Thursday, July 6, 2017

7Day News Journal

ပျော်ရွှင်စရာ အချစ်ရေး ပိုင်ဆိုင်ထားတဲ့ မထက် လက်ရှိတွင် ပျော်ရွှင်စ ရာကောင်းသည့် အချစ်ရေး ပိုင် ဆိုင်ထားကာ ချစ်သူသက်တမ်း သုံးနှစ်ကျော်ပြီဖြစ်ကြောင်း မိတ် ကပ် မထက် (pop soul) က ပြော ကြားသည်။ ‘‘အစ်မရည်းစားရှိတယ်။ ရည်းစားသက်တမ်း သုံးနှစ်ကျော် ပြီ။ အစ်မတို့ ပုံမှန်ပဲသွားလာလှုပ် ရှားတယ်။ ဝှက်ထားတာတော့ မ ဟုတ်ဘူး။ ဓာတ်ပုံပဲမတင်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ အစ်မတို့ နှစ်ဖက်မိဘအသိုင်းအဝိုင်း ရှိ တယ်လေ။ မိဘက လက်ခံနိုင်ပေ မယ့် ပတ်ဝန်းကျင်ဆိုတာရှိသေး တယ်လေ။ အစ်မက သူ့မိဘအ သိုင်းအဝိုင်းကိုလည်း Respect ရှိရမယ်။ အစ်မဖြစ်ချင်တာတွေ ကြီးကိုပဲ စွတ်လုပ်လို့မရဘူး။ သူ ကလည်း လူကြီးတစ်ယောက်ဆို တော့ လုပ်ငန်းခွင်ရှိတဲ့အတွက် သူလက်ခံနိုင်ပေမယ့် လက်မခံနိုင် တဲ့သူတွေလည်း ရှိကောင်းရှိမယ်။ သူ့အတွက်လည်း ငဲ့တဲ့အနေနဲ့ အစ်မပုံတွေ ဘာတွေ မတင်ဘူး။ အစ်မစိတ်ကူးယဉ်ထားတဲ့ ရည်း စားမျိုးတော့မဟုတ်ပေမယ့် အစ် မလိုချင်တဲ့၊ အစ်မကိုဦးဆောင်နိုင် တဲ့ ယောကျာ်းကောင်းတစ် ယောက်ဖြစ်တဲ့အပြင် အစ်မကို လက်ခံနိုင်တဲ့အပေါ်မှာလည်း အ ရမ်းကျေးဇူးတင်တယ်’’ဟု ၎င်းက ပြောသည်။ ချစ်သူသည် ၎င်းထက် အ သက်ငါးနှစ်နီးပါး ငယ်သော် လည်း အားကိုးရသည့်အပြင် အ လုပ်လုပ်တတ်သော အမျိုးသား ဖြစ်သောကြောင့် ရွေးချယ်ခြင်း ဖြစ်ကြောင်း မထက်က ပြော သည်။ အနုပညာနှင့်ဆက်စပ်သည့် အလုပ်များကို ဝါသနာပါသော် လည်း အဆင်မပြေဖြစ်မည်ကို စိတ်ပူသောကြောင့် ကမ်းလှမ်း ထားသည့်ဇာတ်ကားရိုက်ကူးမှုကို စဉ်းစားနေကြောင်း ၎င်းက ပြော သည်။ ‘‘အစ်မ ဓာတ်ပုံတော့ အ ပျော်ရိုက်ဖြစ်တယ်။ မော်လ်ဒယ် တစ်ယောက်လုပ်လို့ရတဲ့ အနေ အထားလည်း မဟုတ်တော့လေ။ အသက်ကလည်း (၃၅)နှစ်ဆို တော့ ဒါတွေက လိမ်လို့လည်းမရ ဘူး။ ငယ်ရွယ်နုပျိုတဲ့အရွယ် မ ဟုတ်တော့ဘူး။ အဲဒါကြောင့် မော်လ်ဒယ်ဘက်တော့ သွားဖို့မရှိ ဘူး။ အခုက ကိုယ့်ကိုယ်ကိုယ်ယုံ ကြည်မှုမရှိဘူး။ လှတယ်လို့လည်း မခံစားရဘူး။ တဖြည်းဖြည်းအ ရွယ်ကျလာတယ်လို့ ခံစားရတဲ့အ တွက် အစ်မအဲဒီဘက်အပိုင်းကို သိပ်တော့ စိတ်မဝင်စားပါဘူး’’ဟု ဆိုသည်။
Source : http://ift.tt/2stnP6g
via IFTTT

No comments:

Post a Comment