လွှတ်တော်ကို တင်သွင်းတဲ့ နယ်လုံဝန်ကြီး အသစ်ရဲ့ ကိုယ်ရေး အချက်အလက် မပြည့်စုံလို့ လွှတ်တော်မှာ ဝေဖန်ခံရ ရန်ကုန်၊ ဇူလိုင် ၁၀ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကို တင်သွင်းခဲ့တဲ့ နယ်လုံဝန်ကြီး အသစ်ရဲ့ ကိုယ်ရေး အချက်အလက် ဖော်ပြမှုများ ပြည့်စုံမှု မရှိဘူးလို့ ဒီကနေ့ လွှတ်တော်မှာ ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်း လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ဝေဖန်ခဲ့ပါတယ်။ “သူ့ကိုယ် ရေး အကျဉ်းပေးထားတယ် စစ်တက္ကသိုလ် ဘယ်အပတ်စဉ် ဆင်းတယ် ဆိုတာမပါဘူး နောက်တစ်ခါ ဘွဲ့ထူး၊ ဂုဏ်ထူး ။ဓာတ်ပုံကြီးမှာတော့ ပြပြီး ရာထူးတံဆိပ်တွေ၊ ဘွဲ့ထူးဂုဏ်ထူးတွေ။ ကျွန်တော်လည်း တပ်ကလာတာပဲဗျာ သိနေတာပဲ။ ဒီမှာ တပ်ထားပြီး ဟိုမှာ ကျတော့ ဘာမှဖော်ပြမထားဘူး။ ဝန်ကြီးရဲ့ အရည်အချင်းတွေ ကို ကျွန်တော့်မဲဆန္ဒနယ် က ပြည်သူကို ပြည့်ပြည့်စုံစုံလေး ပြန်ပြောချင်တာပေါ့ ။နှစ်ခါရှိပြီ ပထမအကြိမ် တရားသူကြီး ခန့်တုန်းကလဲ မပြည့်စုံလို့ တင်ပြခဲ့တယ်။” လို့ သူကပြောပါတယ်။ ယခင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးကြီး တင်အောင်ထွန်း ရဲ့နေရာမှာ ဗိုလ်မှူးကြီး အောင်စိုးမိုး ကို အစားထိုး လဲလှယ်လိုက်တာဖြစ်ပြီး ဒီကနေ့ပဲ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်တာဖြစ်ပါတယ်။
Source : http://ift.tt/2u2oXCd
via IFTTT
No comments:
Post a Comment