Tuesday, July 18, 2017

အရှင်ရေဝတ

မန်း...မ.ဘ.သမှ ပြည်ထဲ​ရေးဌာန သို့ စာတင် ~~~~~~~~~~~~~~~~~~ သို့ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန နေပြည်တော် ရုံးအမှတ်(၄၅) အကြောင်းအရာ။ ။အမျိုးဘာသာသနာစောင့်ရှောက်ရေးအဖွဲ့(မ.ဘ.သ)သည် မည်သည့် တရားဥပဒေနှင့်မျှ ဆန့်ကျင် ငြိစွန်းခြင်း မရှိ တရားဝင်ဆက်လက် ရပ်တည်ခွင့်ရှိသည့် အဖွဲ့အစည်း ဖြစ်ကြောင်းတင်ပြခြင်း။ ၁။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့မှ ၁၃၅၂ခုနှစ် တန်ဆောင်မုန်းလဆန်း၁၄ရက်(၁၉၉၀ပြည့်နှစ်၊အောက်တိုဘာလ ၃၁ရက်)တွင် ပြဌာန်းထားသော သံဃာအဖွဲ့အစည်းဆိုင်ရာဥပဒေ(ဥပဒေအမှတ်-၂၀/၉၀)အရ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ထုတ်ပြန်ခဲ့သည့် ညွှန်ကြားလွှာအမှတ်(၈၁)၊အခန်း(၂) ၊အပိုဒ်(၄)တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းရှိ ထေရဝါဒသံဃာ့ဂိုဏ်းအသီးသီးမှ သံဃာ ဟူသမျှသည် ပြည်ထောင်စု မြန်မာနိုင်ငံတော် သံဃာအဖွဲ့အစည်းတွင် အဖွဲ့ဝင်များ ဖြစ်သည် ဟု အတိအလင်း ပြဌာန်းထားပါသည်။ သို့အတွက်ကြောင့် (က) အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့တွင် ပါဝင်တော်မူကြသော သံဃာတော်များသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံဃာ့အဖွဲ့အစည်းမှ သီးခြားခွဲထွက်ခြင်းမပြုဘဲ သံဃနာယကအဖွဲ့ အဆင့်ဆင့်၏ ဩဝါဒမှ ကင်းပြတ်၍မနေခြင်း၊ဝါဆိုသံဃာစာရင်းမှ အပပြု၍ သီးခြားနေခြင်းတို့ကို မပြုပါဘဲ သံဃနာယကအဆင့်ဆင့် လက်အောက်၌ တည်ရှိနေ၍ ဝါဆိုသံဃာစာရင်းတွင် မိမိတို့သက်ဆိုင်သည့် ဂိုဏ်းအမည်ရေးသွင်း၍ သံဃသာမဂ္ဂီအဖြစ်ဖြင့် နေခြင်း။ (ခ) အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ဟုသာ သုံးစွဲ၍ ဂိုဏ်းဟုလည်းကောင်း၊သံဃာအဖွဲ့အစည်းဟုလည်းကောင်း၊ရဟန်းအဖွဲ့ ဟုလည်းကောင်း၊ သံဃာနှင့်သက်ဆိုင်သောအသုံးအနှုန်းများ သုံးစွဲခြင်းမပြုဘဲ ဖွဲ့စည်းထားသော အသင်းအဖွဲ့ဖြစ်ခြင်း။ (ဂ) မြန်မာနိုင်ငံရှိ တိုင်းရင်းသား(၁၃၅)မျိုးတို့နှင့် ဘာသာ သာသနာရေးအကျိုးစီးပွားများကို ထမ်းပိုးလုပ်ဆောင်ရန်အတွက် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့သည် သံဃာများသာ မဟုတ်ပါဘဲ လူပုဂ္ဂိုလ်များဖြင့်ပါ စုပေါင်းဖွဲ့စည်းထားသော အသင်းအဖွဲ့ဖြစ်ခြင်း။ (ဃ) နိုင်ငံတော်အဆင့် ဂိုဏ်းပေါင်းစု အစည်းအဝေးပွဲကြီး၌ တက်ရောက်ရန် ပင့်ဖိတ်ရာ၌ သီးခြားဂိုဏ်းအဖြစ် ပင့်ဖိတ်ခြင်းမဟုတ်ပါဘဲ အသင်းအဖွဲ့ အဖြစ်သာ ပင့်ဖိတ်ခြင်း၊အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့မှလည်း သီးခြားဂိုဏ်းအဖြစ် တက်ရောက်ခြင်း မဟုတ်ပါဘဲ တက်ရောက်သော သံဃာတို့သည် မိမိတို့ သက်ဆိုင်ရာ ဂိုဏ်းတို့၏ လက်အောက်၌သာနေ၍ တက်ရောက်တော်မူခဲ့ကြခြင်း။ (င) နိုင်ငံတော်သံဃမဟာနာယကဥက္ကဌ ဆရာတော်ဘုရားကြီး အမှူးပြုသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဩဝါဒချီးမြှင့်ခြင်း၊နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ဩဝါဒကို နာခံရာ၌ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့မှ သံဃာတော်များသာ မဟုတ်ဘဲ လူပုဂ္ဂိုလ် ပါဝင်၍ ဩဝါဒခံယူခြင်း၊ထိုဩဝါဒခံယူပွဲကို နိုင်ငံတော်၏ပိုင်ဖြစ်သော မြန်မာရုပ်မြင်သံကြား (MRTV)မှ တရားဝင် ထုတ်လွှွင့်ကြေညာခဲ့ခြင်းတို့ကို နိုင်ငံနှင့်အဝှမ်း သိရှိပြီး ဖြစ်ပါသည်။ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ (၂၀၁၄ ခုနှစ်၊ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ၃၁။)၁၃၇၆ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်(၂၀၁၄ ခုနှစ်၊ဇူလိုင်လ ၁၈ရက်) ပြည်ထောင်စုလွှတ်တော်မှ ပြဌာန်းလိုက်သည့် ဥပဒေတွင် အသင်းအဖွဲ့များအနေဖြင့် မှတ်ပုံမတင်လျှင် ပြစ်မှုပြစ်ဒဏ်ထိုက်သော ပြဌာန်းချက် တစ်စုံတစ်ရာမျှ ပါဝင်ခြင်းမရှိသည့်အတွက် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ)အဖွဲ့ကြီးသည် အဆိုပါ ဥပဒေပါ ပြဌာန်းချက်များနှင့် ဆန့်ကျင်ခြင်းမရှိသည့် အဖွဲ့ကြီး ဖြစ်ပါသည်။ ၃။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း (၈) နိုင်ငံသား၊နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ အခန်း ပုဒ်မ(၃၅၄)တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး တရားဥပဒေစိုးမိုးရေး၊ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာပြဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည်။ (က) မိမိယုံကြည်ချက်၊ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်ပြောဆိုခွင့်၊ရေးသားဖြန့်ဝေခွင့် (ခ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊စီတန်းလှည့်လည်ခွင့် (ဂ) တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုးအချင်းချင်းကိုလည်းကောင်း၊အခြားဘာသာသာသနာကိုလည်း ကောင်း ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြက်နိုးသည့်စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာ သာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာဆောင်ရွက်ပိုင်ခွင့်ဟု အတိအလင်း ပြဌာန်းထားသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ(2008)ခုနှစ်ပါ ဖွဲ့စည်းခွင့်ျနှင့်အညီ ဖွဲ့စည်း သော အဖွဲ့ဖြစ်သည့်အပြင် ဤပြဌာန်းချက်ပါ ကန့်သက်ချက်ဖြစ်သည့် နိုင်ငံတော်လုံခြုံရေး တရားဥပဒေစိုးမိုးရေး ရပ်ရွာအေးချမ်းသာယာရေး (သို့မဟုတ်) ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်းထားသည့် ဥပေဒေများနှင့်ဆန့်ကျင်းကြောင်း