Saturday, July 22, 2017

The Voice

လက်ပ်တော့နှင့် တက်ဘလက်များ လေယာဉ်ခရီးစဉ်တွင် သယ်ဆောင်ခွင့် အမေရိက ပိတ်ပင် ဝါရှင်တန်၊ ဇူလိုင် ၂၀ အမေရိကန်ပြည်ထောင်စု DHS (Department of Homeland Security)အဖွဲ့၏ ထုတ်ပြန်ချက်အရ ပြည်တွင်းသို့ ဝင်မည့် လေယာဉ်များတွင် လက်ပ်တော့နှင့် တက်ဘလက်များကို ယူဆောင်လာခွင့် ပြုတော့မည် မဟုတ်ကြောင်း မက္ကဆီကို အာဏာပိုင်များ၏ ပြောဆိုချက်ကို Los Angeles Times သတင်းတွင် ဖော်ပြထားသည်။ မက္ကဆီကို ပို့ဆောင်ရေး ဝန်ကြီးဌာနက လက်ကိုင်ဆဲလ်ဖုန်းများထက် ပိုကြီးသည့် မည်သည့်အီလက်ထရွန်နစ် ပစ္စည်းကိုမှ လေယာဉ်ပေါ်သို့ သယ်ဆောင်ခွင့် မပြုကြောင်း ထုတ်ဖော်ပြောကြားသည်ဟု ယင်းသတင်းက ဆိုသည်။ လေဆိပ်တွင် ခရီးဆောင်အိတ်များအတွင်း ထည့်ယူလာသည့် မည်သည့် အီလက်ထရွန်နစ် ပစ္စည်းကိုမဆို သီးခြားစစ်ဆေးခြင်း ခံယူရမည် ဖြစ်ကြောင်း ညွှန်ကြားထားသည်။ ယခုနှစ် မတ်လကတည်းက အမေရိကန် အာဏာပိုင်များသည် အရှေ့အလယ်ပိုင်း လေဆိပ် ၁၀ ခုမှ ထွက်ခွာလာသည့် လေယာဉ်များပေါ်တွင် အီလက်ထရွန်နစ် ပစ္စည်းများ ယူဆောင်လာခြင်းကို ခွင့်မပြုဘဲ ပြည်တွင်းသယ်ဆောင်ခွင့်များကို ပိတ်ပင်ထားခဲ့သည်။ ဇူလိုင်လ အစောပိုင်းကစပြီး ဂျော်ဒန်၊ ကူဝိတ်၊ UAE နှင့် တူရကီနိုင်ငံများမှ လာသော ခရီးသည်များ ယူဆောင်လာသည့် အီလက်ထရွန်နစ် ပစ္စည်းများကို တင်းကျပ်စွာ စစ်ဆေးလျက်ရှိပြီး စိတ်ကျေနပ်မှု ရှိမှသာ လေဆိပ်က ထွက်ခွာခွင့် ပေးခဲ့သည်။ ဇွန်လ ၂၈ ရက်နေ့က စတင်ပြီး DHS အဖွဲ့သည် လုံခြုံရေးအရ အမေရိကန်ပြည်ထောင်စုအတွင်း ဝင်မည့် မည်သည့်လေယာဉ်တွင်မဆို ဖုန်းကလွဲပြီး အီလက်ထရွန်နစ် ပစ္စည်းများကို သယ်ဆောင်ခွင့် မပေးနိုင်ကြောင်း အမိန့်ထုတ်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုရှိ လေဆိပ်များသည် နိုင်ငံပေါင်း ၁၀၅ နိုင်ငံ၊ လေဆိပ်ပေါင်း ၂၀၈ ခုနှင့်၊ လေကြောင်းလိုင်း ၁၀၈ နှင့် ဆက်သွယ်ထားပြီး နေ့စဉ် လေယာဉ်တက်ဆင်းမှုပေါင်း ပျမ်းမျှလေယာဉ် ၂၁၀၀ စင်းခန့် ရှိနေကာ မည်သည့်လေဆိပ်တွင် စတင်ပြီး ထုတ်ပြန်သည့်အမိန့်သည် သက်ရောက်မှု ရှိကြောင်း တိကျစွာ ဖော်ပြထားခြင်း မရှိဟု Los Angeles Times တွင် ရေးသားထားသည်။
Source : https://goo.gl/aQmYuA
via IFTTT

No comments:

Post a Comment