ဗဟိုဘဏ်ဒုဥက္ကဋ္ဌ နှစ်ဦးကို အသစ်ခန့်အပ်မည် ဇူလိုင်ကုန်တွင် ဗဟို ဘဏ်ဒုဥက္ကဋ္ဌသုံးဦးအနက် နှစ်ဦး ကို အသစ်ခန့်အပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ လက်ရှိ ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌသုံးဦးအနက် ဒုဥက္ကဋ္ဌဦးစိုးမင်းကို ဒီချုပ်အစိုးရက ဆက်လက် ခန့်အပ်မည်ဖြစ်ပြီး ကျန်နှစ်ဦး ဖြစ်သည့် ဦးဘိုဘိုငယ်နှင့် ဦးစိုးသိန်း တို့ကို အစားထိုး ခန့်အပ်မည်ဖြစ် ကြောင်း NLD ပါတီ၊ ဘဏ်လုပ်ငန်းရှင်များနှင့် ဗဟိုဘဏ်တာဝန် ရှိသူများထံမှ သိရသည်။ ၂၀၁၃ ဗဟိုဘဏ်ဥပဒေအရ ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့ကို အဖွဲ့ဝင်ကိုးဦးဖြင့် နိုင်ငံတော်သမ္မတ က ဖွဲ့စည်းသည်။ ၎င်းတို့ထဲတွင် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ သုံးဦးနှင့် အဖွဲ့ဝင်အဖြစ် ပြင်ပမှပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ငါးဦးတို့ဖြင့် ဖွဲ့စည်းရမည်ဖြစ်သည်။ ဥပဒေအရ ဗဟိုဘဏ်ဥက္ကဋ္ဌ သည် သက်တမ်းငါးနှစ်ဖြစ်ပြီး ကျန်ဒုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ရှစ်ဦး ၏ သက်တမ်းသည် လေးနှစ်ဖြစ် သည်။ သမ္မတ ဦးသိန်းစိန်သည် ၂၀၁၃ ဇူလိုင်တွင် ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ကို စတင် ဖွဲ့စည်းခဲ့ သဖြင့် ၂၀၁၇ ဇူလိုင်ကုန်၌ ဒုဥက္ကဋ္ဌ များသည် သက်တမ်းပြည့်မည် ဖြစ်သည်။ ဗဟိုဘဏ်ဥက္ကဋ္ဌသည် သက်တမ်း တစ်နှစ်ကျန်ရှိမည် ဖြစ်သည်။ ဦးဘိုဘိုငယ်သည် ကမ္ဘောဇဘဏ် သုတေသနဌာန၌ လုပ်ကိုင်ခဲ့ပြီး လက်ရှိတွင် ဗဟိုဘဏ်၌ ညွှန်ကြားရေးမှူးနှင့် ဒီချုပ်စီးပွားရေး ကော်မတီအဖွဲ့ဝင်အဖြစ် လုပ်ကိုင်နေသည်။ ယခင်နိုင်ငံတော် သမ္မတ၏ နိုင်ငံတော် စီးပွားရေး ပေါင်းစပ်ညှိနှိုင်းကော်မတီ (NECC)တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ ဦးစိုးသိန်းသည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်အထိ တာဝန်ထမ်းဆောင်ပြီး သက်ပြည့် အငြိမ်းစားယူခဲ့သည်။ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများအဖြစ် ဦးဆက်အောင်၊ ဦးစိုးမင်းနှင့် ဒေါ်ခင်စောဦးတို့ကို ခန့် အပ်ခဲ့သည်။ ထို့ကြောင့် ၎င်းတို့ အနက် ဦးစိုးမင်းကို ထပ်မံခန့် ထားရန် စီစဉ်ခြင်းဖြစ်ကြောင်း ဘဏ်လုပ်ငန်း လုပ်ကိုင်သူအချို့ က ပြောသည်။ အဆိုပါ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ စာရင်းကို အစိုးရက စီစဉ်ခြင်းဖြစ်ပြီး ဗဟိုဘဏ်ဘက်က သီးသန့် တင်ပြခြင်း မဟုတ်ကြောင်း အထက်ပါပုဂ္ဂိုလ်များက ဆိုသည်။ ဗဟိုဘဏ်အပြောင်းအလဲ နှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ဘဏ်နှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်က ‘‘ဇူလိုင် လကုန်ရင် သက်တမ်းပြည့်သွားတာ သိပါတယ်’’ဟု ပြောသည်။ သို့သော် ဗဟိုဘဏ်အပြောင်းအလဲအတွက် အစိုးရက စာရင်းတင် ပြလာခြင်း မရှိသေးဟု ဆိုသည်။ ဗဟိုဘဏ်ဥပဒေအရ ဗဟို ဘဏ်ဒါရိုက်တာအဖွဲ့ဝင်များကို ဗဟိုဘဏ်လုပ်ငန်း၊ စီးပွားရေး ပညာရှင်၊ ငွေကြေးနှင့် ဘဏ်လုပ်ငန်း၊ ဥပဒေပညာရပ်၊ စာရင်းကိုင် နှင့် စာရင်းစစ် လုပ်ငန်းတစ်ခုခု တွင် အတွေ့အကြုံနှင့် ဗဟုသုတ ကြွယ်ဝသူများ ဖြစ်ရမည်ဟု ပြဋ္ဌာန်းထားသည်
Source : http://ift.tt/2sTgKQL
via IFTTT
No comments:
Post a Comment