မည်သည့်ပုဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂိုလ် မည့်သည့်အဖွဲ့အစည်း ကမျှ တရားဝင်တင်ပြ စွတ်စွဲမှုမရှိခဲ့ပါ။ ၄။ ၄င်းအခန်း(၈)ပုဒ်မ (၃၈၃)ဖြင့် တာဝန်ပေးထားသည်မှာ- နုင်ငံသားတိုင်းသည် အောက်ပါတို့ကို စောင့်ထိန်းရန်တာဝန်ရှိသည်။ (က)ပြည်ထောင်စုမပြိုကွဲရေး (ခ)တို်င်းရင်းသားစည့်လုံး ညီညွတ်မှုမပြိုကွဲရေး (ဂ)အချုပ်အခြာအာဏာ တည်တံ့ခို်င်မြဲရေး ဟုတာဝန်ပေးအပ်ထားသည့်အတိုင်း အမျိုးဘာသာ သာသနာကိုစောင့်ရှောက်ရေး(မဘသ)အဖွဲ့ကြီးအနေနှင့် တိုင်းဒေသကြီးအသီးသီး၊ မြို့နယ် အသီးသီးတို့၌ဖွဲ့စည်း၍ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို နိုင်ငံတော်က တာဝန်ပေးအပ်ထားသည့်အတိုင်းစွမ်းနိုင်သည့်ဘက်မှ လုပ်ဆောင်၍ နိုင်ငံတော်ကြီးကို အလုပ်အကျွေးပြုနေသော အဖွဲ့အစည်း ဖြစ်ပါသည်။ ၅။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး(မဘသ)သည် သံဃာတော်များသီးခြားသက်သက်သာ မဟုတ်ပါဘဲ လူပုဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂိုလ်များနှင့်ပါ ရောနှော ဖွဲ့စည်းထားသော အသင်းအဖွဲ့ကြီး ဖြစ်ခြင်းကြောင့် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း အခန်း(၂)အပိုဒ်(၅။*)အရနှင့် ညွှန်ကြားလွှာ အမှက်(၈၁)အခန်း(၂)အပိုဒ်(၄)တို့အရ သံဃာ့အဖွဲ့အစည်းမှ ကင်းပျက်သည်မဟုပ်သောကြောင့် သံဃာ့အဖွဲ့အစည်းခြေခံစည်းမျဉ်းများနှင့် လုံးဝ ငြိစွန်းမှုမရှိသည့် အဖွဲ့အစည်းဖြစ်ပါသည် ၆။ သို့ဖြစ်ပါ၍ နိုင်ငံတော် သံဃမဟာယနကအဖွဲ့၏ စာအမှက်။ ၀၆၂/၄၇-၁၂/၅/သာ-မ ဟ န၊၁၃၇၉ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက် (၂၀၁၇ ခုနှစ် မေလ ၂၃ ရက်) ရက်စွဲပါ ထုပ်ပြန်ကြေငြာချက်သည် မှာယွင်းကြောင်း၊ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ (မ ဘ သ) သည် အခန်း(၈)နိုင်ငံသား၊ူ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ အခန်းမှ ပုဒ်မ(၃၅၄။(ဂ) )အရတရားဝင်သော အသင်းအဖွဲ့ဖြစ်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)ပုဒ်မ(၃၈၃။)အရ နိုင်ငံသားတို့ကို နိုင်ငံတော်မှ တာဝန်ပေးအပ်ထားသည့်အတိုင်း ဆောင်ရွက်နေသော အဖွဲ့ အစည်းဖြစ်သည့်အပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရှိ တည်ဆဲတရားဥပဒေများနှင့် ဆန့်ကျင်ခြင်းမရှိသည့်အတွက်ဆက်လက်ရပ်တည် ခွင့်ရှိသည့်အဖွဲ့အစည်းဖြစ်ကြောင်း အထောက်အထားများဖြင့် တင်ပြအပ်ပါသည်။ မှက်ချက်။ ။အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(မန်း မ ဘ သ)ဆောင်ရွက်ချက် မှက်တမ်းများကို ပူးတွဲတင်ပြပါသည်။
Source : http://ift.tt/2vxezzs
via IFTTT

No comments:

Post a Comment