မြန်မာ-ဂျပန်အသင်း၏ ပညာရည်ထူးချွန်ဆု ဂျပန်နိုင်ငံလေ့လာရေး အစီအစဉ် အဆိုပြုလွှာ တင်သွင်းခွင့်အမှတ် သတ်မှတ်ထုတ်ပြန် ရန်ကုန် ဇူလိုင် ၆ မြန်မာ-ဂျပန်အသင်း၏ ပညာရည်ထူးချွန်ဆု၊ ဂျပန်နိုင်ငံ လေ့လာရေးအစီအစဉ် ၂ဝ၁၇ အတွက် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး၌ သိပ္ပံဘာသာတွဲဖြင့် အမှတ်အများဆုံးရရှိသူ ၂၅ ဦးနှင့် ဝိဇ္ဇာ/ဝိပ္ပံဘာသာတွဲဖြင့် အမှတ်အများဆုံးရရှိသူ ၂၅ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ (နေပြည်တော်ကောင်စီအပါအဝင်) တစ်ခုချင်းအလိုက် အမှတ်အများဆုံးရရှိသူ ၁၈ ဦး စုစုပေါင်း ၆၈ ဦးနှင့် YUFL သတ်မှတ်အတန်းများမှ ပဏာမအဆင့်ရွေး ချယ်မှုတွင် အောင်မြင်သူ ၆ဝ စုစုပေါင်း ၁၂၈ ဦးသည် အဆိုပြုလွှာ တင်သွင်း ခွင့်ရှိကြောင်း အသိပေးကြေညာခဲ့ပြီးဖြစ်သည်။ သိပ္ပံဘာသာတွဲအတွက် စုစုပေါင်းအမှတ် ၅၄၇ မှတ်နှင့်အထက် ရရှိသူများ၊ ဝိဇ္ဇာ/ဝိပ္ပံဘာသာတွဲအတွက် စုစုပေါင်း အမှတ် ၄၉၂ မှတ်နှင့်အထက် ရရှိသူများနှင့် တိုင်းဒေသကြီး/ပြည်နယ်များ တစ်ခုချင်းအလိုက် အမှတ်အများ ဆုံး ရရှိသူ တစ်ဦးစီသာလျှင် အဆိုပြုလွှာ တင်သွင်းခွင့်ရှိကြောင်းနှင့် အဆိုပြုလွှာများကို မြန်မာ-ဂျပန်အသင်း Central Tower: အမှတ် (၇၉-၈၁) ပထမထပ် အခန်း (၁ဝ၂) အနော်ရထာလမ်း ကျောက်တံတားမြို့နယ် ရန်ကုန်မြို့ ဖုန်း- ဝ၁-၂၅၆ဝ၇၄၊ ၂၅၆ဝ၇၅၊ ၃၉၂၉၉၄၊ ဝ၉-၄၂၁၁၆၂၃၁ တို့တွင် ဆက်သွယ်၍ အခမဲ့ရယူနိုင်ပြီး ဇူလိုင် ၃၁ ရက် နောက်ဆုံးထား၍ လျှောက်ထားရန်ဖြစ်သည်။ အဆိုပြုလွှာတင်သွင်းခွင့် ရရှိသူများအနက်မှ ရေးဖြေစာမေးပွဲနှင့် လူတွေ့ စစ်ဆေးမှု ရရှိမည့်သူများနှင့်စပ်လျဉ်း၍ ၂ဝ၁၇ ခုနှစ် ဩဂုတ် ၁၅ ရက်မတိုင်မီ သက်ဆိုင်သူများထံ ဆက်သွယ်အကြောင်းကြားမည်ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)
Source : http://ift.tt/2tXH0tx
via IFTTT
No comments:
Post a Comment