Thursday, July 20, 2017


မွန်အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦး အပါအဝင် ဗဟိုကော်မတီ ခြောက်ဦးအား ပါတီဝင်အဖြစ်မှ ရပ်စဲ --- မွန်အမျိုးသားပါတီမှ ရေးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စာလှယ် ဒေါက်တာမင်းစိုးလင်း အပါအဝင် ဗဟိုကော်မတီဝင် ခြောက်ဦးအား ပါတီဝင်အဖြစ်မှ ရပ်စဲခဲ့ကြောင်း မွန်အမျိုးသားပါတီ၏ အတွင်းရေးမှူးအဖွဲ့ဝင် ဦးနိုင်စိုးမြင့်က The Ladies News သို့ ပြောကြားသည်။ ဇူလိုင်လ ၁၈ ရက် ရက်စွဲဖြင့် မွန်ပြည်နယ်၊ ရေးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ ဒေါက်တာမင်းစိုးလင်း အပါအဝင် ဗဟိုကော်မတီဝင်များ ဖြစ်သည့် ဦးနိုင်သောင်းရွှေ၊ ဦးအမ်ချမ်းမွန်၊ ဦးနိုင်ဝင်းတင်၊ ဦးနိုင်ငွေ၊ ဒေါ်မိုးမိုးအေး တို့ကို မွန်အမျိုးသားပါတီ၏ ပါတီဝင်အဖြစ်မှ ရပ်စဲကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ၄င်းတို့အား ပါတီမှ ထုတ်ပယ်ရခြင်းသည် ပါတီနှင့် တစ်နှစ်ကျော် ကင်းကွာနေခြင်းကြောင့် ဖြစ်သည်ဟု ဦးနိုင်စိုးမြင့်က ပြေကြာသည်။ `အဲဒီပုဂ္ဂိုလ်တွေကို ဗဟိုကော်မတီ အစည်းအဝေးတွေ၊ CEC အစည်း အဝေးတွေ တက်ဖို့ ဖိတ်တယ်။ သူတို့ မလာကြဘူး။ တစ်နှစ်ပြည့်တဲ့ အချိန်ဆိုတော့ အချိန်က တော်တော်လေးများပြီ။ နောက်ဆုံး မေလ ၁၃ ရက်နေ့ ဗဟိုကော်မတီ အစည်းအဝေးမှာလည်း ပြန်ပြီးတော့ ညှိနှိုင်း တယ်။ သူတို့ကို နောက်ထပ် ရက် ၆၀ အချိန်ပေးဖို့၊ ပြီးတော့ ပြန်ပြီး ဖိတ်ခေါ်ဖို့၊ ဖိတ်ခေါ်တဲ့ နေရာမှာလည်း ဒေါက်တာမြင့်ကြည်ဝင်း မုဒုံမြို့နယ် မဲဆန္ဒနယ်က လွှတ်တော် ကိုယ်စားလှယ် သူ့ကို တာဝန်ပေး တယ်။ ရက်ပေါင်း ၆၀ ကျော်လာတယ်။ သူတို့ဘက်က ဘာမှ တုန့်ပြန်မှု မရဘူး၊ လက်ကမ်းမှု မရှိတဲ့အတွက် သူတို့ကို ပါတီဝင်အဖြစ်က ရပ်နားခွင့် ပေးလိုက်တာပါ´ ဟု ၄င်းက ပြောကြားသည်။ မွန်အမျိုးသားပါတီသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် မွန်ပြည်နယ် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားလွှတ်တော် တစ်နေရာနှင့် ပြည်နယ် လွှတ်တော် နှစ်နေရာ အနိုင်ရရှိခဲ့သည်။ အောင်ရဲနောင် Photo - မွန်အမျိုးသားပါတီ page The Ladies News http://ift.tt/2uCCwbw
Source : http://ift.tt/2uCCwbw
via IFTTT

No comments:

Post a Comment