Thursday, July 20, 2017

7Day News Journal

လူကုန်ကူးပြီး နှစ်လကျော် ပိတ်လှောင်ခံထားရသည့် မြန်မာနိုင်ငံသား တစ်ရာကျော်ကို ထိုင်းရဲတပ်ဖွဲ့ကယ်တင် ထိုင်းနိုင်ငံ မဟာချိုင်မြို့ တွင် လူကုန်ကူးခံရပြီး နှစ်လကျော်ကြာ အခန်းပိတ် လှောင်ခံထားရသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ထိုင်းရဲတပ်ဖွဲ့က ကယ်တင်ခဲ့ကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံသား ၁၁၉ ဦးကို ထိုင်းနိုင်ငံသားနှင့် မြန်မာနိုင်ငံ သားပွဲစားများက လိမ်လည်ခေါ် ဆောင်လာပြီး မဟာချိုင်မြို့ ဝပ် ကေသွယ်ဘုန်းကြီး ကျောင်းအနီး ရှိ အခန်းများတွင်ပိတ်လှောင် ထားကြောင်း မြန်မာနိုင်ငံသား များကို ကယ်တင်ရာ၌ပါဝင်သည့် AAC မဟာမိတ်အဖွဲ့မှကိုရဲမင်းက ပြောသည်။ အခန်းပိတ်လှောင်ခံထားရ သည့် မြန်မာနိုင်ငံသား ၁၁၉ ဦးအ နက်မှ ငါးဦးသည် ဇူလိုင် ၁၈ ရက် တွင် ထွက်ပြေးလာပြီး AAC မဟာ မိတ်အဖွဲ့ထံ လာရောက်အကူအ ညီတောင်းခံသဖြင့် ထိုင်းအထူး စုံစမ်းစစ်ဆေးရေးရဲဌာန(DSI)နှင့် ပူးပေါင်း၍ ယင်းနေ့ညနေတွင် ကယ်ခဲ့ကြောင်း ကိုရဲမင်းကပြော သည်။ ‘‘တစ်ဦးကို လေးသိန်းကနေ ရှစ်သိန်းတောင်းလာတာ။ ဒီ ရောက်တော့ တစ်ယောက်ကို ဘတ်ငွေ ၉,၀၀၀ လောက်ထပ်ပြီး တောင်းတယ်ပြောတယ်။ အခုနှစ် လကျော်ပြီ အလုပ်မရသေးဘူး။ သူတို့ကို အခန်းတွေထဲမှာ ပိတ် လှောင်ထားတာ’’ ဟု ကိုရဲမင်းက ပြောသည်။ မြန်မာနိုင်ငံသားများကို အ ခန်းပိတ်လှောင်ထားသည့် ပွဲစား များအနက်မှ မြန်မာနိုင်ငံသားပွဲ စားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ACC မဟာ မိတ်အဖွဲ့မှ ကိုခိုင်ကြီးကပြောသည်။ ‘‘ဒီအလုပ်သမားတွေကို ထိုင်းရဲတွေက မဖမ်းဘူး။ ပတ်စပို့ စာအုပ်တွေပြန်ရဖို့နဲ့ အလုပ်တွေ ကူညီပေးသွားမယ်လို့ ပြောထား တယ်။ အခုထိုင်းအာဏာပိုင်တွေ အဖွဲ့စုံက စစ်ဆေးနေတယ်။ သူတို့ ကို မဖမ်းဘဲ အလုပ်တွေရအောင်၊စာအုပ်တွေရအောင် ကူညီပေး မယ်ပြောထားတယ်။ ပွဲစားတွေ ကိုတော့ လူမှောင်ခိုကူးမှုနဲ့ဖမ်း မယ်’’ဟု ကိုခိုင်ကြီးကပြောသည်။
Source : http://www.7daydaily.com/story/102217
via IFTTT

No comments:

Post a Comment