Thursday, July 20, 2017

7Day News Journal

လာမည့်နှစ်တွင် မင်းဘူးစီမံကိန်းမှ ဆိုလာစနစ်ဖြင့် ပထမအဆင့် မဂ္ဂါဝပ် ၄၀ စတင် ထုတ်လုပ်မည် နိုင်ငံအတွင်း ဆို လာစနစ်စီမံကိန်းသုံးခုကို ဆောင်ရွက်နေရာ မင်းဘူးစီမံကိန်းမှ လာ မည့်နှစ် ဇူလိုင်တွင် လျှပ်စစ်စတင် ထုတ်လုပ်မည်ဖြစ်ကာ ပထမအ ဆင့်အဖြစ် မဂ္ဂါဝပ် ၄၀ စတင် ထုတ်လုပ်မည်ဟု လျှပ်စစ်ဓာတ် အားထုတ်လုပ်ရေးလုပ်ငန်း ပြည့် ဖြိုးမြဲနှင့် ရေအားစက်ရုံများဌာနမှ အင်ဂျင်နီယာချုပ် ဒေါက်တာ မောင်မောင်ကျော်ကပြောသည်။ မင်းဘူးတွင် ဆိုလာစနစ်သုံး ထုတ်လုပ်မည့် မဂ္ဂါဝပ် ၁၇၀ ကို အဆင့်လေးဆင့်ဖြင့် လျာထား ဆောင်ရွက်မည်ဖြစ်သည်။ ‘‘တစ်နှစ်ခြား၊ တစ်နှစ်ခြားမှာ လေးဆယ်၊ လေးဆယ်နဲ့ နောက်ဆုံးနှစ်မှာ ၅၀ အဆင့်လေးဆင့်နဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်’’ဟု ဒေါက်တာမောင်မောင် ကျော်ကပြောသည်။ ဆိုလာစနစ်သုံး စီမံကိန်းနှစ် ခုကို ဝမ်းတွင်းနှင့် မြင်းခြံမြို့တို့တွင်လည်း ဆက်လက်ဆောင် ရွက်မည်ဖြစ်ကာ စီမံကိန်းတစ်ခု လျှင် မဂ္ဂါဝပ် ၁၅၀ ထွက်ရှိမည်ဟု ဆိုသည်။ နိုင်ငံအတွင်း ရေအားမှ ထုတ်ယူရရှိသည့် လျှပ်စစ်ဓာတ် အားများကို အဓိကသုံးစွဲနေပြီး ကျောက်မီးသွေးနှင့် ဆိုလာစနစ် ကိုလည်း ဆောင်ရွက်နေကာ အ ခြား ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်ပူးပေါင်း လုပ်ဆောင်မှုများရှိ ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန် ကြီးဌာနမှ သိရသည်။ လက်ရှိတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် မြန်မာ တစ်နိုင်ငံလုံး မီးလင်းရေး ၂၀၃၀စီမံချက်ဖြင့် ဆောင်ရွက်နေသည်။ ‘‘၂၀၃၀ မှာ မီးလင်းဖို့ စီမံ ချက်တွေ ဆွဲထားတယ်။ World Bank တို့ ADB တို့ရဲ့ အကူအညီ နဲ့ ဆောင်ရွက်တာရှိသလို ဒေသ ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း တွေကလည်း ဆောင်ရွက်မယ့် အစီအစဉ်တွေလည်း ရှိပါတယ်’’ ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာ န အမြဲတမ်းအတွင်းဝန် ဦးဌေး အောင်က ပြောသည်။ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ပြီးခဲ့သည့်နှစ်က မီးလင်းပြီး အိမ်ထောင်စု ၃၄ ရာခိုင်နှုန်းခန့်ရှိကာ ယခုနှစ်မေလအထိ ကောက်ယူထားသော စာရင်းများအရ ၃၈ ရာခိုင်နှုန်းခန့်ရှိကြောင်း ဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတွင် လက်ရှိ လျှပ်စစ်မီးမရရှိသေးသည့် အိမ် ထောင်စုပေါင်း ၇ ဒသမ ၂ သန်း ကျော်ရှိပြီး ၎င်းတို့အတွက် လျှပ် စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် ကန်ဒေါ်လာ အနည်းဆုံး ၅ ဒသမ၈ ဘီလီယံ လိုအပ်မည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက တွက်ချက်ထားသည်။ ထို့အပြင် ၂၀၃၀ တွင် တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် မီး လင်းရေးဆောင်ရွက်နေမှု စီမံ ချက်သည် ယခုအစိုးရသက်တမ်း ငါးနှစ်အတွင်း တစ်နှစ်လျှင် ၃ ရာ ခိုင်နှုန်းခန့် တိုးတက်မည်ဟု ဝန် ကြီးဌာနက ခန့်မှန်းထားသည်။
Source : http://ift.tt/2tJwEZu
via IFTTT

No comments:

Post a Comment