Monday, July 24, 2017

Eleven Media Group

အရှေ့တောင်အာရှမှ အွန်လိုင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း Grab က ဘဏ္ဍာရေး မ,တည်ငွေ ဒေါ်လာ ၂ ဒသမ ၅ ဘီလျံ ထပ်မံ ရှာဖွေနိုင်ရန် မျှော်လင့် အရှေ့တောင်အာရှမှ အွန်လိုင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း Grab က ဘဏ္ဍာရေး မ,တည်ငွေ ဒေါ်လာ ၂ ဒသမ ၅ ဘီလျံခန့် ရှာဖွေနိုင်ရန် မျှော်လင့်ထားကြောင်း ဇူလိုင် ၂၄ တွင် ပြောကြားခဲ့သည်။ ပြိုင်ဘက် Uber နှင့် ဒေသတွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်နေရစဉ် Grab က တရုတ်ကုမ္ပဏီ Didi Chuxing နှင့် ဂျပန်ကုမ္ပဏီ Softbank တို့ထံမှ ဒေါ်လာနှစ်ဘီလျံနှင့် ကျန်ရင်းနှီး မြှုပ်နှံသူများထံမှ ဒေါ်လာသန်း ၅၀၀ ကို ရရှိမည်ဖြစ်သည်။ Didi သည် တရုတ်အွန်လိုင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းဖြစ်ပြီး Soft-bank သည် ဂျပန်၏ ဧရာမ မိုဘိုင်းဆက်သွယ်ရေး လုပ်ငန်းကြီးဖြစ်သည်။ Didi နှင့် Soft-bank တို့သည် Grab တွင် ရင်းနှီးမြှုပ်နှံထားခဲ့ပြီး ဖြစ်သည်။ စင်ကာပူအခြေစိုက် Grab က အရှေ့တောင်အာရှတွင် ဘဏ္ဍာရေးခိုင်မာမှု အရှိဆုံးကုမ္ပဏီ ဖြစ်လာခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အွန်လိုင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် ဦးဆောင်နေမှုအား ဆက်လက် ထိန်းသိမ်းထားရန် ယင်းဘဏ္ဍာငွေများကို အသုံးပြုသွားမည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် GrabPay ဟု အမည်ပေးထားသည့် မိုဘိုင်း ငွေပေးငွေချေစနစ် တစ်ခုအတွက်လည်း ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်သွားမည်ဟု Grab က ပြောကြားခဲ့သည်။ Grab သည် အွန်လိုင်း အငှားယာဉ်လုပ်ငန်းကို အရှေ့တောင်အာရှ၌ ဈေးကွက်ဝေစု ၉၅ ရာခိုင်နှုန်း ရရှိထားပြီး ပြိုင်ဘက် Uber ကို အပြတ်အသတ် အသာစီး ရယူထားသည်။ Grab သည် ပုဂ္ဂလိက ကားငှားလုပ်ငန်း၊ အငှားယာဉ်လုပ်ငန်း၊ အငှားဆိုင်ကယ် လုပ်ငန်းတို့ကို အရှေ့တောင်အာရှ ခုနစ်နိုင်ငံ၌ ဆောင်ရွက်နေသည်။ အရှေ့တောင်အာရှတွင် မြို့ ၆၅ မြို့၌ လည်ပတ်နေသော Grab သည် လူဦးရေ သန်း ၆၅၀ ရှိသော ဈေးကွက်၌ Uber ထက် သာလွန်နေသည်။ ဈေးကွက်ရပ်တည်မှု၊ နည်းပညာ အဆင့်မြင့်မားမှုနှင့် ဒေသအကြောင်း ထိုးထွင်းနားလည်မှုတို့ကြောင့် Grab သည် အရှေ့တောင်အာရှ၌ အင်တာနက်အခြေပြု စီးပွားရေးတွင် သိသိသာသာ သာလွန်ကြောင်း Didi ၏ အမှုဆောင်ချုပ် ချန်ဝေက ပြောကြားခဲ့သည်။ Softbank ၏ အမှုဆောင်ချုပ် မာဆာ ယိုရှီဆန်က Grab သည် အလားအလာကောင်းသော အရှေ့တောင်အာရှဒေသတွင် စိတ်လှုပ်ရှားစရာ ကောင်းသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၂၀၁၂ ခုနှစ်က မလေးရှားတွင် တည်ထောင်ခဲ့သော Grab သည် အရှေ့တောင်အာရှတွင် အထင်ရှားဆုံး အွန်လိုင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းဖြစ်ပြီး နေ့စဉ် ခရီးသုံးသန်းနီးပါးကို ပို့ဆောင်ပေးနေသော လုပ်ငန်း ဖြစ်သည်။ Grab သည် ယခုနှစ်အစောပိုင်းက အင်ဒိုနီးရှား အွန်လိုင်း ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း Kudo ကို ဒေါ်လာသန်း ၇၀၀ ဖြင့် ဝယ်ယူခဲ့သည်။
Source : http://ift.tt/2uR0Oyr
via IFTTT

No comments:

Post a Comment