ပဲပြားစက်ရုံတွေ ဖော်မလင် အသုံးမပြုဖို့ ခံဝန်လက်မှတ်ထိုးခိုင်းမည် မန္တလေး၊ ဇူလိုင် ၅ - မန္တလေးမြို့ရှိ ပဲပြားစက်ရုံတွေကို ဖော်မလင်အသုံးမပြုဖို့ ခံဝန်ကတိလက်မှတ်ထိုးခိုင်းမှာဖြစ်တယ်လို့ အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (မန္တလေး) က သိရပါ တယ်။ မန္တလေးမြို့ရှိဈေးတွေမှာ ပဲပြားတွေကို စစ်ဆေးရာ ဖော်မလင် အသုံးပြုထားတဲ့ပဲပြားတွေကို စစ်ဆေးတွေ့ရှိပြီးနောက်ပိုင်း ပဲပြား စက်ရုံနှစ်ရုံကို ထုတ်လုပ်ခွင့်ပိတ်သိမ်းခဲ့ပါတယ်။ မန္တလေးမြို့မှာ ပဲ ပြားစက်ရုံ ငါးရုံရှိပြီး သည်စက်ရုံတွေကို ဖော်မလင်အသုံးမပြုဖို့ ခံဝန်ကတိလက်မှတ်ထိုးခိုင်းမှာဖြစ်ပါတယ်။ “ခံဝန်လက်မှတ်ထိုးခိုင်းမယ်၊ နောက်ထပ်မထည့်ဖို့၊ ဖော်မလင်အစား ဘာတွေထည့်ရမယ်ဆိုတာကို ပြောမယ်၊ ပြီးရင် သူတို့ကို ကော်မတီနဲ့ ထပ်စစ်မယ်၊ စစ်ဆေးလို့ ကျေနပ်တယ်ဆိုရင် ပြန်လက်ခံမယ်”လို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (မန္တ လေး)၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ကျော်က ပြောပါတယ်။ ဖော်မလင်ဆိုတာက အရောင်အဆင်းမရှိဘဲ အနံ့ပြင်းတဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ဖော်မယ်ဒီဟိုက်၊ မက်သနော၊ ရေ စုပေါင်းထားတဲ့အရောအနှောတစ်ခု ဖြစ်ပါတယ်။ ဖော်မလင်ကို ပိုးသတ်တာ၊ ကြမ်းခင်း၊ အဝတ်အစား၊ သင်္ဘော၊ သိုလှောင်ရုံတွေ သန့်ရှင်းတာ၊ အင်းဆက်၊ ယင် ကောင်တွေကို နှိမ်နင်းတာ၊ ပိုး ချည်၊ ဆိုးဆေး၊ မှန်နဲ့ ပေါက်ကွဲပစ္စည်းပြုလုပ်တာ၊ ဓာတ်မြေဩဇာနဲ့ ရေမွှေးပြုလုပ်တာ၊ အထပ်သားကပ်တဲ့ နေရာတွေမှာ အသုံးပြုတယ်လို့ သိရပါတယ်။ Author / အိမို့မို့ခိုင်
Source : http://bit.ly/2tPNn1u
via IFTTT
No comments:
Post a Comment