လက်စ်တာစီးတီး ဘောလုံးအသင်းပိုင်ရှင်အား အခွန်ရှောင်မှုဖြင့် ထိုင်းခြစားမှု တိုက်ဖျက်ရေး တာဝန်ရှိသူက တရားစွဲမည် လက်စ်တာစီးတီး ကလပ်အား ပိုင်ဆိုင်သော အခွန်လွတ်ဆိုင် လုပ်ငန်းကြီး King Power သည် အခွန် အပြည့်အ၀ ဆောင်ခဲ့ခြင်း မရှိဟု စွပ်စွဲချက်ဖြင့် ယင်းပိုင်ရှင်အား တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ထိုင်းအကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး တာဝန်ရှိသူ တစ်ဦးက ဇူလိုင် ၁၄ ရက်တွင် ပြောကြားခဲ့သည်။ King Power သည် ထိုင်းလေဆိပ်များတွင် လုပ်ငန်းများ လည်ပတ်ရန် ၂၀၀၆ ခုနှစ်၌ ရရှိခဲ့သော သဘောတူညီချက်အရ အခွန် ၁၅ ရာခိုင်နှုန်း ပေးဆောင်ရမှုအား ရှောင်လွှဲရန်အတွက် ဝင်ငွေရရှိမှုကို လျှော့ပေါ့ကြေညာခဲ့ကြောင်း ထိုင်းစစ်အစိုးရက ခန့်အပ်ထားသည့် ခြစားမှု တိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင် ချားချိုင်းအက်ဆာရာဆင်နာရက်က စွပ်စွဲခဲ့ခြင်း ဖြစ်သည်။ ယင်းသဘောတူညီချက်အရ ပထမ ငါးနှစ်အတွင်း King Power သည် ဝင်ငွေ ၁၅ ရာခိုင်နှုန်းအား အစိုးရနှင့် မျှဝေခံစားရမည်ဖြစ်ကြောင်း ချားချိုင်းက ပြောကြားခဲ့သည်။ သို့သော် King Power သည် ယင်းပမာဏ မပေးဆောင်ရစေရန်အတွက် စီးပွားရေး ကျဆင်းနေသည့် အခြေအနေများကို ထောက်ပြလျက် ၂၀၀၈ ခုနှစ်မှစ၍ ဝင်ငွေကြေညာမှုများအား တရားမဝင် သိသိသာသာ လျှော့ချခဲ့ကြောင်း ၎င်းက စွပ်စွဲခဲ့သည်။ ယင်းအတွက်ကြောင့် ထိခိုက်နစ်နာမှုအတွက် ဘတ် ၁၀ ဘီလျံ (ဒေါ်လာသန်း ၃၀၀) ရလိုမှုဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ချားချိုင်းက သတင်းထောက်များကို ပြောကြားခဲ့သည်။ Advertisement 00:00 / 00:30 00:00 ယခုနောက်ဆုံး တရားစွဲဆိုမည့် စာရင်းတွင် King Power ထူထောင်သူ ဘီလျံနာ ဗီချိုင်းဆရီဗက်ဟန်နာပရာဘာလည်း ပါဝင်မည်ဖြစ်ကြောင်း ချားချိုင်းက အတည်ပြုခဲ့သည်။ ၂၀၀၆ ခုနှစ် သဘောတူညီချက်အရ နှစ်စဉ်ဝင်ငွေ၏ ၁၅ ရာခိုင်နှုန်း ပေးဆောင်ရမည့်အစား သုံးရာခိုင်နှုန်းသာ ပေးဆောင်ရစေရန်အတွက် လိမ်လည်ပေါင်းကြံခဲ့သည့် ထိုင်းလေဆိပ် အာဏာပိုင်အဖွဲ့ (AOT) နှင့် အကောက်ခွန်မှ တာဝန်ရှိသူ ၁၄ ဦးအပြင် King Power ကုမ္ပဏီ အမှုဆောင်များကိုလည်း ချားချိုင်းက အစောပိုင်းတွင် တရားစွဲခဲ့ပြီး ဖြစ်သည်။ ယင်းကဲ့သို့ ပေါင်းကြံမှုကြောင့် နိုင်ငံတော်အတွက် ဘတ် ၁၄ ဘီလျံ (ဒေါ်လာ ၃၁၉ သန်း)ခန့် နစ်နာခဲ့ကြောင်း၊ ယင်းအတွက်ကြောင့် အဆိုပါ ကုမ္ပဏီထံမှ ယင်းငွေပမာဏနှင့် ညီမျှသော ငွေသား သို့မဟုတ် ပိုင်ဆိုင်မှုများအား သိမ်းယူရန် တရားရုံးထံ တောင်းဆိုခဲ့ကြောင်း ချားချိုင်းက ပြောကြားခဲ့သည်။ ပြစ်မှုဆိုင်ရာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး တရားရုံးက ယင်းအမှုများအား လက်ခံ၊ မခံအား လာမည့်ရက်များတွင် ဆုံးဖြတ်ချက်ချမည်ဖြစ်သည်။ AOT ကမူ မည်သည့်အမှားအယွင်းမျှ မကျူးလွန်ခဲ့ကြောင်း ငြင်းဆိုခဲ့သည်။ ပိုလိုအားကစား နှစ်သက်သော ဗီချိုင်းသည် နာမည်ကျော်များနှင့် ထိုင်းနိုင်ငံရှိ အလွန်အမင်း ချမ်းသာသည့် အလွှာများနှင့် မကြာခဏ ရောနှောလေ့ရှိပြီး ၎င်းပိုင်ဆိုင်သော လက်စ်တာစီးတီး အသင်းသည် ၂၀၁၆ ခုနှစ်တွင် အင်္ဂလန် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ဗိုလ်စွဲခဲ့ပြီးနောက် ၎င်း၏ဂုဏ်သတင်း ပိုကြီးလာခဲ့သည်။ ဘန်ကောက်တွင် ဆိုင်တစ်ဆိုင်တည်းဖြင့် စတင်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် King Power ကို တည်ထောင်ခဲ့ပြီး နောက်ပိုင်း ယခုအခါ ဗီချိုင်း၏ ကြွယ်ဝမှုသည် ဒေါ်လာ ၂ ဒသမ ၉ ဘီလျံအထိ ရှိနိုင်သည်ဟု ခန့်မှန်းထားကြသည်။ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ရာထူးမှ ဖယ်ရှားခံခဲ့ရအပြီး တစ်နှစ်အကြာ ၂၀၀၇ ခုနှစ်တွင် ဗီချိုင်းသည် ၎င်း၏ လက်ဝါးကြီး အုပ်ထားမှုအား ဖြိုခွင်းရန် တရားရေး ကြိုးပမ်းမှုများကို ရှင်းနိုင်ခဲ့သည်။ သူသည် ယခုအခါ တော်ဝင်ကို သစ္စာခံနေသူ ဖြစ်သည်။
Source : http://ift.tt/2tasWwG
via IFTTT
No comments:
Post a Comment