Sunday, July 9, 2017

7Day News Journal

အမေရိကန် ရင်းနှီးမြှုပ်နှံမှုများ လျင်မြန်စွာ လာရောက်ရန် ဘဏ္ဍာရေးစနစ် အားကောင်းရန်လိုဟု ကန်သံအမတ်ပြောကြား အမေရိကန်ရင်းနှီးမြှုပ်နှံ မှုများ မြန်မာနိုင်ငံသို့ လျင်မြန်စွာ ဝင်ရောက်လာစေရေး ပွင့်လင်း မြန်ဆန်သည့် ငွေပေးချေမှုစနစ် နှင့် ငွေလွှဲစနစ်များ လျင်မြန်အား ကောင်းလာစေရန် အလွန်အရေး ကြီးကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့ မာစီရယ်က ကုန်သည်စက်မှုအ သင်းချုပ်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း အသင်းချုပ်ဒုဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေ သည့် အမေရိကန်ကုမ္ပဏီကြီး များစွာရှိနေပြီး မြန်မာ့ထွက်ကုန် များ(အထူးသဖြင့် အကောင်အ ထည်များ) ကို အများအပြားဝယ် ယူရန် ပြင်ဆင်နေသည့် အမေရိကန် ကုမ္ပဏီကြီးများလည်း ရှိ ကြောင်း ကန်သံအမတ်က ပြောကြားခဲ့သည်ဟု ဆိုသည်။ ‘‘ဒီလထဲမှာလည်း အမေရိ ကန်အာမခံကုမ္ပဏီတွေနဲ့ စီးပွား ရေးလုပ်ငန်းကြီးတချို့ မြန်မာကို လာဖို့လည်းရှိနေတယ်’’ဟု ဒေါက်တာ မောင်မောင်လေးက ပြော ကြားသည်။ အမေရိကန်−မြန်မာနှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ မြန်မာ့ဘဏ်လုပ်ငန်း ကဏ္ဍပြုပြင်ပြောင်းလဲရေးနှင့် အာ မခံလုပ်ငန်းကဏ္ဍ မူဝါဒဆိုင်ရာ ဖြေလျှော့ရေးတို့နှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာစကော့မာစီ ရယ်နှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများ ဇူလိုင် ၆ ရက်တွင် တွေ့ဆုံခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် ငွေ ကြေးခဝါချမှုနှင့် အကြမ်းဖက်လုပ် ငန်းငွေကြေးထောက်ပံ့မှုတို့ကို ထိရောက်စွာ တားဆီးနိုင်ရန်တရားမဝင်ငွေလွှဲလုပ်ငန်းများကို ဥပဒေ ဖြင့် ကြပ်မတ်နိုင်ရေး ဆွေးနွေးခဲ့ သည်။
Source : http://ift.tt/2t0O9Ep
via IFTTT

No comments:

Post a Comment