြန်သင့် မြတ်လိုတဲ့ ဆန္ဒကတော့ ရှိကြ တယ်လို့ သူ (ရန်ဟီးလီ)ပြောသွား တယ်။ အစွန်းရောက်တွေကသာ ဒီပြဿနာတွေကို ဖော်ဆောင် တယ်ဆိုတာကို နောက်ဆုံးမေး ခွန်းမှာ ပြောသွားတယ်’’ဟု ရန် ကုန်မြို့ ကုလသမဂ္ဂရုံးပြန်ကြား ရေး အရာရှိ ဦးအေးဝင်းက ရန်ဟီးလီ၏ပြောကြားမှုကို ဘာသာပြန် ပြောသည်။ မစ္စရန်ဟီးလီသည် သတင်း စာရှင်းလင်းပွဲမတိုင်မီ ဇူလိုင် ၂၁ ရက်နေ့လယ်တွင် နေပြည်တော်၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်နှင့် သွားရောက်တွေ့ဆုံ ခဲ့သည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအခြေအနေများ ကို ကာကွယ်တိုးမြှင့်ရေးကိစ္စများ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက် ရေး ဆောင်ရွက်နေသည့် အခြေအနေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန် သည်။ ရန်ဟီးလီ၏ ယခုခရီးစဉ်မ တိုင်မီ မတ်လတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ရခိုင် ဒေသအရေးနှင့်ပတ်သက်ပြီး အ ချက်အလက် ရှာဖွေဖော်ထုတ်ရေး မစ်ရှင်ကို ဖွဲ့စည်းစေလွှတ်ရန် ဆောင်ရွက်ရာ အဆိုပါ အခြေ အနေက မြန်မာအစိုးရအား အ ကျပ်အတည်း တွေ့စေခဲ့သည်။ အဆိုပါအဖွဲ့ စေလွှတ်ရန် ဆုံး ဖြတ်ခဲ့မှုကို ပြည်ခိုင်ဖြိုးပါတီအပါ အဝင် နိုင်ငံရေးပါတီများက ကန့် ကွက်ခဲ့ပြီး လုံခြုံရေးဆောင်ရွက် နေသော အဖွဲ့အစည်းများကို အ ထင်အမြင်လွဲမှားစေရန် ဖန်တီး ခြင်းဟု ထောက်ပြသည်။ ထို့ပြင် အစိုးရအနေဖြင့် ပြည့်စုံစွာအာမခံ မှုမရှိဟု ဝေဖန်ခဲ့သည်။ ကုလ လူ့အခွင့်အရေး ကောင်စီ၏ဆောင်ရွက်မှုကြောင့် မြန်မာနိုင်ငံသို့ လာရောက်ရာ၌ အစိုးရအပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ဝေဖန်ကန့် ကွက်မှုခံရမည်ကို စိုးရိမ်မှုရှိ၊ မရှိ မစ္စရန်ဟီးလီအား 7Day Daily ကမေးမြန်းရာ ယခုလာရောက်သည့် ခရီးစဉ်သည် အချက်အလက်ရှာ ဖွေဖော်ထုတ်ရေးမစ်ရှင်၏လုပ် ငန်းတာဝန်ဖြင့် လာရောက်ခြင်း မဟုတ်ဟု ဆိုသည်။ ‘‘အစိုးရအာဏာပိုင်တွေအ နေနဲ့ ဒီ Fact-Finding Mission တာဝန်နဲ့ ဆရာမကြီး (ရန်ဟီးလီ) ရဲ့ တာဝန်နဲ့ဟာ သူတို့အနေနဲ့ ရောထွေးခြင်းမရှိပါဘူး’’ဟု မစ္စရန်ဟီး လီ၏ပြောကြားမှုကို ဦးအေးဝင်း က ဘာသာပြန်ဆိုသည်။ သို့ရာတွင် အချက်အလက် ရှာဖွေဖော်ထုတ်ရေးမစ်ရှင်ကို ထောက်ခံပေးရန် မြန်မာနိုင်ငံအ မျိုးသားလူ့အခွင့်အရေးကော်မ ရှင်နှင့် ဇူလိုင် ၁၄ ရက်က တွေ့ဆုံ စဉ် မစ္စရန်ဟီးလီက တိုက်တွန်း ထားသည်။ ရခိုင်ပြည်နယ်တွင်း အခြေ အနေများနှင့်ပတ်သက်၍ ဒေါ် အောင်ဆန်းစုကြည်၏ သဘော ထားနှင့် အစိုးရ၏ လုပ်ဆောင် ချက်များ အပေါ်တွင် မှတ်ချက် ပေးရန် မေးမြန်းရာ ရန်ဟီးလီက တစ်စုံတစ်ရာ မှတ်ချက်ပြုပြော ကြားခြင်းမရှိပေ။ ရန်ဟီးလီ၏ ယခုခရီးစဉ် တွင် ရခိုင်၊ ကရင်နှင့် ရှမ်းပြည်နယ်တို့သို့ သွားရောက်ခဲ့ပြီး လူ့အခွင့် အရေးဆိုင်ရာ အခြေအနေများ လေ့လာခဲ့သည်။ ရှမ်းပြည်နယ်သို့ရောက်စဉ် မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေဖြင့် ဖမ်းဆီးထိန်းသိမ်း ခံထားရသည့် သတင်းထောက် များအား တွေ့ဆုံခွင့်မရှိခဲ့ကြောင်း ရန်ဟီးလီက ပြောသည်။ သတင်းထောက်သုံးဦးဖမ်း ဆီးခံရမှုနှင့်ပတ်သက်၍ မြန်မာ နိုင်ငံ၏ သတင်းလွတ်လပ်ခွင့်အ ပေါ် စိုးရိမ်မိကြောင်း ရန်ဟီးလီက ဆိုသည်။ ရန်ဟီးလီအနေဖြင့် ယခုခရီး စဉ်မှ ရရှိသည့်တွေ့ရှိချက်များကို အောက်တိုဘာတွင် ပြုလုပ်မည့် ကုလသမဂ္ဂ အထွေထွေညီလာခံ တွင် အစီရင်ခံစာတစ်ရပ် တင် သွင်းမည်ဖြစ်သည်။ ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာ အထူးကိုယ်စားလှယ် ရန်ဟီးလီသည် မြန်မာနိုင်ငံသို့ ငါးကြိမ် လာရောက်ဖူးပြီး ယခုခရီး စဉ်သည် ခြောက်ကြိမ်မြောက်ဖြစ် သည်။ ထို့အပြင် ၁၂ ရက်ကြာခရီး စဉ်အတွင်း ရန်ဟီးလီသည် တပ် မတော် ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထဲရေး၊ ကာကွယ်ရေး၊ သာ သနာရေးနှင့် ယဉ်ကျေးမှု၊ ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေး စသည့် ဝန်ကြီးဌာနများမှ ပြည် ထောင်စုဝန်ကြီးများနှင့် တွေ့ခွင့်ရရေး အဆိုပြုသော်လည်း တွေ့ဆုံခွင့်မရခဲ့ဟု ခရီးစဉ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နှင့်အလားတူ ပုဒ်မများ အသုံးချမှုနှင့်ပတ်သက်၍ ဥပဒေ အသုံးချမှုဆိုင်ရာ အခြေအနေများအပေါ် သူ့အနေဖြင့် စိုးရိမ်မှုရှိ ကြောင်းနှင့် အဆိုပါကိစ္စရပ်များ နှင့်သက်ဆိုင်သည့် အသေးစိတ် အချက်အလက်များကို အောက် တိုဘာတွင် ပြုလုပ်မည့် UN အထွေထွေညီလာခံ၌ ချပြမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။
Source : http://ift.tt/2vKw7rO
via IFTTT
No comments:
Post a Comment