Max Energy နှင့် Shell ကုမ္ပဏီ ပူးပေါင်းပြီး သုံးနှစ်အတွင်း စက်သုံးဆီဆိုင်၂၀၀ ကျော် ဖွင့်မည် ပြည်တွင်းရှိ Max Energy နှင့်ရေနံကုမ္ပဏီကြီးတစ် ခုဖြစ်သည့် Shell တို့ပူးပေါင်း၍ သုံးနှစ်အတွင်း တစ်နိုင်ငံလုံး၌ Shell အမှတ်တံဆိပ် စက်သုံးဆီ အရောင်းဆိုင် အနည်းဆုံး ၂၀၀ ကျော်ထပ်မံဖွင့်လှစ်မည်ဖြစ်သည်။ Max ပိုင်ဆိုင်သည့် စက်သုံး ဆီဆိုင်များကို Shell အမှတ်တံ ဆိပ်ဖြင့် ဖွင့်လှစ်မည်ဖြစ်ပြီးလောင်စာဆီ လိုအပ်သမျှကို Shell က ထောက်ပံ့ပေးမည်ဟု Shell နှင့် Max Energy တို့က ဇူ လိုင် ၆ ရက်တွင်ထုတ်ပြန်သော ပူးတွဲကြေညာချက်၌ ဖော်ပြထား သည်။ Max Myanmar Holding Co.Ltd ဥက္ကဋ္ဌ ဦးဇော်ဇော်က Shell နှင့်ပူးပေါင်းခြင်းကြောင့် လောင်စာဆီအရည်အသွေးစံနှုန်း မြှင့်တင်ပေးမည်ဖြစ်ပြီး သုံးစွဲသူ များအတွက် ပြိုင်ဘက်ကင်းဝန် ဆောင်မှုကို ဆောင်ရွက်ပေးမည် ဟု ဆိုထားသည်။လက်ရှိဖွင့်လှစ်ထားသည့် Max ဆီဆိုင် ၃၆ ဆိုင် အပါအဝင်နောက်ထပ်ဖွင့်မည့်ဆိုင်များအားလုံးတွင် Shell အမှတ်တံဆိပ်ကိုအသုံးပြုမည်ဖြစ်သည်။ ယခုပူးပေါင်းမှုတွင် ဝန် ဆောင်မှု အားလုံးကို Max Energy ကဆောင်ရွက်မည်ဖြစ်ပြီး Shell ၏ကုန်ပစ္စည်းအမှတ်တံဆိပ် ကို ဝယ်ယူခြင်းသာဖြစ်ကြောင်း Max Myanmar Holding ကုမ္ပဏီ ဒါရိုက်တာ ဦးအောင် မျိုးစောက ပြောသည်။ ဝန်ဆောင် မှုနှင့် အရည်အသွေးကို အဓိကဦး စားပေးမည်ဖြစ်ပြီး ဆိုင်ခွဲများကို အများပြည်သူအသွားအလာများ သည့် နေရာများဖြစ်သည့် အဝေး ပြေးလမ်းမများ၌ ဦးစားပေး ဖွင့်လှစ်မည်ဟု ဆိုသည်။ Shell Myanmar ၏ မြန်မာ နိုင်ငံဆိုင်ရာ ဥက္ကဋ္ဌ Yasuko Yoshida က‘‘ယာဉ်မောင်းတွေ၊ တခြား Customer တွေရဲ့လိုအပ် ချက်နဲ့ကိုက်ညီအောင် ဒီဇိုင်းဆွဲ ထားတဲ့ အဆင်ပြေပြေသုံးစွဲနိုင်တဲ့ ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုအ မျိုးမျိုးကို မြန်မာပြည်သူပြည်သား တွေအတွက် ပံ့ပိုးပေးမှာပါ’’ ဟု ပြောသည်။ Shell သည် ကုန်အမှတ်တံ ဆိပ်တစ်မျိုးတည်းဖြင့် ကမ္ဘာတစ် ဝန်းနိုင်ငံ ၈၀ ခန့်တွင် အရောင်း ဆိုင် ၄၃,၀၀၀ ဖြင့် လက်လီရောင်း ချပေးနေသည်။ လက်ရှိ Global Shell သည် နယ်သာလန်နိုင်ငံ တွင် အခြေစိုက်ရုံးချုပ်ဖွင့်လှစ် ထားပြီး ကမ္ဘာ့နံပါတ် (၆)အကြီးဆုံးရေနံကုမ္ပဏီ ဖြစ်သည်။
Source : http://ift.tt/2sz7AEP
via IFTTT
No comments:
Post a Comment