Friday, July 14, 2017

Eleven Broadcasting

ဇူလိုင်လ ၁၄ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် (ည ၈ နာရီ တိုက်ရိုက် ထုတ်လွှင့်မှု) ■ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် တွေ့ဆုံ ■ ယာဉ်မတော်တဆမှုကြောင့် ခြေသလုံးအရိုးကျိုးဒဏ်ရာ ရထားသော ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိပြီး ဆေးကုသမှု ခံယူ ■ ရွှေလင်ဗန်းစက်မှုဇုန်ရှိ Force ဖိနစ်စက်ရုံ လုပ်သားရာချီ လစာကိစ္စ အပါအဝင် တောင်းဆိုချက် ၂၅ ချက်ဖြင့် ဆန္ဒပြ တောင်းဆို ■ အဘွားအိုတစ်ဦးတည်း ရှိနေချိန် စည်ပင်အကြီးတန်းစာရေး တစ်ဦးက နေအိမ်အတွင်း ဝင်ရောက်ပြီး ရွှေထည်များ လုယူမှု တောင်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွား ■ မြောက်ဒဂုံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် YBS ယာဉ်မတော်တဆမှုမှ ယာဉ်မောင်း လာရောက်အဖမ်းခံ ■ ဦးကိုနီ လုပ်ကြံခံရမှု ၁၅ ကြိမ်မြောက် ရုံးချိန်းတွင် တရားလိုပြ သက်သေအဖြစ် သေနတ်သမားကို ဖမ်းဆီးစဉ် ပါဝင်ခဲ့သည့် ရဲတပ်သားနှစ်ဦးကို စစ်ဆေး ■ တရုတ်လေယာဉ်တင် သင်္ဘောကြီး လျောင်နင်းဦးဆောင်သည့် စစ်သင်္ဘောအုပ်စု စစ်ရေးလေ့ကျင်မှုများ ပြုလုပ်ခဲ့ ■ ဂျေရုဆလင်မြို့ရှိ ဘာသာရေး အထွတ်အမြတ် နေရာတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် အစ္စရေး ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံး ■ မက္ကဆီကိုတွင် ပါတီပွဲတစ်ခုအတွင်း မျက်နှာဖုံးစွပ် အမျိုးသားတစ်စု ရောက်ရှိလာကာ လူ ၁၁ ဦးကို သတ်ဖြတ် ■ စင်ကာပူနိုင်ငံတွင် ဆောက်လုပ်ဆဲ အဝေးပြေးလမ်းတံတားတစ်ခု ပြိုကျမှုကြောင့် လူတစ်ဦး သေဆုံး ■ မလေးရှားလူမျိုး မူးယစ်ဆေးဝါးမှောင်ခိုကူးသူ တစ်ဦးကို စင်ကာပူက ကြိုးပေးကွပ်မျက် ■ လန်ဒန်မြို့တော်တွင် တစ်နေ့တာအတွင်း အက်ဆစ်နှင့်ပက်ပြီး တိုက်ခိုက်သည့်အမှု ငါးခု ဖြစ်ပွားခဲ့
Source : http://ift.tt/2umBxvO
via IFTTT

No comments:

Post a Comment