Monday, July 17, 2017

7Day News Journal

အကြမ်းဖက်မှု တိုက်ဖျက်ရေး ကဏ္ဍတွင် ဩစတြေးလျ စစ်တပ် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခွင့် ရလာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကဏ္ဍနှင့် ပတ်သက်၍ ဩစတြေးလျ စစ်တပ်အနေဖြင့် ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ကိုင်တွယ်ခွင် ရှိလာမည်ဟု သိရသည်။ အမျိုးသား လုံခြုံရေး ဥပဒေတွင် ပြည်တွင်း အကြမ်းဖက်မှု ဆန့်ကျင်တိုက်ဖျက်ရေးနှင့် ပတ်သက်သော အချက်အလက်အချို့ ပြင်ဆင် ထည့်သွင်းရန် အစိုးရက လွှတ်တော်သို့ အဆိုတင်ခဲ့ခြင်း ဖြစ်သည်။ ဥပဒေ အပြောင်းအလဲ အသစ်အရ ပြည်တွင်း အကြမ်းဖက်မှုနှင့် ပတ်သက်၍ ရဲများက ကိုင်တွယ်ဖြေရှင်းနေစဉ် အတောအတွင်း စစ်တပ်၏ အကူအညီကို လျင်မြန်စွာ တောင်းခံ ရယူခွင့် ရှိလာမည် ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် ဆစ်ဒနီရှိ ကဖေးတစ်ခု၌ အကြမ်းဖက်သမားများက စီးနင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ထိုစဉ်က တုံ့ပြန်ဆောင်ရွက်မှုများတွင် နိုင်ငံရေးနှင့် ဥပဒေကြောင်းအရ နှောင့်နှေးမှုများ ရှိခဲ့သည့်အပေါ် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။ ယခု သတ်မှတ်ချက် အသစ်အရ ရဲတပ်ဖွဲ့သည် ၎င်းတို့ တာဝန်ယူ ကိုင်တွယ်နိုင်သည့် လုပ်ငန်းစဉ် သတ်မှတ်ချက် ကျော်လွန်သွားပြီဟု ဆုံးဖြတ်ပြီးသည်နှင့် စစ်တပ်၏ အကူအညီကို မြန်မြန်ဆန်ဆန် ခေါ်ယူ အသုံးပြုနိုင်မည် ဖြစ်သည်။ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်တွင် ဝန်ကြီးချုပ် မယ်လ်ကွမ်တန်းဘူးလ်က ၎င်းသည် အကြမ်းဖက်မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့နှင့် စစ်တပ်တို့ ပူးပေါင်းစစ်ဆင်ရေး ပြုလုပ်မှု တိုးမြှင့်နိုင်ရန် ကြိုးနီစနစ် အများအပြားကို ကျော်လွှားခဲ့ရကြောင်း ပြောကြားခဲ့သည်။ ဩစတြေးလျတွင် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း အကြမ်းဖက် ဝါဒနှင့် ဆက်စပ်သည့် တိုက်ခိုက်မှုအချို့ ဖြစ်ပွားခဲ့သည့်နောက် ပြည်တွင်း လုံခြုံရေး ဥပဒေများကို ပြန်လည် ဆန်းစစ်ရန် စေ့ဆော်မှုများ ပေါ်ပေါက်လာသည်။ အနီးစပ်ဆုံး ဖြစ်ရပ်မှာ ပြီးခဲ့သည့်လက မဲလ်ဘုန်းမြို့၌ အကြမ်းဖက်သမား တစ်ဦးက ဓားစာခံ တစ်ဦးကို ဖမ်းဆီးထားသည့်အတွက် ရဲတပ်ဖွဲ့ဝင်များက ရှင်းလင်း သုတ်သင်ခဲ့ရသည်။
Source : http://ift.tt/2vttElj
via IFTTT

No comments:

Post a Comment